LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

Super Bowl 2020 မှာ ဖျော်ဖြေခဲ့တဲ့ Shakira နဲ့ Jennifer Lopez တို့ရဲ့ Fashion များ

written by Maeve February 7, 2020
Super Bowl 2020 မှာ ဖျော်ဖြေခဲ့တဲ့ Shakira နဲ့ Jennifer Lopez တို့ရဲ့ Fashion များ

Super Bowl 2020 ရဲ့ Halftime show မှာ Shakira နဲ့ Jennifer Lopez တို့ဖျော်ဖြေခဲ့တဲ့ video က social media မှာ အရမ်းကိုရေပန်းစားခဲ့တယ်နော်။ သူတို့နှစ်ယောက်ရဲ့ ဖျော်ြဖေမှုက အားလုံးကို ဝိုးခနဲ ဖြစ်သွားစေခဲ့တယ်။ သူတို့အားစိုက်ထုတ်ထားမှန်းကိုလည်း သိသာပေါ်လွင်နေပါတယ်။ သူတို့ရဲ့ ဖျော်ဖြေမှုတွေကိုလည်း ကြည့်ပြီးပြီဆိုတော့ သူတို့နှစ်ယောက် ဝတ်ဆင်ခဲ့တဲ့ဝတ်စုံတွေအကြောင်းကိုလည်း လေ့လာကြည့်ရအောင်။

Shakira ပွဲထွက်လာတဲ့ အနီရင့်ရောင်ဝတ်စုံက Peter Dundas ရဲ့ custom-made ဝတ်စုံဖြစ်ပြီးတော့ Swarovski crystals ပေါင်း ၁သိန်းကျော် ၂ သိန်းနီးပါးကို လက်နဲ့ပဲအလှဆင်ခဲ့တာပါ။ ဒီဝတ်စုံကို Shakira နဲ့ သူ့ရဲ့သီချင်းတွေကို မှီငြမ်းပြီးတော့ ချုပ်ဖြစ်ခဲ့တာလို့ Peter Dundas က ပြောပါတယ်။ အနီရင့်ရောင်ဝတ်စုံနဲ့အတူဝတ်ထားတဲ့ လက်ပတ်နဲ့ ဖိနပ် က Daniel Jacob (The Dan Life) ရဲ့ Swarovski crystals ပေါင်း ၃ သောင်းကျော်နဲ့ customize လုပ်ထားတဲ့ဟာတွေပါ။

Empire သီချင်းဖျော်ဖြေတဲ့အချိန်မှာ ငှက်မွေးတွေ၊ ကျောက်တွေနဲ့ အလှဆင်ထားတဲ့ စကတ်ကိုဝတ်လိုက်ပြီးတော့ ဂစ်တာတီးပြီးဖျော်ဖြေခဲ့ပါတယ်။ သူတီးခဲ့တဲ့ဂစ်တာကလည်း Swarovski crystals ပေါင်း ၇ သောင်းနဲ့အလှဆင်ထားတာပါ။

JLo နဲ့ အတူတူဖျော်ဖြေတဲ့အချိန်မှာ ဝတ်ထားတဲ့ ကျောက်တွေနဲ့အလှဆင်ထားတဲ့ ရွှေရောင်ဝတ်စုံနဲ့ အပေါ်ကထပ်ဝတ်ထားတဲ့ Bomber jacket တွေကလည်း Peter Dundas ရဲ့ဒီဇိုင်းတွေပါပဲ။ ဒီဝတ်စုံနဲ့လိုက်ဖက်အောင် Swarovski တွေနဲ့အလှဆင်ထားတဲ့ Adidas Superstar trainer ကို စီးခဲ့ပါတယ်။

JLo က Hustler ဇာတ်လမ်းအတွက်သင်ခဲ့တဲ့ pole dance ကို ဒီ show မှာလည်း ချပြသွားခဲ့ပါသေးတယ်။ သူဝတ်ခဲ့တဲ့ Dress တွေအကုန်လုံးက Versace ကပါ။ ပထမဆုံးပွဲဦးထွက်ကို biker-inspired look Medusa bodysuit နဲ့ ပန်းရောင်ဖဲသား ဂါဝန်ကို တွဲဖက်ဝတ်ထားပြီး ပွဲထွက်လာတာပါ။

ဒီ bodysuit မှာကပ်ထားတဲ့ ထောင်ချီတဲ့ Swarovski crystal တွေနဲ့ နှိပ်ကြယ်သီးတွေအကုန်လုံးက လက်နဲ့အသေးစိတ်လုပ်ထားတာဖြစ်ပြီးတော့ နာရီပေါင်း ၉၀၀ တောင်ကြာခဲ့ပါတယ်။

နောက်ထပ်တစ်စုံဖြစ်တဲ့ အသားကပ် ငွေရောင် bodysuit ကိုလည်း Swarovski crystal တွေ၊ metallic leather တွေ၊ အရောင်ပြန်မယ့်ပစ္စည်းတွေနဲ့အလှဆင်ပြီး Atelier Versace က ပန်းထိုးပညာရှင်တွေက ဖန်တီးထားတာပါ။ ဒီဝတ်စုံကလည်း နာရီပေါင်း ၇၀၀ ကျော်တောင်ကြာခဲ့ပါတယ်။

ပွဲအပိတ်ကိုတော့ လက်နဲ့ချုပ်ထားပြီး crystal အမြိတ်တွေနဲ့အလှဆင်ထားတဲ့ bondage-inspired belts ကို ငွေရောင် body suit ရဲ့အပေါ်ကနေဝတ်ပြီးတော့ Puerto Rico နဲ့ အမေရိကန် အလံတွေ တဖက်စီပါတဲ့ Versace ရဲ့ custom made အလံကို ခြုံပြီး ဖျော်ဖြေခဲ့ပါတယ်။ အလံမှာပါတဲ့ ငှက်မွေးပေါင်းက ၄ သောင်းကျော်ရှိပြီးတော့ အကုန်လုံးကို လက်နဲ့ပဲလုပ်ထားတာပါ။ အလံပေါ်က ကြယ်တွေဆိုရင်လည်း Swarovski crystals တွေနဲ့လုပ်ထားတာပါ။ ပြီးတော့ JLo ရဲ့ dancer ၁၃၀ ကျော် ဝတ်ခဲ့တဲ့ဝတ်စုံတွေကလည်း Versace custom-made တွေပါပဲ။

Source – LATimes, WWD, Versace’s Instagram, Insider, Dundas’s Instagram

fashionLUSH DAILYlush fashionLUSH February 2020LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
Fashion Vocabulary: Tiered skirt
next post
5 Things you don’t know about May

Recommended

Foods you need to Avoid to stay healthy...

June 12, 2019

ဖက်ရှင်ပိုင်းကို စိတ်ဝင်စားတဲ့သူတိုင်းကြည့်သင့်တဲ့ ဇာတ်ကား ၆ ကား

March 25, 2019

Top 5 Floral Fragrances For LUSH Brides

December 14, 2020

ကားမောင်းရင်း သီချင်းနားထောင်ခြင်း

June 6, 2019

ဂရိတ်ဦးဖိုးစိန်နဲ့ ယနေ့ချိန်ထိ လင်းနေဆဲ အောက်လင်းဓါတ်မီးများ

June 16, 2020

L’Oreal Paris ရဲ့ မျက်နှာသစ် Global Brand Ambassador ဖြစ်လာတဲ့...

April 3, 2019

2019 Venice International Film Festival Red Carpet Fashion

August 30, 2019

2020 Grammy Awards မှာ ဖျော်ဖြေသွားမယ့် Billie Eilish နဲ့...

January 10, 2020

Fenty launched City Bloom Collection

November 13, 2019

2020 MTV VMAs မှာ ဖျော်ဖြေသွားမယ့် Lady Gaga

August 14, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem