လွန်ခဲ့တဲ့ ၃နှစ်လောက်က သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ဘယ်လိုမှ ပြန်လည်မသင့်မြတ်နိုင်တော့ဘူးလို့ထင်ထားခဲ့ရပေမယ့် ဒီနေ့အစောပိုင်း(ဇွန် ၁၂)မှာတော့ Katy Perry နဲ့ Taylor Swift တို့ဟာ သူတိုရဲ့ နှစ်ချီကြာမြင့်ခဲ့တဲ့ရန်ငြိုးဟောင်းကြီးကို အဆုံးသတ်လိုက်နိုင်ခဲ့ကြပါပြီ။ “Peace At Last” ဆိုတဲ့စာသားနဲ့အတူ peace သင်္ကေတနဲ့ အလှဆင်ထားတဲ့ ကွတ်ကီးတွေကို Perry က Instagram မှာတင်ခဲ့ပါတယ်။ ဒီ ကွတ်ကီးတွေကို ပို့ပေးခဲ့သူက Taylor Swift ဖြစ်ကြောင်းကိုလည်း အသည်းပုံလေးနဲ့ Swift ကို Tag လုပ်ထားပြီး Location Tag နေရာမှာလည်း “Let’s Be Friends” လို့သုံးထားပါတယ်။
Career အစပိုင်းမှာတုန်းက သူတို့နှစ်ယောက်ဟာ ဖော်ရွေခဲ့ကြပေမဲ့ နောက်ပိုင်းအဆင်မပြေမူတွေဖြစ်ကြပြီးနောက် Swift က ‘1989’ album ထဲက“Bad Blood” ကိုသီဆိုခဲ့တယ်လို့ လူတွေက ယုံကြည်ထားကြပါတယ်။ ၂၀၁၇ က Perry ရဲ့အင်တာဗျူးတစ်ခုမှာဖြေခဲ့ပုံအရဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ရန်ငြိုးအကြောင်းရင်းအပြည့်အစုံမှာ လူတွေမသိသေးတဲ့ အမှန်တရားဆိုတာရှိသေးတယ်လို့ ကောက်ချက်ချလို့ရပါတယ်။ Perry ဟာ ရန်လည်းမဖြစ်ချင်သလို လျှော့တွက်တာမျိုးကိုလည်းမခံချင်လိုပါဘူးလို့ပြောခဲ့ပါတယ်။ အထူးသဖြင့် Perry ရဲ့ Tour မှာကဖို့အတွက် Swift ရဲ့ Tour က နောက်ခံ Dancer သမားရဲ့ ပွဲခုန်ကူးခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Perry ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ယူဆပြီး သူမဟာ အင်မတန် ဒေါသထွက်ခဲ့ပါတယ်။
အခုတော့ Taylor Swift နဲ့ Katy Perry တို့ နှစ်ယောက် ပြန်လည်ပြီး ချစ်ကြည်သင့်မြတ်သွားတာဟာ သတင်းကောင်းတစ်ခုပါပဲ။
ခုတော့ လက်ရှိခေတ်စားနေတဲ့ Taylor Swift နဲ့ Brendon Urie(Panic! At The Disco)တို့ရဲ့ ‘ME!’ နဲ့ Katy Perry ရဲ့ ‘Never Really Over’ ကို သူတို့နှစ်ယောက်ပြန်လည်သင့်မြတ်ကြတဲ့ အထိမ်းအမှတ်အနေနဲ့ နားဆင်လိုက်ကြပါဦး။
Casey Phyu
Ref: www.nme.com