LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HAIR & NAILSHEALTH & BEAUTY

ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle

written by Maeve August 11, 2023
ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle

နှစ်တွေဘယ်လိုပြောင်းပြောင်း အမြဲတမ်းခေတ်စားနေတဲ့ဆံပင်ပုံစံတခုရှိပါတယ်။ အဲ့ဒါကတော့ Bob Hairstyle ပါပဲ။ Bob Hairstyle က ဒီနိုင်ငံရဲ့ရာသီတိုင်းနဲ့လည်း လိုက်ဖက်သလို မျက်နှာပုံစံအမျိုးအစားပေါ်မူတည်ပြီး အတိုအရှည်ကိုညှိယူပြီး ညှပ်လို့ရလို့ အားလုံးသဘောကျကြတဲ့ hairstyle တခုလည်း ဖြစ်လို့နေတာပေါ့။ ခုနှစ်ပေါ်မူတည်ပြီး ပုံစံလေးတွေ နည်းနည်းစီပြောင်းကြတာမျိုးရှိလို့ ဒီနှစ်နှောင်းပိုင်းနဲ့လာမယ့် 2024 မှာ ဘယ်လို Bob Hairstyle တွေက ခေတ်စားလာနိုင်မလဲဆိုတာ စာရေးသူနဲ့အတူတူ လေ့လာကြည့်လိုက်ရအောင်။

ခေတ်စားလာမယ့် Bob Hairstyle တွေကို မသွားခင် Bob နဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောပြချင်ပါသေးတယ်။ ဒီနှစ်ထဲမှာဆို တချို့သတိထားမိကြမယ်ထင်တယ်။ Celebrities တွေတော်တော်များများ ဆံပင်အတိုညှပ်တာမျိုး အရင်ကထက် ပိုတွေ့လာရတယ်။ အဲ့ထဲမှာ Bob Hairstyle ကလည်း ထိပ်ဆုံးကနေ ပါတာပေါ့။ Zendaya, Hailey Bieber, Aubrey Plaza, Kaia Gerber တို့အပါအဝင် Celeb တော်တော်များများရဲ့ ပုံစံမတူ Bob Hairstyle တွေက inspiration ဖြစ်စရာတွေကြီးပါပဲ။

lauren bacall

Bob က လူတိုင်းနဲ့လိုက်ဖက်တယ်ဆိုတာကတော့ ပြောစရာကိုမလိုတော့ပါဘူး။ ကိုယ့်ရဲ့မျက်နှာကျ၊ ကိုယ့်ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး အလိုက်ဖက်ဆုံးရွေးချယ်လိုက်ဖို့ပဲလိုတာပါ။ နောက်ပြီး Bob မှာ ဘယ်အရှည်ကတော့ အကောင်းဆုံးပါဆိုတဲ့သတ်မှတ်ချက်မျိုးလည်း မရှိဘူး။ ကိုယ့်ရဲ့ personal taste တွေ၊ ကိုယ်သွားချင်တဲ့ style ပုံစံတွေပေါ်မူတည်ပြီး ကြိုက်သလိုကို ရွေးလို့ရတယ်။

နောက်ပြီး ဘယ်လို Bob Haircut မျိုးက ကိုယ့်မျက်နှာကျနဲ့အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာကလည်း သိပ်စိုးရိမ်စရာမရှိဘူး။ ဘာလို့ဆို Bob က လူတိုင်းနီးပါးနဲ့ကို လိုက်ဖက်တဲ့ Hairstyle ထဲမှာပါပါတယ်။ မျက်နှာဝိုင်းတဲ့သူဆို Bob ညှပ်ရင် မျက်နှာသွယ်သွားပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတဲ့ feature တွေကို ပိုပေါ်စေတယ်။ မျက်နှာရှည်တဲ့သူဆို ခပ်တိုတို မေးရိုးလောက်ထိပဲရှည်တဲ့ Chin-length Bob ကိုမှ wave လေးတွေထည့်တာမျိုးနဲ့ဆို အရမ်းကိုလိုက်တယ်။

kaia gerber

အသဲပုံမျက်နှာကျမျိုးရှိတဲ့သူဆိုရင် မေးရိုးကိုသွယ်သလိုဖြစ်သွားစေတဲ့၊ Chin-length Bob ထပ်နည်းနည်းတိုတဲ့ Jaw-length Bob မျိုးက တော်တော်လိုက်သလို လေးထောင့်ကျတဲ့မျက်နှာကျပိုင်ရှင်တွေဆိုရင် ပုခုံးထိရှည်တဲ့ Shoulder-length Bob ကိုမှ Bang လေးနဲ့တွဲညှပ်တာမျိုးဆို မျက်နှာသွယ်သလိုဖြစ်သွားစေတယ်။

michaela coel

Bob Haircut ညှပ်ပြီးရင် ထိန်းသိမ်းဖို့အတွက်ကလည်း ထွေထွေထူးထူးတော့မရှိဘူး။ ကိုယ်က ညှပ်ပြီးတာနဲ့ ဆံပင်အရှည်ထားဖို့ဆုံးဖြတ်ထားရင် Hairstylist ဆီ အကြာကြီးနေမှ တခါလောက် ပုံပြန်ညှိဖို့ သွားရုံပဲ။ ဆံပင်အတိုအတိုင်းပဲကြိုက်တယ်၊ Bob Haircut အတိုင်းလေးပဲ နေချင်တယ်ဆိုမှ တစ်လ၊ တစ်လခွဲလောက်တခါ Hairstylist ဆီသွားပြီး ပုံပြန်သွင်းရင် အဆင်ပြေတယ်။

ကဲ… Bob Hairstyle နဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေပြောပြီးပြီဆိုတော့ ခေတ်စားလာမယ့် Bob Hairstyle တွေထဲက ၁၀ မျိုးကို မျှဝေပေးသွားမှာမို့ ညှပ်ဖို့စဉ်းစားနေတဲ့သူတွေ screenshot ရိုက်ပြီး သိမ်းထားဖို့ အသင့်လုပ်ထားလိုက်တော့နော်။

Modern Italian Bob

zendaya

Italian Bob ဆိုတာနဲ့ Zendaya ကိုပြေးမြင်တာပါပဲ။ Bob ကို wave လေးတွေနဲ့ညှပ်ချင်တယ်ဆို ဒီ Italian Bob လေးကို bucket list ထဲ ထည့်ထားလိုက်တော့။

Wolf-Cut Bob

၂၀၂၂ မှာခေတ်အစားဆုံးဖြစ်ခဲ့တဲ့ Wolf-cut တွေက အဲ့မှာတင်မရပ်သွားဘူးနော်။ Wolf-cut ကိုမှ Bob ပုံစံညှပ်တာတွေကလည်း သေချာပေါက်ခေတ်စားဦးမှာပါ။ Bob ကိုမှ Wolf-cut ရဲ့ layers အထပ်ထပ်တွေကို ထည့်ပြီး ညှပ်တာမို့ မျက်နှာကို သွယ်သွယ်လေးဖြစ်ချင်တယ်ဆို ဒါလေးကတော့ must try ပါ။

Sleek Middle Part Long Bob

selena gomez

ဒီ Bob ပုံစံက Shoulder-Length Bob ကိုမှ အလယ်ခွဲထားတဲ့ပုံစံမို့ မျက်နှာသွယ်သလိုဖြစ်စေလို့ မျက်နှာကျတိုင်းနဲ့ကိုလိုက်တယ်။ ဒီပုံစံက ‘90s ခေတ်က Friends series ထဲက Rachel ရဲ့ဆံပင်ပုံစံလေးနဲ့လည်း ဆင်တယ်နော်။

French Bob

French Bob က ပြီးခဲ့တဲ့နှစ်တုန်းကတည်းက အရမ်းကိုခေတ်စားခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ခေတ်က မပြီးသေးဘူးနော်။

Undone Bob

နာမည်အတိုင်းပဲ ထိန်းသိမ်းရအရမ်းလွယ်တဲ့ထဲမှာပါတဲ့ Undone Bob က Chic and edgy ဖြစ်ပြီး စတိုင်လ်လည်းအရမ်းမိမိုက်နေပါရော။ ဒါကြောင့်လည်း Hailey Bieber, Aubrey Plaza, Kourtney Kardashian Barker တို့အပါအဝင် celeb တော်တော်များများကြိုက်ကြတာပေါ့။

Sideswept Bob

Millennial တွေရဲ့ ဆံပင်ဘေးခွဲစတိုင်လ်က တဖြည်းဖြည်းတော့ပြန်ခေတ်စားနေပြီနော်။ Bob ကိုမှ အခုလို ဘေးခွဲပြီး Old Hollywood ခေတ်တုန်းက wave မျိုးနဲ့ဆို တည်ကြည်ရင့်ကျက်တဲ့ပုံစံလေးနဲ့ တော်တော်ကို ကြည့်လို့ကောင်းနေရော။ ဒီ Look က ဘယ်ဆံသားဖြစ်ဖြစ်၊ ဘယ်မျက်နှာကျဖြစ်ဖြစ် လိုက်တယ်။

Blunt Cut Bob

ဆံသားဖြောင့်စင်းတဲ့သူမျိုးဆို ဒီ Blunt Cut က တော်တော်ကိုလိုက်ပါတယ်။ Blunt Cut ကိုမှ Hailey Bieber လို wave လေးထည့်လည်း သွက်လက်တဲ့ပုံစံလေးနဲ့ ကြည့်လို့အရမ်းအဆင်ပြေနေတာပါပဲ။

Shaggy Lob

Shag haircut တွေက 2023 မှာ ပိုပြီးခေတ်စားလာတာ အားလုံးသိကြမယ်ထင်ပါတယ်။ ဒါကိုမှ Bob Haircut နဲ့ပေါင်းပြီး ညှပ်လိုက်ရင်တော့ cherry on top ပါပဲ။

Bob with Mini Curtain Bangs

Bob Haircut ကို ပုံမှန်မြင်နေကြတွေနဲ့ ကွဲထွက်ချင်တယ်၊ အရမ်းထိန်းသိမ်းရတာမျိုးလည်းမကြိုက်ရင် ဒီပုံစံလေးကိုတော့ recommended ပါပဲ။

Ballet Chic Bob

ပုံထဲက Maya Hawke ရဲ့ Bob haircut မျိုးဆို Elegant and cute vibe မျိုးရသလို ဘယ်မျက်နှာကျမျိုးနဲ့မဆို လိုက်တယ်။ ပုံလေးအမြဲသွင်းပေးနိုင်တယ်ဆို ဒီ haircut လေးကတော့ ညှပ်ကိုညှပ်သင့်တယ်။

Hair TrendsHairstyle TrendLUSH beautyLUSH Hair
0
Facebook Twitter Google + Pinterest
Maeve

previous post
ပုဂံရောက်တုန်း အကြော်စုံ ပူပူလေး စားကြမယ်။
next post
အခုချိန်ထိ လူကြိုက်အများဆုံး Vanilla အနံ့ ရေမွှေးများ

Recommended

Paris Fashion Week F/W20 က Best Look များ

March 6, 2020

Alicia Keys ရဲ့ beauty brand အတွက် ၀ယ်ဖို့အဆင့်သင့်ပဲလား?

September 25, 2020

Disney နဲ့ ပူးပေါင်းပြီး Frozen 2 Collection ထုတ်လုပ်လိုက်တဲ့ ColourPop

November 8, 2019

ဆံပင်ပုံဆိုးဆိုးဝါးဝါးမရစေဖို့ Hair Salon မှာ ဘာတွေ သတိထားပေးရမလဲ။

May 29, 2019

LUSH Beauty Program – Less is more EP5...

April 29, 2019

The skin for ages

May 16, 2018

ဦးမော့လာတဲ့ Genderless Beauty trend

September 10, 2020

Myanmar Beauty Tips

July 10, 2019

2024 မှာခေတ်စားလာမယ့် Beauty Trend များ

December 31, 2023

LUSH Beauty Program – Less is more with...

January 10, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem