၂၀၁၉ မေလ ၉ ရက်နေ့ ညပိုင်းက မျိုးကျော့မြိုင်ရဲ့ “လူငယ်တွေ Sorry ပါ” album ရဲ့ Pre Listening Party ကို MCube Music Bar မှာ ပြုလုပ်ခဲ့ပါတယ်။ မျိုးကျော့မြိုင်ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတချို့နဲ့အတူ မီဒီယာတွေကို ဖိတ်ခေါ်ပြီးသီချင်းသစ်တွေကို အမြည်းစမ်းကျွေးခဲ့တာဖြစ်ပါတယ်။
ဆယ်စုနှစ် သုံးခုကျော်ကြာခဲ့ပြီဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့အနုပညာသက်တမ်းမှာ တစ်ကိုယ်တော်သီချင်းခွေ ဆယ်ခွေထုတ်လုပ်ခဲ့ပြီး၊ တခြားသူတွေနဲ့ပေါင်းပြီးထုပ်လုပ်ခဲ့တဲ့ Feature Album တွေကလည်း ဆယ်ခွေနဲ့အထက်မှာရှိခဲ့ပါတယ်။
ကိုယ်တိုင်ရေး ကိုယ်တိုင်တီးပြီး သီချင်းတစ်ပုဒ်ဖန်တီးမှုရဲ့အစအဆုံးကို ကိုယ်တိုင်ဖန်တီးရတာကို ကြိုက်နှစ်သက်တတ်သူ၊ မြန်မာနိုင်ငံမှာ Electronic Music ကိုစတင်မိတ်ဆက်ပေးခဲ့သူ မျိုးကျော့မြိုင်ရဲ့နောက်ဆုံးထွက်ရှိလာမယ့် “လူငယ်တွေ Sorry ပါ” မှာ ဘယ်လိုအကြောင်းအရာမျိုးတွေပါဝင်ပြီး ဘယ်လိုသံစဉ်တွေတွေနဲ့ရောက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။