LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYRewind

ရန်ကုန်မြို့ပေါ်က နာမည်နှစ်မျိုးနဲ့ လမ်းမများ

written by Lush Editor September 7, 2020
ရန်ကုန်မြို့ပေါ်က နာမည်နှစ်မျိုးနဲ့ လမ်းမများ

လူတွေမှာသာ nick name ရှိတာမဟုတ်ဘူးနော် ရန်ကုန်ကလမ်းတွေမှာလည်း လူတွေလိုပြောရရင် ငယ်နာမည်နဲ့ ကျောင်းနာမည်နဲ့ ဆိုသလို နာမည် 2ခုနဲ့ လမ်းတွေ ရာကျော်ရှိနေတာပါ။

တစ်ချိန်က မြန်မာနိုင်ငံကိုတောင် Burma လို့ ခေါ်ခဲ့သေးတာဆိုတော့လည်း လမ်းနာမည်တွေရဲ့ ခေတ်အလိုက်ပြောင်းလဲသွားတာမျိုးပေါ့။

ရန်ကုန်မြို့ကို 1853 ခုနှစ်မှာ ပြန်ပြီးတည်ဆောက်လိုက်တဲ့အခါမှာ အရင်တုန်းက ကျဉ်းတဲ့ မြို့ဟောင်းလမ်းလေးတွေဟာ ဖြောင့်တန်းတဲ့လမ်းမတွေဖြစ်ပြီး မြို့သစ်အဖြစ် ပုံဖော်လိုက်တာပဲဖြစ်ပါတယ်။

ကိုလိုနီခေတ်မှာ ဗြိတိသျှတွေတည်ခဲ့တဲ့မြို့ဖြစ်တာကြောင့် လမ်းအမည်တွေက အင်္ဂလိပ်နာမည်တွေ၊ တရုတ်နာမည်တွေ၊ အိန္ဒိယနာမည်တွေ ဖြစ်နေတာ သတိထားမိမှာပါ။

မြို့မြေပုံဆွဲခဲ့တဲ့လူကို ရည်ညွှန်းပြီးတော့ မောင်ဂိုမာရီလမ်းဆိုတာ အခု ဗိုလ်ချုပ်လမ်းကို ခေါ်ခဲ့တာဖြစ်ပြီး ဖရေဇာလမ်းဆိုတာဟာလည်း အခု အနော်ရထာလမ်း (ကျောက်တံတား)ကို ခေါ်ခဲ့တဲ့ နာမည်တွေပဲဖြစ်ပါတယ်။
မဟာဗန္ဓုလပန်းခြံလမ်းဆိုရင် ခုချိန်ထိ ဘားလမ်းလို့ပဲ အရင်ကနာမည်ကို စွဲခေါ်နေတဲ့ အခြားလမ်းတွေလည်း အများကြီးရှိနေပါတယ်။ ဥပမာ- ရွှေဂုံတိုင်က လင့်ခ်လမ်း၊ ဒဂုံမြို့နယ်က ယောက်လမ်း၊ ဗဟန်းက ဟာမစ်တစ်လမ်းတို့လိုမျိုး အရင်က လမ်းနာမည်အတိုင်း ပါးစပ်ထဲစွဲပြီး ခေါ်နေကြဆဲ လမ်းတွေလည်း ရန်ကုန်မြို့မှာရှိနေသေးလို့ တချို့ဆို လမ်းနာမည်ကို 2ခုမသိရင် အခက်တွေ့နေတတ်တာတွေ ခုထိရှိနေကြဆဲပါပဲ။
1937ခုနှစ်မှာ မြန်မာနိုင်ငံကို အိန္ဒိယက ခွဲထွက်ပေးပြီးတဲ့နောက်မှာ လမ်းအမည်တွေ ပန်းခြံအမည်တွေကို မြန်မာဆန်တဲ့အမည်တွေပြောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီခေတ်အချိန်က ကြည့်မြင်တိုင်၊ စမ်းချောင်းနဲ့ ပုဇွန်တောင်တို့လို မြန်မာရပ်ကွက်တွေမှာတော့ အုန်းပင်လမ်းတို့ ဆီဆုံလမ်းတို့ လိပ်ကန် အစသဖြင့် မြန်မာဆန်တဲ့နာမည်တွေနဲ့ လမ်းနာမည်တွေ ရှိခဲ့ပါတယ်။
မှတ်မှတ်ရရပြောရရင် 1929မှာ အစာငတ်ခံ ဆန္ဒပြပြီး ပျံလွန်တော်မူခဲ့တဲ့ ဆရာတော် ဦးဝိစာရကို ဂုဏ်ပြုပြီးတော့ သူတို့သတ်မှတ်ထားတဲ့ ဗွိုင်းလမ်းကို ဦးဝိစာရလမ်းဆိုပြီး 1940ခုနှစ်မှာ ပြောင်းလဲနိုင်ခဲ့ပြီး နောက်ပိုင်းမှာဆို ဦးဝိစာရကြေးရုပ်ကိုပါ စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို ရန်ကုန်မြို့ကလမ်းတွေကလည်း တစ်ချိန်က သမိုင်းတွေရဲ့ အထောက်အထားတွေ ဖြစ်နေတာပါ။
1930ခုနှစ်ကျော်လာတဲ့အခါမှာတော့ ရန်ကုန်ဘူတာကြီးကို ဒီဇိုင်းဆွဲခဲ့တဲ့ ဗိသုကာဦးတင်လို ပြည်ပမှာ ပညာသင်ယူထားတဲ့ မြန်မာဗိသုကာတွေပေါ်လာတော့တာကြောင့် မြို့တော်က အဆောက်အအုံတွေမှာ မြန်မာမှုလက်ရာတွေကို ပြန်တွေ့ရတော့သလို လွတ်လပ်ရေးရပြီး နောက်မှာတော့ လမ်းအမည်တွေကိုပါ မြန်မာအမည်များပြောင်းခဲ့တာဖြစ်ပြီး တချို့လမ်းတွေကတော့ အင်္ဂလိပ်ခေတ်ကအမည်အတိုင်း အစကပြောခဲ့သလို ခေါ်တွင်နေကြဆဲဖြစ်လို့ ရန်ကုန်မြို့ရဲ့ လမ်းတော်တော်များများဟာ လူများလိုပဲ နာမည်နှစ်မျိုးပိုင်ရှင်တွေ ဖြစ်နေတာကိုက စိတ်ဝင်စားစရာတစ်ခု ဖြစ်နေရပါတယ်။

crossroadsLUSH DAILYLUSH Magazine MyanmarLUSH RewindLUSH September 2020
1
Facebook Twitter Google + Pinterest
Lush Editor

previous post
The future of award shows
next post
ကျန်းမာရေးအတွက် ရတနာဖက်ရှင်

Recommended

YSL နဲ့ Brand Ambassador Dua Lipa တို့ပူးပေါင်းပြီး ပထမဆုံးထွက်လာတဲ့...

August 21, 2019

The World’s Top-Earning Musicians Of 2019

December 9, 2019

Coach ရဲ့ Fall 2018 campaign မှာပါဝင်ခဲ့တဲ့ Selena Gomez 

July 3, 2018

Tiffany & Co ကို USD $16.2 Billion နဲ့...

November 27, 2019

Bridal Gowns of Oscar de la Renta

November 9, 2020

Old Town Road Decor

July 2, 2020

LA ကို Hawkins မြို့အဖြစ်နဲ့ ခံစားနိုင်မယ့် Stranger Things “Drive-Into...

August 21, 2020

MTV VMAs 2020 က best hair and makeup...

September 1, 2020

Outlander actors to star in new travel show

June 18, 2020

ကမ္ဘာ့ပထမဆုံးရေမွှေးအနံ့ပါတဲ့အိတ်ကို ထုတ်လုပ်လိုက်တဲ့ Fendi

December 11, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem