LUSH ရဲ့ Saturday Styling Tips အနေနဲ့ ကိုယ့်အလုပ်ခွင်မှာ အမြဲတမ်း Fashion ကျကျ ဖြစ်နေစေမဲ့ Fashion Tips ၅ ချက်ကို ပြောပြပေးသွားမှာပါ။ အလုပ်ခွင်ရဲ့ အငွေအသက်တွေ ဝေးကွာနေရပြီး Stay at Home, Work from Home အနေနဲ့ ဖြတ်သန်းနေရလို့ ကိုယ့်ရဲ့ Styling ပိုင်းကို အားမစိုက်မိဘူးဖြစ်နေကြမယ်ထင်ပါတယ်။ ဒါပေမယ့် မကြာခင် Covid-19 ပြီးလို့အလုပ်ခွင်ပြန်ဝင်ရတဲ့အခါ ကိုယ်ပိုင်စိတ်ကူး ကိုယ်ပိုင် Style လေးနဲ့ စိတ်ကြည်နူးစေမယ့် ဝတ်စားဆင်ယင်မှု အပြင်အဆင်လေးတွေနဲ့ တက်တက်ကြွတြွဖြစ်နေစေဖို့ ပြင်ဆင်ထားသင့်ပါပြီနော်။ သိနဲ့ စိတ်ကူးလေးတူနေပြီဆိုရင်တော့ အခုပြောပြမယ့် Tips လေးတွေက အသုံးဝင်မှာပါ။
1. Forever Animal Prints or Leopard Prints Trend !
ဟုတ်ပါတယ်။ Aggressive Look အနေနဲ့တွေ့ရတတ်တဲ့ Leopard Prints ကတော့ office wear အနေနဲ့ Powerful ဖြစ်တဲ့ active lady တစ်ယောက်ရဲ့ Vogue Look ကို ဖြစ်စေမှာပါ။ Leopard Print ကိုတော့ Top / Bottom or Accessories စသည်ဖြင့် personalize တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ် အချိုးစားပေါ်မူတည်ပြီးတော့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။ အခုပုံလေးတွေကတော့ Leopard Prints ရဲ့ အထာကျကျ Office Wear လေးတွေပါ။
2. Natural Tones All Over
Natural အရောင်တွေကတော့ World Wide longest-lasting trend အရောင်ပါဘဲ ။ သူကတော့ အသားရောင် အညို အဖြူ ဘယ်သူနဲ့မဆို Tone အနုအရင့်ပေါ် မူတည်ပြီးတော့ ဝတ်ဆင်ပေးရုံနဲ့ လိုက်ဖက်စေတဲ့ အရောင်ပါ။ Office Wear အနေနဲ့ ဝတ်ဆင်မယ်ဆိုရင်တော့ Classic ကျကျ Chic Look office wear ဖြစ်စေတာမို့ တည်ကြည်တဲ့ အေးဆေးတဲ့ Style Look ကို ပေးနိုင်ပါတယ်။
3. Classic in Wide Leg Pants
Office Wear လို့ပြောရင် Flare Pant Type ကတော့ လူကြိုက်များတဲ့ Pant Type အမျိုးစားပါဘဲ။ ဟုတ်ပါတယ် Flare Pant ဆိုတာကတော့ Apple type ကလွဲရင် ကျန်တဲ့ body type တွေနဲ့ လိုက်ဖက်ပြီး Smart ကျကျ၊ ယုံကြည်ချက်ရှိတဲ့ Look ကို ပေးနိုင်တာမို့ Classic Chic Office Wear အနေနဲ့ ဝတ်ဆင်လို့ရပါတယ်။
4. Minimalistic look in Cotton pant
Japanese Style လို့ လူသိများကြတဲ့ Style Type ပါ။ Office wear အနေနဲ့ Comfortable ဖြစ်စေတဲ့ outfits မို့ ဝတ်သူကော ကြည့်သူအတွက်ပါ အမြင်အေးစေတာမို့ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး နေတက်သူတစ်ယောက်ရဲ့ စွဲဆောင်မှုရှိတဲ့ Chic Wear ပါဘဲ။
5. Monochromatic Effortless Shade of Tone
နောက်ဆုံးအချက်ကတော့ Stylish မိန်ကလေးတော်တော်များများရဲ့ အမြဲ Favorite Outfit အနေနဲ့ ရှိတက်တဲ့ Type ပါ။ Classy , Vogue & Smart ဖြစ်တဲ့ office wear ပါ။ monochromatic office wear ကတော့ တစ်ရောင်ထဲ ဒါမှမဟုတ် အရောင်ရဲ့ Tone အနုအရင့်ကို Blazer Suit အနေနဲ့ ဝတ်ဆင်တာပါဘဲ။ ဝတ်ဆင်သူရဲ့ သေသပ်မှုကတော့ ကိုယ်နဲ့အလုပ်လုပ်သူတွေရဲ့ ယုံကြည်မှုနဲ့ အလေးထားမှုကိုပါ ရရှိနိုင်တဲ့ Chic Office Wear ဘဲဖြစ်ပါတယ် ။
ဒီတစ်ပတ်ရဲ့ Styling Tips အနေနဲ့ Ariel Thi က office wear look ကို ပြောပြပေးထားတာပါ။ Personal Styling Tips နဲ့ Trick တွေကို နောက်အပတ်တွေကျရင်လဲ ဆက်လက်ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။