The Beatles သီချင်းတွေကို ကြိုက်ကြ၊ ချစ်ကြတဲ့ ပရိသတ်တွေအတွက် The Beatles သီချင်းတွေနဲ့ဇာတ်လမ်းတည်ဆောက်ထားတဲ့ Yesterday ရုပ်ရှင်ကို လာမယ့် မိုးဦးရာသီ ဇွန်လမှာကြည့်ကြရမှာဖြစ်ပါတယ်။
ပင်လယ်ကမ်းခြေမြို့ငယ်လေးမှာနေတဲ့ Jack Malik ဟာ အောင်မြင်ဖို့ကြိုးစားနေတဲ့ ဂီတသမားတစ်ယောက်ဖြစ်ပါတယ်။ Ellie ကတော့ Jack Malik ကို အမြဲတမ်းယုံကြည်စွာနဲ့အားပေးနေတဲ့ ငယ်သူငယ်ချင်းဖြစ်ပါတယ်။ ဂီတကို မွတ်သိပ်ဆာလောင်စွာနဲ့လုပ်နေပေမယ့်လည်း မအောင်မြင်တဲ့အခါ သူ့ရဲ့ရည်မှန်းချက်တွေ၊ သူ့အိပ်မက်တွေလည်း တဖြည်းဖြည်းမှေးမှိန်စပြုလာပါတယ်။
အဲဒီအချိန်မှာတော့ ဇာတ်လမ်းကို အဓိကနေရာကနေ ပို့ဆောင်ပေးသွားမယ့် အပြောင်းအလဲတစ်ခု၊ အဖြစ်အပျက်တစ်ခုလို့ခန့်မှန်းရတာကတော့ ရုတ်တရက်တစ်ကမ္ဘာလုံးလျှပ်စစ်တွေပြတ်တောက်သွားပြီး အဲဒီအချိန်မှာ Jack တစ်ယောက် စက်ဘီးစီးလာရင်း ကားတစ်စီးနဲ့တိုက်မိပြီး အရေးပေါ်နဲ့ဆေးရုံရောက်သွားခဲ့ပါတယ်။ သူပြန်လည်နိုးထလာခဲ့တဲ့အချိန်မှာတော့ ကမ္ဘာပေါ်မှာ မသေဆုံးသောသီချင်းတွေကို ဖန်တီးနိုင်ခဲ့တဲ့ကြတဲ့ The Beatles အဖွဲ့ရဲ့ သီချင်းတွေအကုန်လုံးကို ထူးဆန်းစွာ ဘယ်သူမှမသိတော့ပါဘူး။ Jack တစ်ယောက်ကလွဲလို့ပေါ့။ The Beatles ရဲ့ အတွင်းအပြင်ဒေတာအကုန်လုံးဟာလည်း ထူးဆန်းစွာနဲ့ပျောက်ဆုံးနေပါတယ်။ ဒါပေမယ့် Jack တစ်ယောက်ကတော့ The Beatles သီချင်းတွေအကုန်လုံးကို သိနေသေးတာပေါ့။
ဒီတော့ မအောင်မြင်သေးတဲ့ ဂီတသမားလေး Jack က The Beatles ကို ကောင်းကောင်းကြီးအသုံးချပါတော့တယ်။ ဒီလိုနဲ့ Jack ဟာ အောင်မြင်တဲ့ဂီတသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ late-night TV Show မှာ Something သီချင်းကို လက်တန်းချရေးတဲ့ပုံဟန်ဆောင်ခဲ့ပါသေးတယ်။ သူ့ရဲ့အောင်မြင်မှုတွေဟာ သူ့ကိုအမြဲတမ်းယုံကြည်လာပေးတဲ့ ငယ်သူငယ်ချင်းဖြစ်သူ Ellie က ဆုံးရှုံးသွားစေတယ်လို့ Review တွေမှာဖော်ပြထားပါတယ်။ ပြီးတော့ Ed Sheeran ကလည်း ဧည့်သည်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဆိုတော့ The Beatles သီချင်းတွေကို တစ်ဝကြီးပြန်လည်ခံစားရမယ့်အပြင် ဘယ်လိုပုံစံနဲ့တင်ဆက်ထားတယ်ဆိုတာကိုတော့ ရုံတင်တဲ့အခါ သေချာပေါက်ကြည့်ကြည့်လိုက်ပါလို့နော်။