LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCELIFE

လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

written by Orchid June 23, 2023
လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

လူတယောက်ကို စွှန့်လွှတ်ဖို့လိုအပ်နေပြီဆိုတာ ခံစားရပြီဆိုရင် ဒါကိုယ့်ရဲ့ အလိုလိုသိစိတ်က ပြောပြနေခြင်းပဲ ဖြစ်တယ်။ ဒါကို လက်မခံပဲ ဆုပ်ကိုင်ထားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မချစ်ပဲ ညှင်းပန်းနှိပ်စက်နေသလို ဖြစ်နေပါလိမ့်မယ်။ ဒါဟာ သတ္တိရှိတာမဟုတ်ဘူး။ ရူးမိုက်တာပါ။ ကိုယ့်ဘက်က စွန့်လွှတ်ဖို့ မလွယ်ကူမှန်းသိပေမယ့် လက်လွှတ်ချလိုက်ဖို့အတွက် ကြိုးစားဆုံးဖြတ်ခြင်းဟာ သတ္တိရှိခြင်းပါ။ ကိုယ့်ဘက်က နစ်နာစရာတွေ ဘဝနဲ့ချီပြီး ရှိတာကို သိရက်နဲ့ စွန့်လွှတ်နိုင်တယ်ဆိုရင်တော့ ဉာဏ်အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တခုပဲ ဖြစ်တယ်။ 

ဘယ်လို အခြေအနေတွေမှာ လူတယောက်ကို စွန့်လွှတ်ရမှာလဲ

  1. ကိုယ်မဟုတ်တဲ့လူတယောက်ပုံစံကို တဖက်လူက အတင်းပုံစံသွင်းနေတဲ့အခါ

ကိုယ့်ရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားပါ။ ကိုယ်မဖြစ်ချင်တဲ့ပုံစံကို ဘယ်သူ့အတွက်မှ ပြောင်းလဲမယူပါနဲ့။ ဘာကြောင့်လဲဆိုရင် အသဲကွဲတာက အချိန်တန်ရင် ပြန်ဆက်နိုင်တယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးတာကတော့ ဘယ်အရာနဲ့မှ ပြန်ဆက်လို့ မရဘူး။ ဒါကို သေသေချာချာ စဉ်းစားကြည့်ပါ။ စွန့်လွှတ်လိုက်တဲ့ လူတယောက်ကို နောက်ထပ်လူတယောက်နဲ့ အစားထိုးလို့ရတယ်။ ပျောက်ဆုံးသွားတဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုတော့ ဘယ်အရာနဲ့မှ အစားထိုးလို့ မရဘူး။ 

  1. လူတယောက်က အပြောနဲ့အလုပ် မညီတဲ့အခါ

တယောက်အတွက်တယောက်ကိုယ်ချင်းစာစိတ်နဲ့ မကြည့်ပေးတော့ဘဲ ကိုယ့်ကို အကန်တွေ ၊ အပြစ်တွေပဲ ပြောနေတဲ့အခါ ၊ အပြောနဲ့ အလုပ်နဲ့ မညီတော့တဲ့အခါ စွန့်ခွာသင့်နေပါပြီ။ ကိုယ်နဲ့ တသားတည်း မဖြစ်နေတဲ့ အဖော်နဲ့ လက်တွဲနေခြင်းဟာ ဆုတ်ယုတ်နေခြင်းပါ။ ကိုယ့်ရဲ့ အင်အားတွေ ဆုတ်ယူမယ့်သူမရှိတော့တဲ့အခါ တယောက်တည်းရှေ့ဆက်နိုင်ဖို့ အင်အားတွေ ပိုရလာပါလိမ့်မယ်။ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့ ကိုယ်ဘဝကို ကိုင်တွယ်နိုင်သူဖြစ်ပါစေ။ တခြားသူတွေရဲ့ အထင်အမြင်တွေပေါ် မနစ်မျောအောင် သတိနဲ့ နေတတ်ရမယ်။ 

  1. တစုံတယောက်က ကိုယ့်ရဲ့တန်ဖိုးကို နားမလည်တော့တဲ့အခါ

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကိုယ့်တန်ဖိုးကို ကိုယ်သိပါ။ ကိုယ့်ရဲ့ တန်ဖိုးကိုမသိတဲ့သူတယောက်ရဲ့ အနားမှာ မနေခြင်းဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းပါ။ ကိုယ့်အတွက်ကိုယ် ထိုက်တန်မှုရှိတဲ့သူဖြစ်အောင် ကြိုးစားပါ။ တန်ဖိုးမသိတဲ့လူတယောက် တန်ဖိုးထားခြင်းကို မျှော်လင့်နေတဲ့သူ မဖြစ်နေပါနဲ့တော့။ အရှင်းဆုံးပြောရရင် ဒါမိုက်မဲတဲ့သူတယောက်ရဲ့ လုပ်ရပ်ပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ အကောင်းဆုံး မေတ္တာတရားနဲ့ ကိုယ် ထိုက်တန်ပါတယ်။ ဒီအရာတွေအားလုံး ကိုယ့်ကိုယ်ကိုယ် ပေးနိုင်အောင် ကြိုးစားပါ။

  1. ကိုယ့်ရဲ့ လက်ရှိအခြေအနေက နေလို့အဆင်မပြေတော့တဲ့အခါ 

ကိုယ့်ဘဝမှာနေထိုင်ရတာ အဓိပ္ပါယ်လုံးဝမရှိဘူးလို့ ခံစားနေရတဲ့အခါ စွန့်ခွာစရာရှိတာတွေကို စွန့်ခွာပြီး ကိုယ့်အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ဘဝမှာ နေထိုင်လိုက်ပါ။ ကိုယ့်ရဲ့ အိမ်မက်တွေကို မလုပ်နဲ့လို့ ပယ်ချသူတွေရဲ့နားကနေ ဝေးနိုင်အောင် ကြိုးစားပါ။ စွန့်စားပါ။ ရဲရင့်ပါ။ သရဲဘောမကြောင်ပါနဲ့။ ကိုယ့်ဘဝအတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပါ။ 

  1. ကိုယ်ရဲ့စိတ်တွေ အမြဲအတိတ်မှာပဲ ပျံ့လွင့်နေတဲ့အခါ

ဒါဟာ ကိုယ်တိုင် ကိုယ့်ရဲ့လက်ရှိဘဝမှာ နေထိုင်နေတဲ့သူ မဟုတ်နေပါဘူး။ တစုံတယောက်ကြောင့် အတိတ်မှာ နေထိုင်တယ်ဆိုကတည်းက နောင်တဖြစ်နေလို့ပါ။ လက်ရှိမှာ အဆင်မပြေနေတဲ့ ဆက်ဆံရေးကို ဆုပ်ကိုင်ထားရတာ ပင်ပန်းပါတယ်လေ။ ကိုယ့်ရဲ့ စိတ်လေးလွတ်မြောက်ဖို့အတွက် သူ့ကို လက်လွှတ်လိုက်ပါ။ အတိတ်ထဲမှာ ချောင်ပိတ်မိနေတယ်ဆိုလည်း သူ့ကို စွန့်လွှတ်လိုက်ပါ။ အားတင်းပြီး ခံစားနေရတာ မခံစားနိုင်တော့တဲ့အဆုံးဆိုရင်လည်း  သူ့ကို ထွက်သွားခွင့်ပေးလိုက်ပါ။ 

နောက်ဆုံးမှာ ကိုယ်တိုင် စိတ်ထဲမှာ ပိတ်မိနေတာတွေကနေ လွတ်မြောက်လာပါလိမ့်မယ်။ နာကျင်မှုတွေကိုရော ၊ ကိုယ့်ရဲ့ မျက်ရည်တွေကို အချိန်က ကုစားပေးသွားပါလိမ့်မယ်။ 

ဘယ်အရာကိုမှာ တည်မြဲနေအောင် ဆုပ်ကိုင်ထားလို့ မရပါဘူး။ ပြောင်းလဲခြင်းတရားကသာ တည်မြဲတာ မှန်ကန်တဲ့ နိယာမတခုပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲခြင်းတရားကို လက်ခံပါ ။ အရမ်းခက်ခဲပေမဲ့လည်း ပြောင်းလဲနိုင်အောင် ကြိုးစားပါ။ လွှတ်ချနိုင်အောင် ကြိုးစားပါ။ စွှန့်လွှတ်နိုင်အောင် ကြိုးစားပါ။ လွတ်မြောက်ခြင်းကို ကိုယ်ပြန်ရပါလိမ့်မယ်။ 

Life BalanceLifeStyleLUSH
1
Facebook Twitter Google + Pinterest
Orchid

previous post
Pride Month ကျင်းပဖို့အတွက် Creative ဖြစ်တဲ့ Makeup Look များ
next post
Pride Month ကို ကျင်းပလို့ရမယ့် Fashion အပြင်အဆင်တွေ

Recommended

Elle – Floral Burst Collection

April 22, 2020

The Emotions Brought Creations

October 7, 2019

Friendly Decos for Home and Environment

April 18, 2018

FKA Twigs: The Groundbreaking Style Icon

May 15, 2018

Signs of A Shallow Person

March 18, 2019

Cities Of Fashion

July 13, 2018

နေ့စဉ်ဘဝ ဟန်ချက်ညီနေဖို့

April 19, 2023

Voice to the Voiceless

March 28, 2020

Body Of An Angel

July 13, 2018

Idol Of K-Pop 

July 16, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem