ကျွန်တော်တို့အသုံးပြုနေတဲ့ Digital Platform တွေပေါ်ကနေ အရမ်းလည်းခေတ်မီဈေးကြီးတဲ့၊ Luxury Car တွေ၊ Very Future ဖြစ်တဲ့ Super Car တွေကို Present လုပ်ပေးနေတဲ့ ခပ်မိုက်မိုက်အမျိုးသမီးတစ်ယောက်ကို တွေ့ဖူးကြမှာပါ။ သူမဟာ ကမ္ဘာကျော်ကားအကြောင်းတင်ဆက်သူ Social Media Entertainer တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့နာမည်ကတော့ Alex Hirschi လို့ခေါ်ပြီး အများစုက Supercar Blondie လို့သိထားကြပါတယ်။ Alex ဟာ Australia မှာမွေးဖွားသူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ ဒူဘိုင်းမှာအခြေချနေထိုင်နေသူတစ်ယောက် ပါ။
I bet you know an attractive lady who is presenting super expensive and modern Luxury cars and very future Supercars on the digital platform that we are using. She is one of the mobile presenters and social media entertainers. Alex Hirschi is her name and people call her Supercar Blondie. She was born in Australia and now settling down in Dubai.
သူမဟာ Supercar Blondie ကို မစတင်ခင်အချိန်တုန်းက TV နဲ့ Radio တွေမှာ professional broadcast journalist တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ Supercar Blondie နာမည်နဲ့ Social Media ပေါ်မှာ Channel လုပ်ပြီး automotive သီးသန့်တင်ဆက်နေတာလည်းဖြစ်ပါတယ်။ Supercar Blondie ဟာ ကမ္ဘာကျော် Channel တစ်ခုဖြစ်သလို automotive နဲ့ပတ်သက်ရင် တခြားများပြားလွန်းတဲ့ Channel တွေထက် ပိုပြီးအောင်မြင်တဲ့ Channel တစ်ခုဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ အခုဆိုရင် သူမဟာ ကမ္ဘာပေါ်က entertainer များစွာထဲက One of the biggest automotive entertainer တစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရသူဖြစ်ပါတယ်။
Before starting the Supercar Blondie, Alex was a professional broadcast journalist at TVs and Radios. But now she created a channel named Supercar Blondie on social media and presenting only automotive. Supercar Blondie is not only a world-famous channel but also a more successful channel among other various automotive channels. Now, she has been recognized as one of the biggest automotive entertainers in the world.
သူမဟာ Australia ကနေ ဒူဘိုင်းကို ၂၀၀၈ ခုနှစ်မှာ ပြောင်းရွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်အထိ Radio Station မှာလုပ်ကိုင်ခဲ့ပါသေးတယ်။ ကမ္ဘာပေါ်မှာ သိပ်ကြီးကျယ်လွန်းပါတယ်ဆိုတဲ့အရာတွေထက်သာလွန်တဲ့အရာတွေအများကြီးရှိတဲ့ ဒူဘိုင်းမှာ သူမနေထိုင်ဖြစ်တဲ့ကာလအတွင်းမှာ နေ့စဉ်လူနေမှုဘဝထဲမှာကို Supercar တွေရဲ့အခန်းကဏ္ဍကိုတွေ့မြင်ခဲ့ရပြီး ဒီမြင်ကွင်းနဲ့အကြောင်းအရာလေးကို ချစ်ခင်စိတ်ဖြစ်ရတာကြောင့် သူမလိုပဲတခြားချစ်ခင်တဲ့သူတွေလည်းရှိနေမှာပဲဆိုတဲ့စိတ်နဲ့ Supercar Blondie Channel ကို စတင်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
Moved to Dubai from Australia in 2017, she started working at a Radio Station. During her life in Dubai, the spot of greatest things, she has witnessed the role of supercars in everyday life and became fond of what she sees and wanted to share about supercars to other people like her. Then she founded Supercar Blondie Channel.
တိုတောင်းတဲ့အချိန်ကာလအနည်းငယ်အတွင်းမှာပဲ သူမရဲ့အောင်မြင်မှုတွေဟာ အရှိန်အဟုန်နဲ့ ခရီးဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉၊ ဖေဖော်ဝါရီလမှာဆိုရင် Arabian Business ကနေပြီးတော့ top 30 most influential women in the Arab world မှာ သူမရဲ့နာမည်ထည့်သွင်းခံခဲ့ရတာဖြစ်ပါတယ်။ ပြီးတော့ Esquire Middle East ကပေးအပ်တဲ့ Influencer of the Year ကိုရရှိခဲ့သလို Cosmopolitan Magazine ME ကပေးအပ်တဲ့ Vlogger of the year တို့အပြင် Monaco Influencer Awards ကနေလည်း Lifestyle Influencer of the year ကိုရခဲ့တာဖြစ်ပါတယ်။
In a short period of time, she got successful with momentum. In February 2019, her name was included in the top 30 of the most influential women in the Arab world in Arabian Business. Moreover, she has been awarded the Influencer of the year by Esquire Middle East, the Vlogger of the year by Cosmopolitan Magazine ME and Lifestyle Influencer of the year by Monaco Influencer Awards.
Supercar Blondie ရဲ့ အောင်မြင်မှုဟာ တစ်နေ့ထက်တစ်နေ့ကြီးလာခဲ့သလို ကမ္ဘာကျော်ကားကုမ္ပဏီများစွာနဲ့ဆက်ဆံရေးမှာလည်း ယုံကြည်မှုများစွာတိုးခဲ့ပါတယ်။ BMW ရဲ့ very future ကားဖြစ်တဲ့ BMW တို့ဘက်က Bodyguards ၃ ယောက်အထိကို တာဝန်ပေးအပ်ထားခဲ့ရတဲ့ကားတစ်စီးဖြစ်တဲ့ BMW Vision M Next ကိုလည်း Studio အပြင်ဘက်မှာ ပထမဆုံးထိတွေ့ပြီး တင်ဆက်ခွင့်ရခဲ့ပါတယ်။ ပြီးတော့ BMW Vision Next 100 လို မြင့်မားတဲ့နည်းပညာနဲ့၊ အမိုက်စား Features တွေပါဝင်နေတဲ့ကားမျိုးကို သူမရဲ့ Vlog ရိုက်ကူးမှုအတွက် လက်ဦးမှုများစွာရခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါတင်ဘယ်ကဦးမလဲ Rolls Royce တိုရဲ့ first-ever vision vehicle လို့ကြွေးကြော်ထားတဲ့ Concept ကားတစ်စီးဖြစ်တဲ့ Rolls Royce Vision next 100 or Rolls Royce 103EX ကိုဆိုရင်လည်း သူမဟာ Vlog ရိုက်ကူးနိုင်ခဲ့သလို Bentley EXP 100 GT ကိုလည်း ရိုက်ကူးတင်ဆက်ခဲ့သူတစ်ယောက်ပါ။ ပြီးတော့ Pagani ကနေထုတ်ထားတဲ့ ကမ္ဘာ့ပထမဆုံး Hermes Edition ကားကိုလည်း Supercar Blondie ကနေ တင်ဆက်နိုင်ခဲ့ပါတယ်။
As the success of Supercar Blondie gets massive, its relationship with world-known car companies becomes trustworthy. She was also allowed to touch the BMW’s very future car; BMW Vision M Next for the first time outside of a studio, that car was assigned to be safe with 3 bodyguards. She got ahead of others for Vlog shooting the high-tech and super cool cars like BMW Vision Next 100. More than that, she got the chance to present Rolls Royce Vision next 100 or Rolls Royce 103EX, which is the first-ever, vision vehicle of Rolls Royce, Bentley EXP 100 GT and the very first Hermes Edition car from Pagani.
သူမအနေနဲ့ first impressions အဖြစ်တင်ဆက်နိုင်ခဲ့တဲ့ ကမ္ဘာကျော် Supercar ပေါင်းများစွာရှိပါတယ်။ youtube ပေါ်မှာ ကျွန်တော်တို့ ကားအမျိုးအစားတစ်ခုခုကို စိတ်ဝင်တစားနဲ့ရှာကြည့်မယ်ဆိုရင်လည်း Supercar Blondie နဲ့ လုံးဝမလွတ်ကင်းနိုင်လောက်တဲ့အထိ သူမရဲ့video တွေဟာ youtube ပေါ်မှာနေရာယူထားလို့နေပါတယ်။
There are many world-famous supercars that she presented for her first impression. Once we look up for a particular car, it is very likely that Supercar Blondie videos cannot be avoided on YouTube.
Alex Hirschi ဟာ သူမကိုယ်တိုင် ကမ္ဘာကျော် Supercar တွေကို ထိတွေ့တင်ဆက်သူတစ်ယောက်ဖြစ်သလို သူမကိုယ်တိုင်လည်း Supercar တွေပိုင်ဆိုင်သူတစ်ယောက်ဖြစ်ပါတယ်။ BMW i8 တို့လိုကားတွေပိုင်ဆိုင်ဖူးတာအပြင် မနှစ်က သူမရဲ့အမျိုးသားဆီကနေ Valentine’s Day Surprise အနေနဲ့ Ferrari 488 ကိုလက်ခံရရှိခဲ့ပါသေးတယ်။ အခုလက်ရှိသူမစီးနေတဲ့ကားကတော့ သူမကိုယ်တိုင် Lucy လို့နာမည်ပေးထားတဲ့ Lamborghini Huracan ဖြစ်ပါတယ်။ ဒီကားရဲ့မူရင်းအရောင်က အနက်ရောင်ဖြစ်ပြီး လက်ရှိမှာ ခရမ်းရောင်ပန်းခက် Pattern တွေနဲ့အသေးစိတ်ပုံဖော်ထားတဲ့ ကာလာကိုပြောင်းထားခဲ့ပါတယ်။
Alex Hirschi is not only a presenter of famous Supercars but also an owner of them. She has owned a BMW i8 and even got a Ferrari 488 from her husband as Valentine’s Day Surprise. The current car she is driving is a Lamborghini Huracan, which she named “Lucy”. The original color of the car is black but she changed the color with purple patterns in detail.
ပြောခဲ့သလိုပဲ Supercar Blondie ရဲ့အောင်မြင်မှုဟာ တစ်စတစ်စပိုကြီးလာခဲ့သလို August 2019 ကစတင်ပြီး Insight TV နဲ့ပူးပေါင်းပြီး Car Crews with Supercar Blondie ဆိုတဲ့ TV Show ကို တင်ဆက်နိုင်ခဲ့ပါတယ်။
As mentioned above, the success of it got bigger and bigger. She cooperated with Insight TV in August 2019 and broadcasted a TV Show called Car Crews with Supercar Blondie Show.
သူမဟာ Supercar တွေနဲ့ခရီးသွားရတာကို အလွန့်အလွန်ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီးတော့ Supercar တွေရဲ့ အင်ဂျင်ဆူညံသံနဲ့ သွားလာရတာကိုကြိုက်တယ်လို့ပြောပြထားပါတယ်။ ဖက်ရှင်နဲ့ အဆင့်အတန်းမြင့် Luxury Brand တွေကိုကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်သလို အဲဒီအရာတွေအတွက် အမြဲလည်းဦးစားပေးဖြစ်တယ်လို့ပြောပြထားပါတယ်။
She is fond of traveling with Supercars and mentioned that she loves the noise of engines from Supercars. She is also the founder of fashion and high standard luxury brands and she will always prioritize them.
Supercar မောင်းနှင်မှုနဲ့ပတ်သက်ပြီး သူမရဲ့ Quotes လို့ ပြောနိုင်သလို သူမပြောနေကျ ဒိုင်ယာလော့တစ်ခုရှိပါတယ်။ အဲဒါကတော့ “The best thing about driving supercars is the way it makes me feel. It’s so much fun that I often find myself laughing behind the wheel.” ပါပဲ။
There is a quote or dialogue that she often says about driving Supercars. That is “The best thing about driving supercars is the way it makes me feel. It’s so much fun that I often find myself laughing behind the wheel.”