LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

WALKING IN HIS SHOES

written by Lush Editor June 12, 2018
WALKING IN HIS SHOES

WALKING IN HIS SHOES

ကျွန်မတို့တွေ သွားရင်းလာရင်းကြုံကြိုက်လို့ဖြစ်စေ၊ အိမ်နီးနားချင်းတွေဖြစ်စေ၊ အလုပ်ခွင်ထဲမှာဖြစ်စေ ယောကျာ်းသားတစ်ဦးနဲ့ ငြင်းခုံကြတဲ့အခါ အနိုင်ယူလိုဇောနဲ့ “မိန်းမလိုမိန်းမရမပြောနဲ့တို့၊ မိန်းမကျင့် မိန်းမကြံနဲ့တို့၊ နှုတ်သီးကောင်းလျှာပါး ရန်တွေ့နေလိုက်တာ မိန်းမကျနေတာပဲ” ဆိုတာမျိုးတွေ ပြောမိနေတုန်းလား။ ဒါဆိုရင်တော့ ကျွန်မတို့လိုချင်တောင့်တပြီး အမြဲတောင်းဆိုခဲ့တွဲ့နညိနမ နဆကေူငအပ အကြောင်းကို ပြန်စဉ်းစားကြည့်ဖို့လိုပြီလို့ ပြောပါရစေ။

မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ ပုံစံသွင်းမှုတွေကြောင့် ဘယ်အရာတွေက မိန်းမသဘာဝဖြစ်ပြီး ဘယ်အရာတွေက ယောကျာ်းသဘာဝရယ်လို့ အလိုလိုခံယူမိကြတဲ့အခါ လူသားသဘာဝဆိုတာကို မေ့လျော့တတ်ကြပါတယ်။ လူသားသဘာဝကို အနောက်မှာထားမိတာနဲ့တစ်ပြိုင်နက် မိန်းမလိုမိန်းမရ ပြောနေလိုက်တာ၊ ယောကျာ်း ဆိုတာ မငိုရဘူး၊ ယောကျာ်းလေးပဲ အလျှော့ပေး ရမှာပေါ့၊ ရည်းစားစကား ဆိုတာ ယောကျာ်းလေးဘက်ကပဲ အရင် စပြောရမယ်၊ ယောကျာ်းဖြစ်ပြီး အရပ်ပု လိုက်တာ စတာတွေ ပြောမိတတ်တော့ တာပဲ။ ဒီစကားတွေကို မပြောဖူးတဲ့သူသာ ရှိရင်ရှိမယ်၊ မကြားဖူးတဲ့သူတော့ ရှိမယ် မထင်ဘူး။

ယောကျာ်းလေး ဖြစ်လို့ မိန်ကလေးတွေနဲ့ ပြိုင်မငြင်းရဘူး၊ ဘယ်ကိစ္စမဆို အလျှော့ ပေးရမယ်၊ ယောကျာ်းမှန်ရင် မငိုရဘူး ရယ်လို့ ဘယ်နိုင်ငံမှာမှ ဥပဒေထုတ် တားမြစ်မထားပေမယ့် မွေးဖွားစ အချိန်ထဲက ဒီလိုသတ်မှတ်ပေးထားတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်း ခဲ့ရပါတယ်။ ဒီတော့ ယောကျာ်းသားများဟာ လည်း မိန်းမသားများနည်းတူ ပျော်ရွှင်တတ်၊ ဝမ်းနည်းတတ်၊ ရယ်တတ်၊ ငိုတတ်၊ ဒေါသ ထွက်တတ်တဲ့ လူသားများ ဖြစ်တယ် ဆိုတာကို ပတ်ဝန်းကျင်အပြင် အချို့ယောကျာ်းလေးများ ကိုယ်တိုင် မေ့လျော့နေ တတ်ပါတယ်။ မိန်းကလေး တစ်ယောက်ငိုတာကို ဘယ်သူမှ အထွေအထူးမလုပ်ကြပေမယ့် ယောကျာ်းလေး တစ်ယောက်ငိုတဲ့အခါ အထူးအဆန်းဖြစ်ရုံမက ကာယကံရှင်ကို လှောင်ပြောင်ကြတဲ့ အခြေအနေတွေပါ ရှိတာကိုလည်း သတိထားမိကြမှာပါ။

ဒါ့အပြင် ချစ်သူသမီးရည်းစားတွေ ကြားမှာလည်း ယောကျာ်းလေးဘက်ကပဲ အမြဲအလျော့ပေးရမယ်၊ အပြင်သွားတဲ့အခါ အထုပ်အပိုးမှန်သမျှသယ်ရမယ်၊ ယောကျာ်းလေးဆိုတာ စိတ်မကောက်ရဘူး၊ ရစ်သမျှခံရမယ် စတာတွေ ရှိတတ် ကြပါတယ်။ ဒါတွေက ချစ်စမှာမသိသာပေမယ့် ကြာလာတဲ့အခါ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ချစ်သူ ကောင်လေးဟာလည်း လူထဲက လူတစ်ဦး ဖြစ်တာကိုမမေ့ပဲ သူ့ခံစားချက်ကိုကိုယ်ချင်းစာပေးဖို့ လိုပါတယ်။ ကိုယ်ကချစ်လို့လိုက်လျောရင်းကနေ ကိုယ့်ကိုတန်ဖိုး မထားတော့တာ၊ အမြဲတမ်းအရှုံး ပေးနေရတာ၊ ခံစားချက်တိုင်း လျစ်လျူရှုခံထားရတာကို ဘယ်အမျိုးသားမှ ရေရှည် သည်းခံနိုင်မှာ မဟုတ်ပါဘူး။

တချို့သူများကလည်း ယောကျာ်းလေးဆိုတာ အရပ်ရှည်မှ ဗလရှိမှဆိုတဲ့ အတွေး မျိုးရှိတတ်ပြီး အရပ်ပုတဲ့သူ၊ ပိန်တဲ့သူများကို လှောင်ပြောင်ကြတာတွေရှိ တတ်ပါတယ်။ ကာယကံရှင် ယောကျာ်းလေးများကို သူ့ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး စိတ်အလိုမကျတာ စိတ်ဓာတ်ကျတာမျိုးတွေအထိ ဖြစ်စေတတ်ပါတယ်။ တကယ်တော့ အပြင်ပုံပန်း သဏ္ဍာန်ထက်ကျန်းမာရေးကောင်းဖို့က အဓိက ဖြစ်ပါတယ်။

နောက်တချက်ကတော့ မိန်းကလေးက ယောကျာ်းလေး ကိုရိုက်နှက်တဲ့အခါ သူက ဘာတွေလုပ်လဲမှမသိတာလို့ ပြောကြ ပေမယ့် ယောကျာ်းလေးက ရိုက်ရင် တော့ နှမချင်းမစာနာ နှိပ်စက်နေလိုက် တာလို့ ပြောမိတတ်ကြ ပါတယ်။ ဒီနေရာမှာ ကျူးလွန်သူဟာ မိန်းကလေး ဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် လူလူချင်း ကိုယ်ထိလက်ရောက် စော်ကားမှုလို့ပဲ မြင်တတ်ဖို့ လိုပါတယ်။ အဲဒီ့လိုပဲ ဘတ်စ်ကား ပေါ်မှာ မိန်းကလေးက ယောကျာ်းလေး အသားကို ထိမိရင် ဘယ်သူမှ အသားယူတယ်လို့ မတွေး ပေမယ့် ယောကျာ်းလေး ဘက်က မတော်တဆထိမိရင်တောင် သက်သက် အသား ယူတယ်လို့ ကာယကံရှင် ယောကျာ်းလေး ကလွဲပြီး ကျန်လူများ ကတွေးတတ်ကြပါတယ်။ ဘတ်စ်ကား စီးတဲ့ ယောကျာ်းလေး တိုင်းနီပါး ဒီလို အထင်ခံ ရဖူးမယ်လို့ ထင်ပါတယ်။ မိန်းကလေးများ ဘက်ကလည်း ကိုယ့် အတွက် အန္တရာယ်ရှိတဲ့ လူကို ကြည့် ရှောင်ဖို့ လိုသလို ယောကျာ်းမှန်သမျှ အသားယူတဲ့လူတွေပဲဆိုတဲ့ အတွေးကိုဖျောက်ဖို့ လိုပါတယ်။

ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ ကျား၊ မတန်းတူညီမျှမှု (Gender Equaility) ရှိပြီး လွတ်လပ်စွာနေထိုင်ကြဖို့ ကျွန်မတို့အားလုံး ကိုယ့်အခွင့်အရေးကို ရယူတတ်ရမှာ ဖြစ်သလို သူတပါးအခွင့်အရေးကိုလည်း လေးစားတတ်ရမှာ ဖြစ်ပါတယ်။ အားလုံးဟာ လူသားသဘာဝအရ ခံစားတတ်တယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်။ ကိုယ်က အနိုင်ယူချင်ယုံသက်သက် ပြောလိုက်တဲ့စကားတခွန်းကအစ သူတပါး အခွင့်အရေးကို မသိမသာ ချိုးဖောက်မိရက်သား ဖြစ်နေတတ်တာ၊ ကိုယ့်စကားက ကိုယ့်သိက္ခာကို ကျစေတတ်တာမို့ ကျွန်မတို့ရဲ့အပြုအမူ၊ အပြောအဆိုတိုင်းကို ဂရုစိုက်ကြဖို့လိုပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ကျွန်မတို့အားလုံး တစ်ယောက်ကို တစ်ယောက် အနိုင်ယူချင်တဲ့ စိတ်နဲ့မဟုတ်ပဲ အနိုင်ပေးတဲ့စိတ်နဲ့ နေထိုင်ကြရအောင်ပါ။

(English Version)

When we argue with a man be it a stranger, or a neighbour or a colleague, we, women still talk them back like “stop being a narrow-minded one? or stop retorting back like a girl?” to win an argument. Then, let me tell you that we should rethink about the Gender Equality that we have been wanting.

We all grew up in a typical environment and learnt about women’s nature and men’s nature from it and we forgot about human’s nature. And simultaneously, we are used to hearing the talks like “men don’t act narrow-mindedly as girls”, “real men don’t cry”, “always let girls win”, “men should make the first move to be in relationship”, “male’s height shouldn’t be that short” and so on. There may be the ones who never have been talked these kinds of words, but not the ones who never have been heard.
Although there is no law in all over the world such as men must let the women win an argument or men must not cry, our social environment kind of specified like that. So, not only women but also some men forget about men are also human beings and they also have feelings like others. They can be happy, sad, angry, etc…And we will notice that no one thinks anything of importance if a girl cries but if a boy cries, almost everyone thinks differently. Even this boy, a possible victim, can be made fun of his crying.

Besides, there may be the thoughts like men must be the ones who always let girls win at every single thing, girls can sulk but men never and so on in a relationship. Although these are non-special things at first, these can be the problems later. You shouldn’t forget about your boyfriend is also a human and you have to respect his feelings. He can be tired of these kinds of your actions in long-term.

There are some people making fun of man’s physical appearances such as his height, weight and a lack of masculinity. This can put a man to shame and feel embarrassed for himself. In my personal point of view, to be in good health is more important than physical images for a person. So guys, don’t worry about your height, weight and your appearances. Everything is OK if you are in a good health.

And people used to think like what things that man did wrong when a girl hits a man but when a man hits a girl, they think that he commit violence to a gentle sex. We all should think that violence is violence whether the aggravator is a girl or a man. Also, when a girl accidentally touches a man on a bus, no one will think she is taking advantage of him but when a man does, people think differently. I think almost every man can be accused of it at least once in his bus ride. Although women have to avoid the dangerous men, we have to avoid seeing every man as an opportunist.

In our modern society, not only we have to take our rights but also we have to respect the rights of others to get the Gender Equality and to live independently. We have to think about the human’s nature and we need to respect everyone’s feelings. Even a word we speak can break the rights of others and our actions impact our images. So, we need to be careful of the way we speak and our actions. Let’s live our daily life with the empathy for other people.

LUSH JUNE 2018
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Baby-G ရဲ့ new collection အနေနဲ့ထွက်ရှိတော့မယ့် Jimisu Series
next post
BACHELOR’S BEDROOM

Recommended

Top 5 Floral Fragrances For LUSH Brides

December 14, 2020

ကိုဗစ်ကာလ လူငယ်တို့ရဲ့ Gym ယဉ်ကျေးမှု

June 23, 2020

Collagen supplements တွေရဲ့ကောင်းကျိုးများ

August 10, 2020

ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle

August 11, 2023

ဆိုင်ပေါင်း ၂၅၀ ကို အပြီးပိတ်လိုက်တော့မယ့် Victoria’s Secret

May 21, 2020

LOVE SHOULD NOT HURT

May 17, 2019

The Iconic Evening Fashion Show – Runway of...

October 28, 2019

The Iconic Evening Fashion Show – Versace Jeans...

October 26, 2019

ငယ်ငယ်က ကိုယ်ကျပ်အင်္ကျီတွေ ဝတ်ခဲ့တာဟာ “ယုံကြည်မှုအားနည်းခဲ့တဲ့ လက္ခဏာ” လို့ ပြောခဲ့တဲ့ Victoria...

June 19, 2020

Paris Fashion Week F/W20 က Best Look များ

March 6, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem