LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
AccessoriesCover Story

Wedding shoes recommendations for BRIDES

written by Thi's Fashion Alliances December 7, 2020
Wedding shoes recommendations for BRIDES

ဒီတစ်ပတ်မှာတော့ lush ရဲ့စာဖတ်ပရိသတ်တို့အတွက်စိတ်ဝင်စားမဲ့ကဏ္ဍလေးတစ်ခုရှိပါတယ်။ pandemic ပြီးရင်မင်္ဂလာဆောင်ကြမယ် ဆိုတဲ့သတို့သမီးလေးတွေအတွက် မင်္ဂလာခန်းမထဲကိုလျှောက်လှမ်းလာမဲ့ ကုဋေတစ်သန်းမကတန်တဲ့ ခြေလှမ်းတွေကိုတန်ဆာဆင်ဖို့ luxury  ဆန်တဲ့ ခြေနင်းဖိနပ်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ brand အမှတ်တံဆိပ်၊ price၊ material ၊ design အစုံအလင်ကိုဖော်ပြပေးသွားမှာဖြစ်လို့ ဖိနပ်ရွေးချယ်ဖို့ စဉ်းစားရကြပ်နေသူတွေအတွက် လွယ်ကူသွားလိမ့်မယ်လို့ထင်ပါတယ်။

Jimmy Choo

ပထမဆုံး ရွေးချယ်ထားတဲ့ brand ကတော့ Jimmy Choo ပဲဖြစ်ပါတယ်။ luxury ဆန်တဲ့ bridal ဖိနပ်ကိုရွေးချယ်တဲ့နေရာမှာ Jimmy Choo ကိုမေ့ထားလို့မရပါဘူး။ bridal သီးသန့်ဖိနပ်တွေကိုထုတ်လေ့ရှိတဲ့အပြင် ကမ္ဘာကျော်နာမည်ကြီး Swarovski crystal တွေကိုသုံးပြီးသော်လည်းကောင်း၊ တခြား glitter တွေ ၊ ပုလဲတွေ ၊ lace တွေစတဲ့ material တွေနဲ့သော်လည်းကောင်း ဖန်တီးထားတဲ့ ထိပ်ပွင့် ဖိနပ်( open toe) ၊ ထိပ်ပိတ်ဖိနပ် ( pumps)၊ ကြိုးသိုင်းဖိနပ်(sandals ) စတဲ့ ရွေးချယ်စရာအမျိုးအစားစုံစုံလင်လင်ရှိတာကြောင့် ထည့်စဉ်းစားသင့်တဲ့ brand တစ်ခုပဲဖြစ်ပါတယ်။

 

Emmy London

နောက်တစ်ခုကတော့ Emmy London ဆိုတဲ့ bridal သီးသန့် ပစ္စည်းတွေပဲထုတ်လေ့ရှိတဲ့ luxury brand တစ်ခုပဲဖြစ်ပါတယ်။ floral တွေ embroidery တွေနဲ့ ကြွကြွရွရွလေးဖြစ်အောင် အနုစိတ်ကျကျ ထုံမွှမ်းထားတာဖြစ်လို့ romantic vibe ကိုအပြည့်အဝရတဲ့အပြင် နူးညံ့ညင်သာတဲ့ သတို့သမီးလေးအဖြစ် လျှောက်လှမ်းနိုင်စေမှာအသေအချာပါပဲ။

 

Manolo Blahnik

အမျိုးသမီးတစ်ယောက်အတွက်အရေးကြီးဆုံးဖြစ်တဲ့ မင်္ဂလာနေ့ရက်မှာဝတ်ဆင်ဖို့ ဖိနပ်ရွေးချယ်မယ်ဆိုရင်တော့ Manolo Blahnik ကိုထည့်မစဉ်းစားလို့မဖြစ်ပါဘူး။ သမရိုးကျ ဖြစ်လွန်းတဲ့ ဖိနပ် design အမျိုးမျိုးမှာ အနည်းငယ်ကွဲထွက်စေချင်တယ်ဆိုရင်တော့ ဒီ အမှတ်တံဆိပ်ကိုရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။ material အနေနဲ့ အများအားဖြင့် satin ကိုသုံးလေ့သုံးထရှိပြီး ထိုက်သင့်တဲ့ crystal တွေ jewel တွေ​နဲ့ အလှဆင်ထားတာမို့လို့ ထူးခြားလှပတဲ့ သတို့သမီးလေးအသွင်ကို ဆောင်စေမှာပဲဖြစ်ပါတယ်။

 

Christian Louboutin

Rose gold color နဲ့ ကြိုးတွေ အများကြီးယှက်ထားတဲ့ wedding shoe မျိုးကိုကြိုက်နှစ်သက်တဲ့ သတို့သမီးလျောင်းလျာလေးတွေအတွက်ကိုတော့ Christian Louboutin ဆိုတဲ့ brand ကိုရွေးချယ်ပေးထားပါတယ်။ ခြေထောက်အလှကိုပေါ်လွင်စေတဲ့ see through material တွေ ကြိုးတွေကို သုံးလေ့ရှိပြီးတော့ တခြားသော crystal embroidery ဒီဇိုင်းတွေလည်းရှိတာကြောင့် ဖိနပ်ရွေးချယ်ရာမှာ ထည့်စဉ်းစားသင့်တဲ့ အမှတ်တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။

 

Roger Viver

Wedding heels အတွက်ထည့်စဉ်းစားစရာ နောက်ထပ်တစ်ခုကတော့ Roger Vivier ဆိုတဲ့ high end brand တစ်ခုပဲဖြစ်ပါတယ်။ သူ့မှာလည်းတခြားအမှတ်တံဆိပ်များနည်းတူ ဒီဇိုင်းအမျိုးမျိုးရှိတဲ့ထဲမှာမှ crystal တွေ နဲ့ shiny material တွေ ကိုသုံးပြီး glamour vibe ကိုရစေတဲ့ ဖိနပ်အမျိုးအစားတွေကို စာရေးသူအနေနဲ့ recommend လုပ်ချင်ပါတယ်။ သမရိုးကျ အရောင် တွေတင်မကပဲ တခြား အရောင်တွေကိုလည်း ရွေးချယ်နိုင်သေးတာဖြစ်လို့ ထည့်စဉ်းစားဖို့ အကြံပြုပါတယ်။

 

Valentino Garavani & Gianni Versace

နောက်ဆုံးအနေနဲ့ အရမ်းကြီး မိန်းကလေးမဆန်တဲ့ အမျိုးသမီးတို့အတွက် ကိုတော့ embroidery တွေ အများကြီးမပါတဲ့ရိုးရှင်းပြီး classic ဆန်တဲ့ Valentino နဲ့  Versace ကို recommend ပေးချင်ပါတယ်။ bridal အတွက်ရည်ရွယ်ပြီး ထုတ်ထားတာမဟုတ်သော်ငြားလည်း အခုနောက်ပိုင်း mainstream ပေါ်ရောက်လာတဲ့ ပေါ့ပါးလွတ်လပ်တဲ့ jumpsuit or play suit အမျိုးအစား မင်္ဂလာဝတ်စုံတွေ ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ classic & feminine vibe ကိုရစေတဲ့ ဒီလိုဖိနပ်မျိုးကိုဝတ်ဆင်ဖို့ အကြံပြုပါရစေ။ 

ဒီနေ့ ဖော်ပြသွားတဲ့ Bridal heel တွေနဲ့ပတ်သက်ပြီး စာဖတ်သူတို့သဘောကျနှစ်သက်လိမ့်မယ်ထင်ပါတယ်။ နောက်အပတ်မှာလည်း ပိုမိုကောင်းမွန်တဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ ပြန်လာခဲ့ပါ့မယ်။

LUSH X THi’s Fashion Alliances Collaboration 

Fashion AccessoryLUSH December 2020LUSH Magazine MyanmarThi's Fashion AlliancesWedding Fair
1
Facebook Twitter Google + Pinterest
Thi's Fashion Alliances

previous post
Advanced Polish Accessories: To Make You Look Glamorous
next post
Marc Jacobs ရဲ့ Heaven New Collection

Recommended

Amazing paint sets you got to try

June 4, 2020

New Normal Business Casual for Rainy Season

June 15, 2020

Shades by American Vision Myanmar Plaza Branch Opening...

January 17, 2019

Classic Glamour: To Never Go out of Style

December 12, 2020

Recapturing the memories of 2019

December 13, 2019

Performance Art

January 11, 2019

Prized cats of the world

February 26, 2019

Wedding Charms

September 12, 2017

New Deco for 2019

January 25, 2019

5 Things you don’t know about Shwe Mhone Yati &...

March 18, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem