LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Accessories

ရွှေထီးဆောင်းနေဆဲ Collection တွေနဲ့ OMEGA

written by Lush Editor September 11, 2020
ရွှေထီးဆောင်းနေဆဲ Collection တွေနဲ့ OMEGA

Logo တစ်ခုဟာ လူတွေစိတ်ထဲမှာစွဲကျန်နေပြီး ကမ္ဘာကျော်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ ဒါပေမဲ့ Logo တစ်ခုနဲ့ ကမ္ဘာကျော်ခဲ့တဲ့ Omega နာရီကတော့ ကမ္ဘာပေါ်က လူတွေရဲ့စိတ်ထဲ၊ နှလုံးသားထဲမှာ စွဲထင်ခဲ့တာ ခုချိန်ထိပါပဲ။ Omega ကို လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော် မှတ်မှတ်ရရပြောရရင်တော့ 1848 ခုနှစ်က စတင်ခဲ့ပြီးတော့ ကမ္ဘာကျော်နာရီတွေကို ထုတ်လုပ်တဲ့ စက်ရုံတစ်ခုအဖြစ်သာမကဘဲ ဆွစ်ဇာလန်မှာ အကြီးဆုံး နာရီထုတ်လုပ်တဲ့စက်ရုံပါ ဖြစ်ခဲ့ပါတယ်။

Omega ရဲ့ တိကျမှုကို ဗြိတိသျှလေတပ်က အသိအမှတ်ပြု အသုံးပြုခဲ့ပြီးတဲ့နောက် 1917 လောက်ကစပြီး အမေရိကန်စစ်တပ်ကပါ ယုံကြည်သုံးစွဲလာလိုက်တာ ပထမကမ္ဘာစစ်အတွင်းမှာတော့ တရားဝင်အသုံးပြုတဲ့အထိ အောင်မြင်မှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် စစ်တပ်တွေရဲ့ ယုံကြည်မှုနဲ့ အသုံးပြုမှုကိုကြည့်ရင် ကမ္ဘာပေါ်မှာ အဆင့်တစ်အနေနဲ့ ခိုင်မာတဲ့ တိကျမှုတွေနဲ့ ရပ်တည်ခဲ့တယ်ဆိုတာ ထပ်ပြောပြဖို့ မလိုလောက်အောင်ပါပဲ။ Omega ဟာ အဲဒီ အောင်မြင်မှုမှာတင် ရပ်တန့်နေခဲ့သူမဟုတ်ဘဲ 1932 ခုနှစ် ကယ်လ်ဖိုးနီးယား လော့စ်အိန်ဂျယ်လိမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အိုလံပစ်အားကစားမှာ တရားဝင်အချိန်သတ်မှတ်မှုကို Omega နဲ့ပဲ ဆုံးဖြတ်ခဲ့ရတဲ့အထိ အောင်မြင်မှုကိုဆက်လက်သိမ်းပိုက် သယ်ဆောင်လာပြန်ပါတယ်။

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကလည်း Omega ကို ဂုဏ်ယူစွာ ဝတ်ဆင်လာခဲ့ကြတဲ့နေရာမှာ 1995 Golden Eye ရုပ်ရှင်မှာ ဂျိမ်းစဘွန်း မင်းသားက ဝတ်ဆင်ခဲ့တာက အမှတ်ရစရာ အကောင်းဆုံးထဲက တစ်ခုဖြစ်ခဲ့ပါသေးတယ်။ ဒါတင်ဘယ်ကဦးမလဲ အမေရိကန်သမ္မတ John F. Kennedy၊ အိမ်ရှေ့မင်းသား Prince William တို့လို ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေကလည်း Omega ကို ဂုဏ်ယူဖွယ် ရွေးချယ်ဝတ်ဆင်ခဲ့ကြတာကလည်း Omega ရဲ့မှတ်တိုင်စိုက်ထူမှုမှာ အရေးပါခဲ့ပါတယ်။  ကမ္ဘာကျော် ရော့ခ်ဘုရင် Elvis Presley ၊ George Clooney တို့လို အနုပညာဘိုးအေကြီးတွေလည်း Omega ကို ဂုဏ်ယူစွာဝတ်ဆင်ခဲ့သူတွေပဲဆိုတော့ ကမ္ဘာကျော်တွေရဲ့ ယုံကြည်မှုကိုရရှိထားတဲ့ Omega ဆိုတာ အထူးပြောပြနေစရာမလိုတော့ဘူးထင်ပါတယ်နော်။

