From the buzzwords, internet hashtags, sharing-is-caring products in group chats to bloggers’ favorite mainstream brands, we are always on the hunt for the next gen of game-changing skincare products. But why do we forget to add this one in our demanding list¿ May be this thing is too friendly with us, so, we easily skip it and chase the other ones. But for now, there is a growing interest in natural and organic beauty and women pay more attention to invest in worthy skincare, this thing comes under our radar.
ရေပန်းစားနေတဲ့ ပစ္စည်းနာမည်တွေ၊ အင်တာနက်က hashtags တွေ၊ group chats တွေမှာ အချင်းချင်း ပြန်ရှဲပေးထားတဲ့ ပစ္စည်းတွေမှစလို့ ဘလော့ဂ်ဂါများအနှစ်သက်ဆုံး mainstream တံဆိပ်တွေအဆုံး ကျွန်မတို့ အမျိုးသမီးများဟာ အလှအပ အထူးသဖြင့် skincare နဲ့ပက်သက်ပြီး ကောင်းသထက် ကောင်းမွန်တဲ့ ပစ္စည်းတွေကို အမြဲလိုက်ရှာလေ့ရှိကြတယ်။ ဒါပေမဲ့ ကျွန်မတို့အလိုရှိဆုံးစာရင်း ထဲမှာ ဒီတစ်ခုကိုထည့်ဖို့ ဘာကြောင့်များ မေ့သွားခဲ့ကြတာပါလိမ့်။ ကျွန်မတို့နဲ့ အရမ်းရင်းနှီး နေတဲ့အတွက်ကြောင့်များ တစ်ခြားဟာတွေနောက် ပြေးလိုက်ရင်း သူ့ကိုကျော်သွား ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခုဆိုရင် အလှအပထိန်းသိမ်းခြင်းနဲ့ဆိုင်ရာ မှာ ပိုသဘာဝကျသော၊ organic ဖြစ်သော ပစ္စည်းများကို ပိုစိတ်ဝင် စားလာကြပြီး အမျိုးသမီးများအနေနဲ့လည်း skincare ပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုအာရုံစိုက်လာတဲ့အခါ ဒီအရာလေးက ကျွန်မ တို့ရဲ့ ရေဒါအောက်ထဲကို ရောက်ရှိလို့လာပါတယ်။
Containing rich ingredients such as Vitamin E, Courmain which has anti-bacterial, anti-fungal, anti-aging and anti-oxidant properties and Marmesin that acts to help to protect skin from both UVA and UVB radiation, Thanaka is extremely effective in cleansing the skin of acne also possesses significant skin-whitening properties.
Vitamin E, Courmain which has anti-bacterial, anti-fungal, anti-aging နဲ့ anti-oxidant များပါဝင်သော) နဲ့ Marmesin (အသားအရေကို UVA နဲ့ UVB တို့မှကာကွယ်ပေးသော) စတဲ့ အသားအရေကို အကျိုး ပြုတဲ့ ပစ္စည်းတွေ အမြောက်အများပါရှိတဲ့ သနပ်ခါးဟာ ဝက်ခြံဖုတွေရှိတဲ့ အသားအရေကို သန့်စင်ပေးရာမှာ အလွန့်အလွန် အစွမ်းထက်လွန်းလှပြီး အသားအရေ ဖြူဖွေးစေတဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
Okay let’s go straight to the point, what can we do with this local friendly product¿
ဒါဖြင့် အဓိကအချက်ဆီ သွားလိုက်ရအောင် …။ ဒီလို ကျွန်မတို့နဲ့ ရင်းနှီးနေပြီးသား ပစ္စည်းနဲ့ ဘာတွေများ လုပ် လို့ရနိုင်မလဲ။
Thanaka exfoliator
To form a gentle exfoliating paste, Thanaka powder can easily be combined with honey and milk and apply cream to your face and gently massage it in a circular motion, let the cream rest for 5 minutes and rinse the paste off with lukewarm water. It acts as a great exfoliant when used as a cleanser and leaves with baby-soft skin that hasn’t been too harshly scrubbed. As a result, your skin will be smoother, softer and have a more even tone, plus it feels firmer and more refined.
Thanaka exfoliator
ငြင်သာတဲ့ exfoliating အမြှုပ်ဖြစ်ပေါ်စေဖို့ သနပ်ခါး အမှုန့်ကို ပျားရည်၊ နွားနို့တို့နဲ့ အလွယ်တကူရောစပ်၊ သင့်မျက်နှာပေါ်တင်ကာ စက်ဝိုင်းပုံသဏ္ဍာန်ဖြင့် အသာ အယာနှိပ်နယ်၊ ရေနွေးနွေးလေးနဲ့ ဆေးကြောလိုက် ခြင်းဖြင့် ကလေးတစ်ယောက်ရဲ့ အသားအရေနူးညံ့မှု မျိုးကို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။ မျက်နှာအသား အရေက ပိုချောမွေ့လာမယ်၊ အရောင်အသွေး ပိုညီညာ လာမယ်။ ဒါ့အပြင် ပိုတင်းတင်းရင်းရင်း ရှိလာမှာဖြစ် ပါတယ်။
Thanaka Sleeping Mask
Stir a teaspoon of turmeric powder into the Thanaka paste. Mix well, and leave the paste on your skin overnight. Thanaka and turmeric will remove acne and other blemishes, and make the skin smooth.
Thanaka Sleeping Mask
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ သနပ်ခါး အနှစ်ကို သေသေချာချာရောမွှေပါ။ ရလာတဲ့အနှစ်ကို သင့်ရဲ့မျက်နှာပေါ်သုတ်လိမ်းပြီး တစ်ညအိပ်ထားလိုက်ပါ။ သနပ်ခါးနဲ့ နနွင်းအစွမ်းက ဝက်ခြံနဲ့ အမည်းစက် တွေကို ရှင်းထုတ်ပစ်လိုက်မှာဖြစ်ပြီး မျက်နှာကို ပိုချော မွေ့စေပါလိမ့်မယ်။
Natural Alternative to Sunblock
Thanaka is nature’s sunscreen in its purest form. Though we opt not to wear to work, it can act like a homemade spa on our holidays just putting the paste all over our face and body. This very easy, our local way of wearing Thanaka is nourishing our sunburnt skin and reduces the redness, which is especially useful to recover the skin after Thingyun festival when our skin is damaged and suffered from sunburnt.
Natural Alternative to Sunblock
သနပ်ခါးရဲ့ ပင်ကိုအနှစ်ကိုက သဘာဝကပေးတဲ့ နေရောင်ခံပစ္စည်းဖြစ်ပါတယ်။ သနပ်ခါးကို ကျွန်မတို့က အလုပ် သွားတဲ့အခါ လိမ်းမသွားကြပေမယ့် အားလပ် ရက်နေ့မျိုး ရောက်တဲ့အခါ အိမ်လုပ် Spa ပုံစံမျိုးဖြင့် မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်းကျံပြီး အပန်းဖြေနိုင်ပါတယ်။ ဒီလိုလွယ်လင့်တကူလိမ်းနိုင်တဲ့သနပ်ခါးက နေလောင် တာတွေ၊ အသားအရေ နီစပ်စပ်ဖြစ်တာတွေကိုလည်း လျှော့ချပေးနိုင်တာကြောင့် သူ့ကို သင်္ကြန်ကာလအပြီး အသားအရေပျက်စီးသွားတဲ့အခါ ပြန်လည် ထိန်းသိမ်းနိုင်ဖို့အတွက် Skin Recover ပစ္စည်းတစ်ခု အနေဖြင့်လည်း အသုံးချနိုင်ပါသေးတယ်။
Thanaka Hair Removal
There are various other home remedies for hair removal but they all are temporary. Even if you are waxing at home or using a razor, it is not possible for you to remove body hair every week. The amazing fact is using Thanaka as a hair removal will act as a permanent hair removal and compared to laser treatment, this is a safer and natural method.
Thanaka Hair Removal
အမွှေးဖယ်တာနဲ့ပက်သက်ရင် အိမ်လုပ်ပစ္စည်းများနဲ့ အလွယ်တကူဖယ်ရှားနိုင်သော်လည်း ခဏတာမျှသာ ဖြစ်ပါတယ်။ အိမ်မှာပဲ wax လုပ်တာဖြစ်ဖြစ်၊ ရိတ်ပစ်တာဖြစ်ဖြစ်လုပ်နိုင်ပေမယ့် အပတ်တိုင်းမပျက်မကွက် လုပ်နိုင်ဖို့ကတော့ မလွယ်ပါဘူး။ သနပ်ခါးကို အမြစ်ပြတ်အမွှေးရိတ်တဲ့နေရာမှာသုံးနိုင်တာက အတော်အံ့ဩစရာ ကောင်းလှပြီး laser treatment နဲ့ယှဉ်ရင် ပိုစိတ်ချရပြီး ပိုလည်းသဘာဝဆန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
Mix pure Thanaka powder with the same amount of Kusuma oil until it forms a brown cream.
သနပ်ခါးနဲ့ Kusuma အဆီကို ဆတူရောစပ်ပြီး အညိုရောင်အနှစ်ရတဲ့အထိ မွှေပေးပါ။
Step 1: Remove all your unwanted hair the way you prefer and wash the area thoroughly.
အဆင့် ၁ – သင့်စိတ်ကြိုက်အမွှေးချွတ်ပြီးသွားပြီဆိုရင် အမွှေးချွတ်ထားတဲ့နေရာကို ရေနဲ့ သေသေချာချာဆေး လိုက်ပါ။
Step 2: Apply the cream of Kusuma oil and Thanaka powder on the shaved area and applye it gently against the direction of the hair growth for 45-50 minutes.
အဆင့် ၂ – ရောစပ်ထားတဲ့ အနှစ်ကို အမွှေးချွတ်ထားတဲ့နေရာမှာ ညင်သာစွာသုတ်လိမ်းပေးပါ။ အမွှေးထွက်ရာ ဆန့်ကျင့်ဘက်အရပ်ဘက်ကို သုတ်လိမ်းပါနော်။ ၄၅-၅၀ မိနစ်လောက်ထားပေးပါ။
Step 3: Leave the cream on for some time, preferably overnight (your cells are especially active during your sleep).
အဆင့်၃ – လိမ်းထားတာကို ဒီတိုင်းထားပါ။ တစ်ညသိပ်လျှင်ပိုကောင်းပါတယ် (သင့်ရဲ့ဆဲလ်တွေက ညဘက်ဆို active ဖြစ်တယ်လေ)
Repeat this procedure for the next 3-4 weeks (not only after removing your hair). Once your hair is not growing back you can stop the treatment and enjoy your hair free skin.
ဒီလိုမျိုး သုံးလေးပတ်လောက် (အမွှေးချွတ်ထားမှ မဟုတ်ပဲ) ဆက်တိုက်လုပ်ပေးပါ။ အမွှေးတွေ ထပ်ထွက် မလာတော့ရင် လိမ်းပေးတာ ရပ်ပစ်လိုက်ခြင်းဖြင့် ထာဝရအမွှေးသန့်စင်နိုင်ပါပြီ။
Thanaka is the gift from nature for freckles, acne, pimples, blackheads & whiteheads, sunburn, skin discoloration, skin’s itchy rashes, & facial rashes. But we still need the proof of this. Over 2000 years of continued use by Burmese women has proven that Thanaka really works and it will do the same for us!
သနပ်ခါးဟာ အစက်အပျောက်တွေ၊ ဝက်ခြံတွေ၊ အမည်းစက်တွေ၊ နေလောင်ဒဏ်၊ အသားအရေအရောင်မညီတာ တွေ၊ ယားယံတာတွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါပေမယ့်လည်း ဒါအလုပ်ဖြစ်မဖြစ် ကျွန်မတို့သက်သေလိုသေးတယ်မလား။ နှစ်ပေါင်း ၂၀ဝ၀ဝ ကျော်လောက် မြန်မာအမျိုးသမီးတွေ တောက် လျှောက်သုံးလာခဲ့ပြီး အကျိုးထူးတွေရလာတာကိုက သက်သေတစ်ခုဖြစ်ပြီး ကျွန်မတို့အတွက်လည်း အလုပ်ဖြစ်မယ့် skincare တစ်ခုဖြစ်ပါတယ်။
Being tempted by gorgeous packing, by the branding brainwash, we all forgot this gift from nature which is already near us. This multi-purpose organic skincare is wallet-friendly and shall we welcome the glowing skin with Thanaka¿
ခမ်းနားတဲ့ ပါကင်ပိတ်အလှအပတွေ၊ တံဆိပ်အကြောင်း ခေါင်းထဲမှာစွဲမြဲမှုတွေကြောင့် ကျွန်မတို့အနားမှာရှိတဲ့ ဒီသဘာဝတရားရဲ့လက်ဆောင်ကို မေ့နေခဲ့ကြပါတယ်။ စွယ်စုံသုံးနိုင်တဲ့ ဒီ Organic Skincare က ကျွန်မတို့ ပိုက်ဆံအိတ်အတွက်လည်း သိပ်စိတ်ပူစရာမလိုတာမို့ တောက်ပတဲ့အသားအရေကို သနပ်ခါးနဲ့အတူ ကျွန်မတို့ ကြိုဆိုလိုက်ရအောင်လား။
words by ailee