ဒီတစ်ခါ Fashion Vocabulary ကဏ္ဍမှာတော့ ယောကျာ်းလေးရော၊ မိန်းကလေးပါ ဝတ်လေ့ရှိတဲ့ sweatpants အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ Sweatpants ကို အားကစားသမားတွေ အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာပါ။ Sweatpants ရဲ့အရောင်ကို ပုံမှန်ကတော့ ခဲရောင်အနေနဲ့တွေရလေ့ရှိပြီး နောက်ပိုင်းမှာတော့ အရောင်စုံထုတ်လာကြပါတယ်။ Sweatpants ကို အားကစားလုပ်တဲ့အချိန်မှာမှမဟုတ်ဘဲ Fashion တစ်ခုအနေနဲ့လည်း ဝတ်လာကြတယ်။ ဝတ်ရတာပေါ့ပါးပြီး သက်သောင့်သက်သာဖြစ်တဲ့အတွက် တော်တော်များများလည်း ဝတ်လာကြပါတယ်။
ယောကျာ်းလေးတွေအနေနဲ့ Sweatpants ကို T-Shirt တို့ Hoodie တို့နဲ့ပဲ ဖြစ်ဖြစ် ခပ်ပွပွအင်္ကျိတစ်ထည်နဲ့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးဝတ်လို့ရသလို Shirt တို့၊ Coat တို့ Long Coat တို့နဲ့ဝတ်ပြီး Smart Casual Look မျိုးဖန်တီးလို့ရပါသေးတယ်။
မိန်းကလေးတွေအနေနဲ့လည်း Sweatpants ကို အပြင်သွားတဲ့အချိန် ဝတ်တဲ့အခါ အရမ်းပွတာမျိုးမဟုတ်ဘဲ Fit ဖြစ်တဲ့ဟာမျိုး ဝတ်ကြည့်ပါ။ နောက်ပြီး Trendy Coat တို့ Blazer တို့နဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။ Sneakers နဲ့ပဲဝတ်နေတာမျိုးထက် Heels တစ်ခုခုနဲ့လည်း တွဲဖက်ဝတ်နိုင်ပါသေးတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #Sweatpants