ပြီးတော့ လက်ရှိမှာ Omega တို့ရဲ့ ဂုဏ်ယူစရာအကောင်းဆုံးသောလုပ်ရပ်လို့တောင်ဆိုနိုင်မယ့် ကဏ္ဍရပ်တစ်ခုမှာ Omega က ပါဝင်ပတ်သက်နေပါတယ်။ အဲဒါကတော့ Orbis International ကို Support လုပ်ပေးနေတဲ့ကိစ္စဖြစ်ပါတယ်။ Orbis ဆိုတာ Flying Eye Hospital ပါ။ ကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ မြန်မာပြည်ကိုလည်း လာရောက်ဖူးပါတယ်။ ကမာ္ဘပေါ်က မဖွံ့ဖြိုးသေးတဲ့ဒေသ၊ သို့မဟုတ် ဝေးလံခေါင်ဖျားဖြစ်တဲ့ဒေသတွေက မျက်စိရောဂါဝေဒနာရှင်တွေအတွက် လေယာဉ်ကိုဆေးရုံဆင်ပြီး ကမာ္ဘအဝှမ်းသို့ အခမဲ့သွားရောက်ကုသပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဆေးရုံဆိုတာ သွားရမှာကြောက်စရာကောင်းတဲ့နေရာတစ်ခုလို့ နားလည်ထားကြပါတယ်။ ဒါ့ကြောင့် အထူးသဖြင့် ကလေးငယ်တွေအတွက် Teddy Bear လေးတွေပေးကာ ကြောက်ရွံ့မှုကိုဖြေဖျောက်ပေးပါတယ်။ ဒါ့အပြင် ဒီ Teddy Bear  လေးတွေဟာ ရောဂါကုထုံးရှင်းပြတဲ့နေရာမှာ အများကြီးအထောက်အကူပြုတာကို တွေ့ရပါတယ်။ Omega တို့မှာ Orbis အတွက် အလှူရှာဖွေတဲ့အစီအစဉ်အနေနဲ့ နာရီ Collection တချို့ကို ထုတ်လုပ်ပြီးရောင်းချနေပါတယ်။ Orbis အတွက် ရည်ရွယ်တဲ့နာရီရဲ့နောက်ကျောဖက်မှာတော့ Teddy Bear ပုံရိုက်ထားပါတယ်။ အဲဒီနာရီရဲ့အကျိုးအမြတ်ကို Orbis အတွက် Omega ကနေ လှူဒါန်းပေးနေတာဖြစ်ပါတယ်။ Teddy Bear အမှတ်အသားပါဝင်တဲ့နာရီကို ဝယ်ယူသူတိုင်းဟာ Orbis ကနေ မျက်စိကျန်းမာရေးချို့ယွင်းနေသူတွေထံကို အလှူကုသိုလ်တစ်ခုပြုလိုက်ပြီးသားလည်းဖြစ်ပါတယ်။

ဆိုတော့ Omega ရဲ့ Collection အချို့အကြောင်းကို  မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ အရင်ဆုံး Omega ရဲ့ Constellation Quartz 35 mm နဲ့ Constellation Omega Co Axial 38 mm တို့ရဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ သူတို့ရဲ့ ထူးခြားမှုလေးတွေကို ကြည့်ရအောင်ပါ။ Constellation Quartz 35 mm ကတော့ Steel   red gold on Steel-red gold ဆိုတဲ့အတိုင်း Case ရော၊ Bracelet ကိုပါ Steel နဲ့ 18K red gold ကိုတွေ့မြင်ရမှာပါ။ ကိုယ်ထည်အချင်း 35 mm ရှိပြီး Features အနေနဲ့ကတော့ Date Display ပါဝင်ပါတယ်။ အဲဒီ Date Display Window ကိုတော့ ၃ နာရီနေရာမှာထားထားပါတယ်။ အကြမ်းခံနိုင်တဲ့ sapphire crystal နဲ့အတူ ငွေရောင်ရဲ့ခမ်းနားမှုကလည်းနှစ်သက်ဖွယ်ကောင်းပါတယ်။ နာရီအမှတ်အသားတွေကို အတွင်းဘက်မှာမထားဘဲ Case ပေါ်က 18K red gold bezel ပေါ်မှာမှ ရောမဂဏန်းတွေကို ရသမြောက်စွာရေးထွင်းထားကတာတော့ Constellation Quartz 35 mm ရဲ့ပရိသတ်အစစ်အမှန်ဖြစ်ဖို့အတွက် သေချာစေနိုင်လောက်တဲ့ အကြောင်းပြချက်တွေပါပဲ။

Constellation Omega Co Axial 38 mm ကတော့ တမူထူးခြားစွာ တည်ငြိမ်တဲ့ရသကို ချက်ခြင်းခံစားမိသွားစေမယ့် အချင်း 38 mm ရှိတဲ့ မီးခိုးရောင် နာရီကိုယ်ထည်နဲ့ အမြင်အာရုံကိုဖမ်းစားထားပါတယ်။ အတွင်းနာရီလက်တံတွေနဲ့ နာရီအညွှန်းပြအမှတ်လေးတွေကို 18K ရှိတဲ့ red gold တွေနဲ့ပုံဖော်ထားပြီး Art Deco ဆန်တဲ့ Pattern တွေနဲ့အသေးစိတ်ပုံဖော်ထားတဲ့ မီးခိုးရောင်မျက်နှာပြင်ကလည်းခန့်ထည်လွန်းလှပါတယ်။ အေးချမ်းတည်ငြိမ်ပြီးခန့်ညားတဲ့ ဒီဇိုင်းကို နှစ်သက်သူတွေအတွက် အကြိုက်ဖြစ်မှာ အသေချာပါပဲ။ ပြီးတော့ အပေါ်က Constellation Quartz 35 mm လိုပဲ နာရီအချက်ပြဂဏန်းတွေကို Case ပေါ်က bezel မှာ ရောမဂဏန်းနဲ့ရေးထွင်းထားပါတယ်။ သူတို့ နှစ်ခုလုံးမှာ တူညီတဲ့အချက်ကတော့ 5 နှစ်အာမခံသက်တမ်းနဲ့ ရေစိုခံနိုင်အား မီတာ 100 (10 Bar) ရှိနေတာပါပဲ။ Constellation Omega Co Axial 38 mm မှာတော့ Movement အတွက် Power ကို OMEGA Co-Axial calibre 8500 နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ထူးခြားတဲ့ ဒီဇိုင်းတွေကို ကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့် modern collection ဒီဇိုင်းတစ်ခုနဲ့လည်း မိတ်ဆက်ပေးပါဦးမယ်။ Omega ရဲ့ Seamaster Diver 300M  ပါပဲ။ သူ့ရဲ့ ထူးခြားချက်ကတော့ နာမည်ကြားရုံနဲ့ ပင်လယ်ပျော်သူတို့အတွက် သီးသန့်ထုတ်ထားတယ်လို့ မှန်းဆလို့ရမယ့် ဒီဇိုင်းဖြစ်နေသလို တကယ်လည်း မီးခိုးရောင် Steel ကိုယ်ထည်မှာ Ocean ရဲ့ ပြယုဂ် အပြာရောင်ကြွေသား Bezel ပေါ်မှာအဖြူရောင်ကြွေသားနဲ့ Diving Scale တွေကိုဖန်တီးပေးထားတဲ့အတွက် Diver တွေရဲ့ရွေးချယ်မှုအတွက် ဦးစားပေးနေရာကို ရောက်နေတဲ့ နာရီတစ်လုံးဆိုလည်း မမှားပါဘူး။ 42mm အချင်းရှိတဲ့ ခန့်ထည်တဲ့ ဒီဇိုင်းနဲ့ Seamaster ဟာ ရေစိုခံနိုင်အား 300 မီတာ ဖြစ်ပြီး ပေအနေနဲ့ပြောရင် ပေ1000 ( 30 bar ) ဖြစ်ပါတယ်။

မြင်မြင်ချင်းကို အိုကွယ် လှရက်လိုက်လေခြင်းလို့ ပါးစပ်ဖျားက ရေရွတ်မိစေလောက်တဲ့ Omega ရဲ့ De Ville ။  သူ့ရဲ့ Stainless Steel နဲ့ 18K Yellow Gold တွဲစပ်မှုကိုတော့ ဘယ်သူမှ ငြင်းပယ်နိုင်စွမ်းရှိမယ်မထင်ပါဘူး။ အချင်း 39.5 mm က အမျိုးသားတိုင်းရဲ့လက်ကောက်ဝတ်နေရာအတွက် အသင့်တော်ဆုံးအရွယ်အစား လည်းဖြစ်ပါ တယ်။ ၆၀ ခုနှစ်များဆီက Constellation dials ကို Inspired ယူဖန်တီးထားပြီး ကာလာအခေါ်အဝေါ်အားဖြင့် white opaline slivery လို့ခေါ်တဲ့ ဒိုင်ခွက်ပေါ်မှာ silk-pattern တွေကို အသေးစိတ်ထားပုံက လုံးဝအထင်ကြီးစွဲမက်စရာပါပဲ။ ဒိုင်ခွက်အတွင်းမှာတော့ ၃ နာရီနေရာမှာ Date Display Window နဲ့အတူ နာရီအမှတ်အသားတွေကိုတော့ စုံဂဏန်းနေရာတွေကို gold-plated နဲ့ချောမွေ့ နေအောင်ဖောင်းကြွပုံစံ ဖန်တီးထားတဲ့ရောမဂဏန်းတွေနဲ့အသားပေးပုံဖော်ထားပြီး မဂဏန်းနာရီအညွှန်း နေရာတွေကိုတော့ gold-plated cabochons သေးသေးလေးတွေနဲ့ပုံဖော်ထားတာတွေ့ရပါတယ်။  ဒီဖန်တီးမှုဒီဇိုင်းက နာရီတစ်လုံးရဲ့ရိုးရှင်းမှုနဲ့ခန့်ညားထည်ဝါမှုပြယုဂ်ပဲဆိုတာကို သက်သေပြနေပါတယ်။

နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို နောက်ဆုံးပြောပြချင်တဲ့ Omega ကတော့ Speedmaster ပါ။ Moonwatch ဆိုတာ ကြားဖူးမှာပေါ့။ လပေါ်ကိုပထမဆုံးရောက်ခဲ့တဲ့နာရီပါ။ ဟုတ်ပါတယ် လကမ္ဘာပေါ်ကို ပထမဦးဆုံးရောက်ခဲ့တဲ့ နာရီဟာ Omega ရဲ့ Speedmaster ပါ။ ဒီတစ်ချက်နဲ့တင် Speedmaster ကိုချော့တွက်လို့မရတော့ပါဘူး။ အာကာသယာဉ်မှူးတွေရဲ့အကြိုက်ချည်းမဟုတ်ဘဲ၊ ဘက်စုံနယ်ပယ်စုံက အားကစားသမားတွေ၊ စွန့်စားသူတွေ၊ သုတေသနပညာရှင်ကြီးတွေရဲ့ အသဲစွဲနာရီတစ်လုံးလည်းဖြစ်ပါတယ်။ Water Resistance အနေနဲ့ ရေအောက်အနက်မီတာ ၅၀ အထိ ခံနိုင်ရည်အာမခံပေးထားပါတယ်။ အနက်ရောင်ဒိုင်ခွက်နဲ့အတူ အချောမွေ့ဆုံး Steel နဲ့ တောက်ပခန့်ညားမှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Case Bezel ပေါ်မှာတော့ Tachymeter တိုင်းတာပြဂဏန်းတွေကိုဖော်ပြထားပြီး အတွင်းမှာဒိုင်ခွက်အသေး ၃ ခုပါဝင်ပြီး Small Seconds, 30 min and 12 hour ပြဒိုင်ခွက်တွေဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကအမျိုးသားတွေကို ဆွဲဆောင်နိုင်စွမ်း၊ ညှို့ယူနိုင်စွမ်းရှိတယ်လို့ အားလုံးက မှတ်ချက်ပြုထားတဲ့ Speedmaster ကိုဝယ်ယူမယ်ဆိုရင် special Moonwatch presentation box တစ်ခုပါဝင်မှာဖြစ်ပြီးတော့ အဲဒီအထဲမှာ “NATO” strap ရယ်၊ ပြီးရင် အာကသယာဉ်မှူးတွေအတွက် လက်ပတ်ကြိုးရယ် အရံပါဝင်ပါသေးတယ်။ အဲဒီအရံလက်ပတ်ကြိုးတွေကို ချိန်းဖို့အတွက် tool ကိုပါတစ်ပါတည်းထည့်ပေးထားပါသေးတယ်။

