LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

တစ်ယောက်တည်းနေပျော်အောင် ဘယ်လိုနေကြမလဲ။

written by Lush Editor February 28, 2019
တစ်ယောက်တည်းနေပျော်အောင် ဘယ်လိုနေကြမလဲ။

လူတွေဟာ စားဝတ်နေရေးအရဖြစ်ဖြစ်၊ ဝါသနာအရဖြစ်ဖြစ် အလုပ်တွေကို အရင်တုန်းကထက်ပိုပြီး ယနေ့ခေတ်မှာ ပိုမိုလုပ်ကိုင်လာကြရတာ အားလုံးသတိထားမိကြမယ်ထင်ပါတယ်။ အလုပ်ဘယ်လောက်ပဲရှုပ်နေပါစေ ကိုယ့်မိသားစု၊ ကိုယ်ချစ်တဲ့သူတွေကိုတော့ အချိန်လေးတစ်ခုတော့ချန်ထားသင့်ပါတယ်။ တစ်ချို့ကတော့ ချစ်သူမရှိသေးလို့ တစ်ယောက်တည်းဖြစ်နေတာကို ညည်းညူတတ်ကြပါတယ်။ တကယ်ကော ချစ်သူမရှိလို့ တစ်ယောက်တည်းဖြစ်ရတာကို စိတ်ပျက်သင့်ပါသလားဆိုတာကတော့ စဉ်းစားစရာပါ။ အမှန်ကတော့ ချစ်သူမရှိလို့ တစ်ယောက်တည်းဖြစ်နေတဲ့ကိုယ့်ဘဝကို စိတ်ပျက်တာမျိုး၊ စိတ်ကုန်တာမျိုး၊ ချစ်သူအသည်းသန်ရှာနေတာမျိုးမဖြစ်သင့်ပါဘူး။ တစ်ယောက်တည်းဖြစ်လည်း ဘဝမှာ နေပျော်အောင်နေလို့ရတာတွေရှိပါသေးတယ်။ တစ်ချို့ကတော့ အချစ်ကိုစိတ်ကုန်ပြီး တစ်ယောက်တည်းနေရတာကို သဘောကျသွားတဲ့သူတွေလည်းရှိပါတယ်။ ဒီနေ့ပြောပြပေးချင်တာကတော့ တစ်ယောက်တည်းဖြစ်ပေမယ့်လည်း ဘဝကို ဘယ်လိုပျော်ရွှင်အောင် ဖြတ်သန်းကြမလဲဆိုတဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁. ဘယ်အရာက သင့်ကိုတကယ်ပျော်ရွှင်စေတာလည်းဆိုတာ သိအောင်လုပ်ပါ။

သင်က အခုအချိန်မှာ ချစ်သူနဲ့ပြတ်ဆဲထားတာပဲဖြစ်ဖြစ်၊ တခြားသူတစ်ယောက်ကို ထပ်ချစ်ဖို့မကြိုးစားချင်တော့ဖြစ်ဖြစ် သင့်ကိုယ်သင် မကောင်းတဲ့အမြင်တွေနဲ့တော့ မကြည့်လိုက်ပါနဲ့။ ဒီလိုအချိန်က သင့်ကို ဘယ်အရာက တကယ်ကိုပျော်ရွှင်စေတာလည်းဆိုတာကို ရှာဖွေဖို့ နဲ့ သင့်အကြောင်းသင်သေချာသိအောင်လုပ်ဖို့ အချိန်ကောင်းပါ။ သင့်မှာ ကိုယ်ပိုင်အချိန်တွေရှိတဲ့အတွက် သင်လုပ်ချင်တာတွေကို သင့်သဘောကျလုပ်လို့ရပါတယ်။ Relationship နဲ့မှ ပျော်ရွှင်အောင်လုပ်လို့ရတာမဟုတ်ပါဘူး။ သင်တစ်ယောက်တည်း ပျော်ရွှင်အောင်နေတတ်မှ၊ သင့်ကိုယ်သင်ချစ်မှ၊ ကိုယ့်ရဲ့ပျော်ရွှင်မှုက သူတစ်ပါးအပေါ်မမှီခိုနေမှ သင်တကယ့်ပျော်ရွှင်မှုကို ရနိုင်မှာပါ။ ဒါမှလည်း Relationship ရှိလာတဲ့အခါမှာလည်း ပျော်ရွှင်တဲ့ relationship တစ်ခုကို တည်ဆောက်နိုင်မှာပါ။

Image by Free-Photos on Pixabay

၂. ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်းကောင်းတွေကို အချိန်ပေးပါ။

ကိုယ့်မှာချစ်သူ၊ ရည်းစားမရှိလည်း ကိုယ့်ပတ်ဝန်းကျင်မှာအမြဲရှိနေတဲ့ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့သူငယ်ချင်းကောင်းတွေကို မမေ့ပါနဲ့။ သူတို့ကို ချစ်ခင်ကြောင်း လက်ဆောင်ပေးတာမျိုးဖြစ်ဖြစ်၊ မုန့်ဝယ်ကျွေးတာမျိုးဖြစ်ဖြစ် သူတို့နဲ့အတူတူ အချိန်ကုန်ဆုံးတာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ ကိုယ့်ဘဝမှာ ချစ်သူ၊ ရည်းစားရှိမှ ချစ်ရမယ့်သူရှိတယ်ဆိုတဲ့အချက်က မှားတယ်ဆိုတာ သိလာပါလိမ့်မယ်။

၃. ထိန်းသိမ်းရလွယ်ကူမယ့် အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ဖြစ်ဖြစ် မွေးပါ။

ထိန်းသိမ်းရလွယ်ကူမယ့် အိမ်မွေးတိရစ္ဆာန်ဆို ခွေးလေးတွေ၊ ကြောင်လေးတွေကတော့ ရှေ့ဆုံးကပါ။ တိရစ္ဆာန်လေးတွေက လူတွေရဲ့ဘဝကို ပိုအဓိပ္ပါယ်ရှိလာစေတဲ့သူလေးဆိုတာ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေ အသိဆုံးနေမှာပါ။ သင်လည်း တိရစ္ဆာန်ချစ်တတ်တဲ့သူဆို ထိန်းသိမ်းရလွယ်ကူမယ့် ခွေးလေးဖြစ်ဖြစ်၊ ကြောင်လေးဖြစ်ဖြစ် မွေးကြည့်ပြီး တစ်ကိုယ်တည်းဖြစ်နေတဲ့ခံစားချက်ကို ဖယ်ထုတ်ကြည့်လိုက်ပါ။

Image by Free-Photos on Pixabay

၎. သင့်အတွက်ပျော်ရွှင်ရမယ့် ဝါသနာတစ်ခုခုကို ရှာဖွေပါ။

လူတိုင်းကတော့ ဝါသနာဆိုတာရှိကြမှာပါ။ အချိန်မပေးနိုင်တာကြောင့် မလုပ်ဖြစ်ကြတာနေပါလိမ့်မယ်။ သင်လည်း ဝါသနာပါတဲ့အရာရှိတယ်ဆို တစ်ယောက်တည်းဖြစ်နေတာကို စိတ်ညစ်နေမယ့်အစား ဝါသနာပါတာကို လုပ်ကြည့်လိုက်ပါ။ ဝါသနာပါတဲ့ ကိုယ်မလုပ်ဖူးသေးတဲ့အရာတစ်ခုလုပ်ရမှာက သင့်အတွက် challenge တစ်ခုဖြစ်နေမှာပါ။ ဝါသနာပါတဲ့အရာကဘာဖြစ်ဖြစ် သင်တကယ်စိတ်ဝင်တစားလုပ်ချင်တာဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ သင်က ပန်းချီဆွဲတာဝါသနာပါတယ်ဆို online မှာ ပန်းချီဆွဲနည်းရှာပြီး ဆွဲကြည့်တာပဲဖြစ်ဖြစ်၊ သင်တန်းတက်တာမျိုးဖြစ်ဖြစ်လုပ်ကြည့်ပါ။ အကယ်လို့ ဘာဝါသနာပါမှန်းမသိဘူးဆိုလည်း online မှာပဲရှာကြည့်လို့ရပါသေးတယ်။ ကတာ၊ ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာ၊ သရုပ်ဆောင်တာ၊ ဟင်းချက်တာ၊ မုန့်ဖုတ်တာ၊ ခရီးထွက်ရတာ၊ Instruments တစ်ခုခုတီးရတာမျိုး စတာတွေကလည်း သင့်ရဲ့ဝါသနာတစ်ခုခုဖြစ်နိုင်ပါသေးတယ်။ ကိုယ်ဝါသနာပါမယ်ထင်တဲ့အရာတွေတော်တော်များများကို စမ်းသပ်လေ့လာသုံးသပ်ကြည့်မှ ကိုယ်ဘယ်ဟာကိုတော့ တကယ်ကို ကျွမ်းကျွမ်းကျင်ကျင်လေ့လာချင်တာလည်းဆိုတာ သိလာမှာပါ။

၅. ခရီးထွက်ပါ။

ခရီးထွက်ပြီး မတူညီတဲ့ဒေသက အငွေ့အသက်တွေ၊ ပတ်ဝန်းကျင်တွေ၊ ဓလေ့စရိုက်တွေ၊ အစားအသောက်တွေကို လေ့လာခြင်းကလည်း သင့်ရဲ့စိတ်ကို စိတ်သစ်လူသစ်ပြန်ဖြစ်စေနိုင်မှာပါ။ ခရီးထွက်ပြီး လူသစ်တွေနဲ့တွေ့ဆုံပြီး မိတ်ဖွဲ့တာကလည်း စစခြင်းတော့ အခက်အခဲရှိနိုင်မှာပါ။ အကယ်လို့ မိတ်ဖွဲ့ဖို့ သင်ရှက်နေတယ်ဆို သင်သာသူ့နေရာမှာဆိုတဲ့စိတ်လေးနဲ့ စကြည့်ပါ။ တဖြည်းဖြည်းအဆင်ပြေသွားပါလိမ့်မယ်။

Image by Free-Photos on Pixabay

၆. ကျန်းမာရေးလိုက်စားပါ။

ကိုယ်ပိုင်အချိန်တွေရှိလာတဲ့အတွက် အရင်က ကျန်းမာရေးနဲ့ပတ်သက်ပြီး ပစ်ထားခဲ့မိရင် အခုချိန်မှာတော့ စတင်ပြီး ကျန်းမာရေးလိုက်စားဖို့ ကြိုးစားလိုက်ပါ။ ကျန်းမာရေးအတွက် အားကစားတစ်ခုခုလုပ်တာတို့၊ Gym သွားတာတို့ ပုံမှန်လုပ်မယ်ဆို နေရတာ ပေါ့ပါးပြီး နေလို့ကောင်းလာမှာပါ။ မနက်ပိုင်းအားကစားလုပ်တာကလည်း တစ်နေ့တာလုံးကို လန်းဆန်းစေလို့ မနက်ပိုင်းမှာ အားကစားလုပ်ဖို့လည်းတိုက်တွန်းလိုက်ပါတယ်။ အားကစားလုပ်တာက ခန္ဓာကိုယ်ကို လှပစေတဲ့အပြင် စိတ်ကိုလည်းလန်းဆန်းစေလို့ စိတ်သစ်လူသစ်ဖြစ်အောင် အားကစားလုပ်သင့်ပါတယ်။

၈. လက်ရှိအခြေအနေကို သဘောကျလာအောင် သင်ယူပါ။

ကျွန်မတို့ဖြတ်သန်းခဲ့ရတဲ့အတိတ်ကြောင့် ကျွန်မတို့ တစ်နှစ်ထက် တစ်နှစ်ပိုပြီး ရင့်ကျက်လာတာ၊ အတွေ့အကြုံတွေရှိလာကြပါတယ်။ အနာဂတ်မှာလည်း ဘယ်လိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေရှိကြမှာပါ။ ကျွန်မတို့အားလုံး အမှားတွေလုပ်မိကြတယ်၊ တစ်ချို့က အမှားလုပ်ရမှာကိုကြောက်ကြပါတယ်။ တကယ်တော့ အမှားဆိုတာမရှိလာရင် အမှန်ဆိုတာလည်း ဖြစ်မလာနိုင်ပါဘူး။ အမှားတွေကနေ သင်ယူပြီး နောက်တစ်ခါ အလားတူအမှားမျိုးမမှားအောင် ကြိုးစားမယ်ဆို ရပါတယ်။ အမှားတွေကနေသင်ယူပြီး လက်ရှိကာလမှာ ပိုကောင်းအောင်နေကြည့်ရအောင်။

Image by Free-Photos on Pixabay

၉. တစ်ယောက်တည်းပျော်ရွှင်အောင်ဘယ်လိုနေမလဲ။

အပေါ်ကအချက်လေးတွေကို ဖတ်ပြီးပြီဆိုရင်တော့ သင်က တစ်ယောက်တည်းဖြစ်လည်း ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတာ သိသွားလောက်ပါပြီ။ သင့်ကိုယ်သင် လက်ခံပါ။ ပျော်ရွှင်အောင်နေပါ။ သင့်ရဲ့တစ်မူထူးခြားတဲ့ပင်ကိုစရိုက်တွေက သင့်ကိုတခြားသူတွေနဲ့မတူအောင်ကွဲပြားစေပါတယ်။ သင်ဒီအချက်တွေကို လက်ခံလိုက်ပြီဆိုတာနဲ့ သင့်ရဲ့ဘဝက အရင်ကထက်ပိုပြီး နေလို့ကောင်းလာမှာပါ။

Editor: MayMT

LUSH DAILYLUSH February 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ
next post
Skating

Recommended

Super Bowl 2020 မှာ ဖျော်ဖြေခဲ့တဲ့ Shakira နဲ့ Jennifer...

February 7, 2020

Gifts for Father’s Day That Can Be Bought...

June 15, 2020

Swedish winery launches social distancing dining experience

June 24, 2020

Meal Kits: Healthy ingredients right at your door

June 9, 2020

Premium ဖြစ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်မယ့် “PRADA FOR ADIDAS” 

September 8, 2020

Paris F/W 2020 Fashion Week Street Fashion

March 4, 2020

Fenty launched City Bloom Collection

November 13, 2019

ကိုယ်တိုင် Makeup လိမ်းချယ်နေတဲ့ Meghan Markle

July 16, 2018

Outlander actors to star in new travel show

June 18, 2020

မြန်မာငွေ ငါးသိန်းဝန်းကျင်တန် Louis Vuitton ရဲ့ Air Pods Earrings

July 22, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem