American Idol Season 4 ရဲ့ Winner ဖြစ်သူ Carrie Underwood ဟာ Heidi Merrill ရဲ့ “Game On”သီချင်းကို ခိုးယူခဲ့တယ်ဆိုပြီး Heidi Merrill ရဲ့ တရားစွဲဆိုခြင်းကို ခံထားရပါတယ်။ Merrill ဟာ ၂၀၁၅ ခုနှစ်က “Cornhusker Strong” ဆိုတဲ့ သီချင်းနဲ့ နာမည်ကြီးခဲ့ပါတယ်။ အဲဒီနောက် ၂ နှစ်ခန့်မှာ “Game On” သီချင်းကို music video နဲ့တစ်ခါတည်းတွဲထွက်ခဲ့ပါတယ်။ အရင်တုန်းက Merrill ဟာ သူမရဲ့ “Game On” သီချင်းကို Underwood ရဲ့ Producer တွေဖြစ်တဲ့ Mark Bright နဲ့ Nashville တို့ဆီကို ပေးပို့ပေးခဲ့ဖူးပြီး ငြင်းပယ်ခံခဲ့ရဖူးပါတယ်။ အခုအခါမှာ Carrie Underwood က Heidi Merrill ရဲ့ “Game On” နဲ့ သီချင်းခေါင်းစဉ်တူညီရုံတင်မကဘဲ သံစဉ်တူညီမှုတွေပါရှိတဲ့ သီချင်းကို NBC Sunday Night Football 2018 Theme Song အနေနဲ့ သီဆိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ Heidi Merrill က Underwood နဲ့ သူ့ရဲ့ Producer တွေအပါအ၀င် ရုပ်သံထုတ်လွှင့်ခဲ့တဲ့ NFL နဲ့ NBC ကိုပါ တရားစွဲဆိုထားတာဖြစ်ပါတယ်။ တရားမစွဲခင် ကြားကာလမှာ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့နိုင်ပြီး မပြေလည်ခဲ့လို့သာ အခုလို တရားစွဲဆိုရတာဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ကြပါတယ်။
Carrie Underwood ဟာ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ကံမကောင်းတတ်သူတစ်ဦးလို့တောင်ဆိုရပါလိမ့်မယ်။ Something In The Water သီချင်းအတွက်လည်း တေးရေးတွေကို အသိအမှတ်မပြုပေးခဲ့တဲ့အတွက်လည်း Underwood ဟာ တရားစွဲဆိုခံခဲ့ရပါသေးတယ်။ ဒီလိုဖြစ်စဉ်မျိုး တခြား Case တွေလည်းဖြစ်ခဲ့ဖူးပြီး အသာရခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။
Lin Takhon, Casey