Omega ဟာ တစ်ခုခုတစ်နေနေရာရာမှာ ရောင့်ရဲတင်းတိမ်နေတတ်တဲ့အမျိုးတော့မဟုတ်ပါဘူး။ Omega ရဲ့ Master Chronometer ဆိုတဲ့နာမည်တစ်ခုကို ပိုင်ဆိုင်ရဖို့ အစွန်းကုန်ကြိုးစားထားပါတယ်။ Omega ရဲ့ အချိန်တိကျမှုတွေဟာ တကယ့်ကို ကြီးကျယ်ခမ်းနားပါပေတယ်။ Master Chronometer ဆိုတဲ့နာမည်ရဖို့ဆိုရင် COSC (Official Swiss Chronometer Testing Institute) certification ဖြစ်ပြီးသား၊ အသိအမှတ်ပြုပြီးသား စက်တွေကို Omega က နောက်ထပ်အဆင့် ၈ ဆင့်နဲ့ထပ်မံစစ်ထားတာ ပဲဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိကျမှုမှာ Omega ဟာ ဘုရင်တစ်ဆူဖြစ်နေတာပါပဲ။ သင့်မှာသာအခု Omega ရဲ့ Chronometer နာရီတစ်လုံးရှိနေမယ်ဆိုရင် သင့်နာရီ Chronometer စစ်ဆေးထားပုံကို ကိုယ်တိုင်လေ့လာနိုင်ပါတယ်။

ကောင်းပါပြီ။ ဒီလိုမျိုး ဒီဇိုင်းအစုံနဲ့ သမိုင်းဂုဏ်သိက္ခာအစဉ်အလာကြီးမားမှုနဲ့အတူ နှစ်ပေါင်းရာကျော် ခရီးကို ဖြတ်သန်းနေတဲ့ Omega ကို မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာတန်းတူအခွင့်အရေး၊ အာမခံမှု၊ ဈေးနှုန်း စိတ်ချစွာနဲ့ အလွယ်တကူဝယ်ယူလို့ရနေပါပြီ။ ကမ္ဘာ့နာရီဘုရင်တွေဖြစ်တဲ့ Swiss Made နာရီတွေအားလုံးရဲ့ ပြတိုက်သဖွယ်ဖြစ်နေတဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်က Swiss Time Square မှာ Omega ရဲ့ ကမ္ဘာကျော် ဒီဇိုင်းတွေကို ရွေးချယ်နိုင်ပြီဖြစ်ပြီးတော့ Omega ရဲ့ နာရီအားလုံးကို 5-year warranty အပြည့်ပေးထားပါတယ်။

 

Constellation Omega Co Axial 38 mmDe VillefashionLUSHLUSH DAILYLUSH Magazine MyanmarMoonwatchOMEGASeamaster Diver
1
Facebook Twitter Google + Pinterest
Lush Editor

previous post
ဦးမော့လာတဲ့ Genderless Beauty trend
next post
LV က ထုတ်လုပ်လိုက်တဲ့ မြန်မာကျပ်ငွေ ၁၂ သိန်း၀န်းကျင်တန်ဖိုးရှိတဲ့ Face Shield

Recommended

Dr. Martens 1460 remastered project မှာပါ၀င်လာတဲ့ Marc Jacobs

September 18, 2020

ဂျပန် အငွေ့အသက်တွေပါတဲ့ New Balance ရဲ့ “Modern Classic” Collection

July 16, 2020

သူမတူ ထူးခြားတဲ့ ဒီဇိုင်းတွေနဲ့ FRANCK MULLER

July 17, 2020

Hoop Earrings for this era

June 10, 2020

Glam Footwears; Paying Attention to the Shoes

December 19, 2020

LV က ထုတ်လုပ်လိုက်တဲ့ မြန်မာကျပ်ငွေ ၁၂ သိန်း၀န်းကျင်တန်ဖိုးရှိတဲ့ Face Shield

September 14, 2020

မြန်မာငွေ ငါးသိန်းဝန်းကျင်တန် Louis Vuitton ရဲ့ Air Pods Earrings

July 22, 2020

Top 5 Floral Fragrances For LUSH Brides

December 14, 2020

မိုးရာသီမှာလည်း ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် ဖိနပ်များ

June 5, 2020

adidas Originals ရဲ့ Superstar adilette Slide

July 3, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem