Paris Fashion Week လို့ကြားလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိတဲ့ brand ထဲမှာ Louis Vuitton ကလည်း ထိပ်ဆုံးမှာပါနေပါတယ်။ Paris Fashion Week ကအခုဆို digital အနေနဲ့သွားနေပြီးတော့ Paris Fashion Week online ရဲ့ ဒုတိယမြောက်နေ့တုန်းက Louis Vuitton menswear ရဲ့ artistic director ဖြစ်တဲ့ Virgil Abloh က Louis Vuitton men’s spring/ summer 2021 collection ကို နောက်မှ ကျင်းပသွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ ပြီးတော့ ပြင်သစ်မှာလုပ်မှာလည်း မဟုတ်ပါဘူး။
ဒီ collection ကို season သတ်မှတ်မထားဘဲနဲ့ ကမ္ဘာအနှံ့ကို လှည့်လည် ပြသသွားမှာပါ။ သြဂုတ် ၆ ရက်နေ့ကျရင် ရှန်ဟိုင်းမှာ public event တစ်ခုအနေနဲ့ ပွဲဦးထွက်မှာဖြစ်ပြီးတော့ အဲ့နောက်မှာ တိုကျိုမှာ ပြသွားမယ်လို့ သိရပါတယ်။
Collection ကို “Message in a Bottle” လို့ခေါင်းစဉ်ပေးထားပြီး sustainability ကို ဦးစားပေးသွားမယ်လို့ ပြောပါတယ်။ collection ထဲမှာပါမယ့် 30 looks ကိုတော့ ပစ္စည်းအသစ်တွေ၊ 25 looks ကိုတော့ ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေ သုံးသွားမှာဖြစ်ပြီးတော့ နောက်ထပ် 25 looks ကိုတော့ အရင် collection က looks တွေကို ပြန်မိတ်ဆက်မယ်လို့ သိရပါတယ်။ ပြုပြင်မွမ်းမံထားတဲ့ ပစ္စည်းတိုင်းကို LV ရဲ့ Upcycling Signal Logo တံဆိပ်အသစ်ကို တပ်သွားမှာပါ။
LV က ဒီလို ကမ္ဘာလှည့်ပြီးပြသသွားမယ့်ခရီးစဉ်ကို “The Adventures of Zoooom with friends” ဆိုတဲ့ short film လေးနဲ့ မိတ်ဆက်လိုက်ပါတယ်။ ဒီ short film မှာ LV ကုန်သေတ္တာတွေကို ကုန်တင်သင်္ဘောပေါ်တင်ပြီး ပဲရစ်ကနေ ထွက်ခွာတဲ့ပုံရိပ်ကိုတွေ့ရမှာပါ။ အဲ့ ကုန်သေတ္တာတွေထဲမှာ animated ဇာတ်ကောင်လေးတွေက ပုန်းပြီးလိုက်သွားတာကိုလည်း တွေ့ရဦးမှာပါ။ ဒီ short film လေးကို YouTube မှာ ကြည့်လို့ရပါတယ်။
Ref: Esquire, Voir Fashion