The Lost Treasure : Alexander McQueen
words by R.E.Saw
ကွယ်လွန်သွားတဲ့ အင်္ဂလန်နိုင်မှ Fashion ဒီဇိုင်နာ Alexander McQueen ရဲ့ documentary က ဒီလမှာ ရုံတင်ပြီဆိုတော့ ဒါကို အထိမ်းအမှတ်
ပြုတဲ့ အနေနဲ့ အစောကြီး ထွက်ခွာသွားတဲ့ သူ့ဘဝကို ပြန်တွေးမိပါတယ်။ သူမရှိတော့တာ အခုဆိုရင် ၈နှစ်တာကြာခဲ့ပေမယ့် Fashion လောကထဲမှာတော့ ဒီဆုံးရှုံးမှုကို လက်မခံနိုင်ကြသေးပါဘူး။
သူ့ရဲ့ ကြမ်းတမ်းတဲ့ ဘဝကို Fashion လောကက လူတွေ တော်တော်များများ သိကြပါတယ်။ သူကတော့အောက်ခြေလူတန်းစား ဘဝကနေပြီး နာမည်ကြီး Suit ချုပ်ဆိုင် Savile Row မှာ အလုပ်သင်အဖြစ် ဝင်ခဲ့တာပါ။ အဲဒီ့ အချိန်မှာ အိမ်ရှေ့မင်းသား Charles ရဲ့ Suit အတွင်းသား ထဲမှာ
ကြမ်းတမ်း တဲ့ စာသားတွေကို ထည့်ချုပ်ခဲ့တယ် လို့လည်း ပြောကြပါတယ်။ သူ့ရဲ့ Fashion show ပွဲတွေက တကယ် ရာဇဝင် တွင်ပြီး လူတွေကြား အငြင်းပွားစရာတွေ ဖြစ်စေခဲ့ ပါတယ်။ သူကတော့ သူ့ Show ပွဲတွေဟာ သူ့ရင်ထဲမှာ ဖြစ်ပေါ် နာကျင် နေရတဲ့ ခံစားချက်တွေကို တင်ပြထားတာပါလို့ ရှင်းပြခဲ့ပါတယ်။
McQueen Documentary ရိုက်ခဲ့သူ IanBonhote နဲ့ Peter Ettedgui တို့က Alexander McQueen ရဲ့ အနုပညာပါရမီ မြင့်တာကို လူအများက သိကြပေမယ့် စီပွားရေး ဥာဏ်ကောင်း တာကို သိပ် မသိကြဘူးလို့ ပြောပါတယ်။ Documentary ထဲမှာ သူ့ရဲ့ ကိုယ်ပိုင် Brand အတွက် ဝင်ငွေရဖို့ Givenchy မှာ Creative Director အနေနဲ့ ပါးနပ်စွာ လုပ်ခဲ့တာကိုလည်း ပြသထားပါတယ်။ ၂၀ဝ၀ခုနှစ်မှာ Givenchy ရဲ့ ပြိုင်ဘက် Gucci Group နဲ့အတူ သူ့ ကိုယ်ပိုင် brand အတွက်ပူးပေါင်းခဲ့ပါတယ်။ Gucci က ရှယ်ယာ ၅၁ရာခိုင်နှုန်းပိုင်ပေမယ့် McQueen ကိုလွတ်လပ်စွာ ဖန်တီးခွင့် အပြည့် အဝပေးပြီး လိုအပ်တဲ့ ငွေရေးကြေးရေး တွေဖြည့်ဆည်း ပေးခဲ့ ပါတယ်။
“သူ့စီးပွားရေးဥာဏ်က Zuckerberg ရဲ့ အဆင့် လောက်တောင် ရှိတယ်။ ဒီကုမ္ပဏီ ကြီးတွေကို လုံးဝ လှဲ့လိုက်နိုင်တယ်။ အသက် ၃၁နှစ် အရွယ်မှာ ရှယ်ယာ၅၁ ရာခိုင်နှုန်း ရှယ်ယာရောင်းပြီး Creative ပိုင်းမှာ အကုန်လုပ်ခွင့် ရတယ်။ လခလည်း ကောင်းကောင်း ရပြီး Show ပွဲတွေလုပ်ဖို့ ပိုက်ဆံ အများကြီး ရတယ်။ အသက်၁၅နှစ်အရွယ်မှာ ကျောင်းထွက်ပြီး အလုပ်ဝင်လုပ်ခဲ့တဲ့ လူတစ်ယောက် အနေနဲ့ဆိုရင် တော်တယ်လို့ ပြောရမယ်။ သူ့ကြောင့် Gucci အဖွဲ့ နဲ့ Givenchy အဖွဲ့ (LVMH) တို့ Fashion တိုက်ပွဲတွေ ဖြစ်ခဲ့တာက ရုပ်ရှင်တောင် ရိုက်လို့ရတယ်” လို့ Bonhote ကပြောပါတယ်။
Ettedgui ကတော့ ဓသူကအရမ်း ခေတ်ရှေ့ပြေး နေတယ်။ သူ့ရဲ့ Highland Rape Collection ကိုပဲကြည့်။ အဲဒီ့ အချိန်တုန်းက မိန်းမမုန်းတဲ့ လုပ်ရပ်တွေလို့ စွပ်စွဲခံ ခဲ့ရတယ်။ သူ့ရဲ့ Theme တွေက Time’s out တို့ Me too movement တို့နဲ့ တူညီတယ်။ သူရဲ့ Voss Collection တုန်းကဆိုရင်လည်း စိတ္တဇဆေးရုံပုံစံ setting နဲ့တင်ဆက်ခဲ့ပြီး စိတ်ကျန်းမာရေးအကြောင်းပြောခဲ့ပါတယ်။တကယ့် ခေတ်ရှေ့ပြေးစစ်စစ် တစ်ယောက်ပါ။” လို့ဖြည့်ဆည်းပြောခဲ့ပါတယ်။
၂၀၁၀မှာ Alexander McQueen က သူ့အမေ အသုဘ မတိုင်မီ တစ်ရက်အလိုမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် ခဲ့တာက Fashion လောကအတွက် ဝမ်းနည်းစရာပါဘဲ။ Alexander McQueen ရဲ့နေရာကို ဆက်ခံဖို့အတွက် သူ့ရဲ့ Brand က Fashion လောကမှာ လူမသိတဲ့ ဒီဇိုင်နာ တစ်ယောက်ကို ပေးအပ်ခဲ့ပါတယ်။ McQueen ရဲ့ အလုပ်အပြင်က လူတွေက Sarah Burton ဆိုတာ ဘယ်သူမှန်း မသိကြပါဘူး။ သူက McQueen နဲ့ အလုပ်အကြာကြီး အတူတူ လုပ်ခဲ့တဲ့ တပည့်တစ်ယောက်ပါ။ ဒီလို Fashion လောကရဲ့ အဖိုးတန်ရတနာ တစ်ပါး ဆုံးရှုံးခဲ့ရပေမယ့် သူရဲ့ Brand ကတော့ သူ့ရဲ့ ရဲဝံ့တဲ့စိတ်ဓာတ်တွေကို ခံယူပြီး အောင်မြင်စွာ လျှောက်လှမ်းနေဆဲပါ။
(English Version)
With the release of the documentary of the late English Fashion Designer Alexander McQueen, we looked back at the genius who was gone too soon. His tragic death is still incredible raw even after 8 years as he has left an incredible void in the fashion world. McQueen’s tragic life was well-known for Fashion people. He was a working class East End boy who trained at the famous suit marker, Savile Row.
Legend has it that he put rather rude words inside the lining of Prince Charles’ Suit when stitching them. His fashion shows were theatrical, ground breaking and controversial. He explained that his fashion shows were autobiographical and he had put his inner dark thoughts and turmoil to the public. The filmmakers of the McQueen’s Documentary told Harper’s Bazaar Magazine that while he was known for his visionary designs, his business acumen was usually overlooked. The documentary showcases how McQueen used his role as Creative Director at Givenchy to finance his own brand. He paired up Gucci- big rival of his Givenchy bosses-in 2000 for a lucrative business deal. Despite Gucci controlling 51 per cent stake, McQueen was ensured that he got full and complete freedom while being supplied with financial backing needed for his brand.
“He was on the level of Zuckerberg,” said Bonhôte. “He played those conglomerates. He sold 51 per cent of his company aged just 31, kept creative control and was given a huge amount of money for his shows, along with a very healthy salary. Not bad for the kid who dropped out of school at 15. That fashion fight between the Gucci Group and LVMH could have been a movie in itself.” “He was so ahead of the time,” explained Ettedgui. “Look at the Highland Rape collection, which was considered misogynistic at the time. You can tease out themes within that which fit in with what’s happening now with Time’s out. He was vocal about mental health too with the Voss collection which was set in a makeshift asylum – he was genuinely a visionary.”
Sadly for Fashion world, McQueen took his life in 2010, a day before his mother’s funeral. To fill the enormous gap he had left, Alexander McQueen (the brand) appointed a virtually unknown designer to take over. No one outside of McQueen knew who Sarah Burton was. However, McQueen was her long-term mentor and she has worked very closely with him. And so while we have lost the great Fashion treasure, his brand retains his spirit and carries fiercely carries on.