Beyonce က သူ့ရဲ့ IVY PARK brand နဲ့ Adidas တို့ ပူးပေါင်းပြီး products အသစ်တွေထုတ်မယ့်အကြောင်းကို၂၀၁၉ ဒီဇင်ဘာလတုန်းက သူ့ရဲ့ Instagram မှာ ပုံတွေတင်ပြီး ပြောပြခဲ့ပါတယ်။ ဒီ collection ကတော့ ယောကျာ်းလေးရော၊ မိန်းကလေးပါ ဝတ်နိုင်မယ့် unisex footwear နဲ့ အဝတ်အစားတွေကို အဓိကထားထုတ်လုပ်သွားမှာဖြစ်ပြီး accessories တွေနဲ့ jewelry တွေလည်း ပါပါတယ်။ celebrities တွေကိုလည်း portable wardrobe တွေလက်ဆောင်ပေးနေတာကိုလည်း တွေ့ကြမှာပါ။ IVY PARK x Adidas collection ကို Rita Ora, Cardi B, Reese Witherspoon, Hailey Bieber တို့ဝတ်ထားတာကိုလည်းတွေ့ရမှာပါ။ ဒီ collection ကိုဝယ်ဖို့စောင့်နေကြတဲ့သူတွေကတော့ မနက်ဖြန် January 18 ရက်နေ့မှာဝယ်လို့ရတော့မှာပါ။