LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryGET FIT & WELLNESS

Yoga Romance

written by Lush Editor February 1, 2019
Yoga Romance

အရမ်းချစ်ကြတဲ့ ဖူးစာဖက်တွေအတွက် အချစ် ၊ ခိုင်မာနွေးထွေးတဲ့လက်တစ်စုံ ၊ နားလည်ဖေးမမှုတွေထဲက ဘယ်အချက်တွေက အဓိကကျနေလဲ။

ယျေဘုယျတွေးမယ်ဆိုရင်တော့ ချစ်နေရုံနဲ့ နှစ်ဦးသားဆက်ဆံရေး အဆင်ပြေနိုင်မယ်ပေါ့။

ဒါပေမဲ့ ကမ္ဘာကြီးပေါ်မှာ နေထိုင်မှုပုံစံပြောင်းလဲလာတာတွေနဲ့ နည်းပညာတိုးတက်ထွန်းကားလာတာတွေကြောင့်  အချစ်တစ်ခုတည်းနဲ့တင် relationship တည်ဆောက်ဖို့ မလုံလောက်တော့ပါဘူး။ နားလည်မှုနဲ့ ယုံကြည်မှုတို့ ပေါင်းစည်းထားတဲ့ အသက်ထက်ဆုံးချစ်ကြတဲ့ relationship တစ်ခုဖြစ်ဖို့ ကျန်းမာရေးနဲ့တည်ဆောက်မယ်ဆိုရင်ရော မဖြစ်နိုင်ဘူးလား။ ပြန်စဉ်းစားကြည့်ကြည့်ပါ။

စိတ်ဖိစီးမှုတွေ ၊ ပတ်ဝန်းကျင်က pollution အမျိုးမျိုးကြောင့် ကိုယ်လက်မကျန်းမာမှုတွေဖြစ်လာရင် relationship တစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ အင်မတန်မှကို ခက်ခဲပါတယ်။ ဒါကြောင့်မို့လည်း အခုနောက်ပိုင်း နိုင်ငံတကာမှာရော မြန်မာနိုင်ငံက couple တွေကြားမှာပါ couple yoga က တဖြည်းဖြည်း နာမည်ကြီးလာတာပေါ့။

လက်တွဲဖော်နဲ့အတူတူ Asanas yoga ကျင့်ခြင်းကနေ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုပိုတိုးသလို တစ်ဦးရဲ့လိုအပ်ချက်ကို တစ်ဦးက နားလည်သဘောပေါက်ပြီး အချင်းချင်းဖေးမကူညီမှုလည်းပေးနိုင်ပါတယ်။

Yoga ကျင့်ခြင်းကနေရတဲ့ ဒီလိုအောင်မြင်မှုအသေးလေးတွေကို နှစ်ယောက်တူတူ ဖြေရှင်းနေရာကနေ လက်တွေ့ဘ၀မှာ နှစ်ဦးသားရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အပြန်အလှန်ယုံကြည်မှုအပြည့်နဲ့ ကျော်လွှားနိုင်သွားမှာပါ။

နှစ်ဦးသားကြားမှာ အပြန်အလှန် စိတ်ဖိစီးမှုတွေ ၊ နားလည်မှုတွေ အခက်မသင့်ဖြစ်နေရင် couple yoga ကို အချိန်အနည်းငယ်လောက်ပေးပြီး ကျင့်ကြည့်ဖို့ ကြိုးစားသင့်ပါတယ်။

ကနဦးမှာ တစ်ဦးနဲ့တစ်ဦး အပေးအယူမျှတဖို့ အချိန်ယူရဦးပေမယ့် အချိန်ကြာလာတာနဲ့အမျှ တစ်ဦးပေါ်တစ်ဦး နားလည်မှုတွေတိုးလာသလို ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်မှုသုခကိုလည်း ခံစားမိနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆို လူသန်းပေါင်း ၃၀ ကျော်က Yoga ကို သူတို့ရဲ့နေ့စဉ်ဘ၀တွေထဲက စိတ်ပင်ပန်းစရာတွေကို ဖြေဖျောက်ဖို့ ၊ ကျန်းမာကြံ့ခိုင်ဖို့နဲ့ ခန္ဓာကိုယ်ကျစ်လျစ်လှပစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နှစ်နှစ်ခြိုက်ခြိုက် ကျင့်လာကြတယ်လို့ တွေ့ရှိချက်တွေအရသိရပါတယ်။

တကယ်လည်း ယောဂကျင့်စဉ်က သွေးတိုး ၊ ဆီးချိုနဲ့ နာတာရှည်ရောဂါတွေရဲ့ရန်ကနေ ကာကွယ်ပေးသလို စိတ်ကျရောဂါ ၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြသနာတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

Couple yoga ကျင့်တဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှတတနဲ့ pose တွေကို ပြုလုပ်ရတဲ့အတွက် ကျင့်နေတဲ့အချိန်မှာလည်း ပျော်ရွင်စရာ ၊ ကြည်နူးစရာအချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်မှာပါ။

နောက်ပြီး couple yoga ဆိုတော့ အမျိုးသားတစ်ဦး ဒါမှမဟုတ် အမျိုးသမီးတစ်ဦးနဲ့ အတူတူကျင့်မှ မဟုတ်ပါဘူး။ Partner yoga အနေနဲ့ ကိုယ်ချစ်ရတဲ့အချစ်ဆုံးသူငယ်ချင်း ၊ မိတ်ဆွေတွေနဲ့လည်း ပုံဖော်လို့ရပါတယ်။ တစ်ယောက်အတွက်တစ်ယောက်က ဖေးမပေးလို့ pose တွေကိုလည်း အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်တာပေါ့။

နိုင်ငံတကာမှာ couple yoga နာမည်ကြီးနေတဲ့အကြောင်းရင်းက social media တွေရဲ့အဓိကပျံ့နှံ့မှုကြောင့်ပါ။ လူမှုကွန်ယက်တွေဆို couple yoga challenge တွေ အများကြီးမကြာခဏတွေ့မြင်လာရသလို တကယ်လည်း ဒီ challenge ပုံလေးတွေက မြင်တဲ့သူတိုင်းကို ပျော်ရွှင်မှုပေးနိုင်တာတော့အမှန်ပါပဲ။

ကိုယ်ကိုယ်တိုင်လည်း အနည်းဆုံးတော့ pose ခက်ခက်ခဲခဲတွေမလုပ်နိုင်သေးရင်တောင် ကိုယ့်ရဲ့ partner နဲ့ တစ်ယောက်ကိုတစ်ယောက် ကျောကပ်ပြီး back-to-back meditation လေးသာ ပုံမှန်ကျင့်ကြည့်ပါ။ ဒီကျင့်စဉ်က ယောဂရဲ့အခြေခံအကျဆုံးဖြစ်သလို partner yoga ရဲ့အခြေခံအကျဆုံးကျင့်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ဘယ်လို couple challenge တွေလုပ်ကြလဲသိချင်ရင်တော့ အင်တာနက်ပေါ်မှာ ကိုယ်တိုင်ရှာဖွေကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Free class တွေ ၊ စာအုပ်တွေနဲ့ tutorial video တွေအများကြီးရှိတာမို့ စိတ်တိုင်းကျ လေ့လာလို့လည်း ရပါတယ်။

အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာမှာ ယောဂကျင့်စဉ်ကို စိတ်ဝင်စားသူတွေတဖြည်းဖြည်းများလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ယောဂသင်တန်းတွေက လူငယ်တွေကြားမှာရော လူလတ်ပိုင်း ၊ လူကြီးပိုင်းတွေအထိပါ နာမည်ကျော်ကြားလာတာ တွေ့နေရပါတယ်။

ဒါဆိုဘာလို့ ကိုယ်လည်း ကိုယ့် partner နဲ့အတူတူတွဲပြီး couple challenge မလုပ်နိုင်ရမှာလဲ။ ကိုယ်ယောဂကြိုက်သလို သူလည်း မကြိုက်ဘူးလို့ မပြောနိုင်ဘူးလေ။

words by lim

LUSH get fitLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Lush Editor

previous post
POWER of RED
next post
Dishes of Prosperity

Recommended

ပြည်တွင်း ပြည်ပ Zumba Instructor တွေပူးပေါင်းကျင်းပတဲ့ “လှုရင်းနဲ့ ပျော်မယ့် ပျော်ရင်းနဲ့...

July 29, 2019

5 Things you don’t know about Nang Kae Mar

July 6, 2019

LUSH 2nd Anniversary – The Iconic Evening Fashion...

October 25, 2019

Never Gets Old | ဘယ်တော့မှ မရိုးသွားမဲ့ Chic Style...

November 14, 2020

LUSH February 2019 Issue Cover Story BTS

February 12, 2019

FASHION WARRIORS

July 12, 2018

SEPTEMBER လမှာထွက်ရှိခဲ့တဲ့ BRANDON MAXWELL ရဲ့ 5TH ANNIVERSARY COLLECTIONS

November 11, 2020

Timeless Iconic Bag @ Dior Lady Art

January 13, 2021

Norway The Land of Beautiful Landscapes

December 29, 2018

Relationship Etiquette

February 15, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem