Sunglasses နဲ့အထာကျကျမိုက်ချင်တဲ့ LUSHers လေးတို့အတွက် ဒီတစ်ပတ် Fashion Vocabulary လေးကို ကြိုက်မယ်ဆိုတာ သိပြီးသား။ ကိုယ့်ရဲ့မျက်နှာကျနဲ့လိုက်ဖက်တဲ့ Sunglasses ကို မှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့ အရေးကြီးတယ်ဆိုတော့ ကိုယ်က မျက်နှာဝိုင်းတဲ့သူဆိုရင် လေးထောင့်ပုံစံ Angular Frame မျိုးကို ရွေးပေးနော်။ ဒါမှမဟုတ် လေးထောင့်မျက်နှာကျဆိုရင်တော့ Soft lines နဲ့အဝိုင်းပုံထောင့်ချိုးမျက်မှန်ကို ရွေးချယ်သင့်ပါတယ်။
ဘဲဥပုံစံမျက်နှာကျကတော့ တော်တော်ကံကောင်းတဲ့သူတွေနော်။ သူတို့က ဘယ်လိုမျက်မှန်ပုံစံမျိုးနဲ့မဆို လိုက်ဖက်ကြပါတယ်။ တစ်ခုပဲ သတိထားရမှာက ကိုယ်ရဲ့မျက်နှာထက် ကြီးတဲ့ဒီဇိုင်းကိုတော့ ရှောင်ပေးနော်။ Diamond-shaped ပုံစံ ရှိတဲ့သူတွေ အတွက်ကတော့ ကိုယ်ရဲ့ပါးရိုးထက် ကျယ်တဲ့ မျက်မှန်ကိုင်းကို ရွေးချယ်သင့်ပါတယ်။ ဒါမှလည်း ကိုယ်ရဲ့ ရှိရင်းစွဲ မေးစေ့နဲ့ နဖူးက ပုံမှန်ထက် သေးပြီး ကြည့်ကောင်းနေမှာနော်။ အသည်းပုံ မျက်နှာကို ပိုင်ဆိုင်ထားကြတဲ့သူတွေကတော့ လေးထောင့်ပုံစံ ကိုင်းကို ရွေးချယ်မယ်ဆို ကွက်တိပဲပေါ့။
ကိုယ်ရဲ့မျက်နှာက ရှည်ရှည်ကြီးဖြစ်နေတယ် ဘယ်လိုမျိုးနဲ့မှလိုက်ပါ့မလဲဆိုပြီးတော့ မပူနဲ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ပုံစံ ဘယ်ကိုင်းနဲ့ဖြစ်ဖြစ် လိုက်တာမို့လို့ပါပဲ။ Small Frame သာ မရွေးမိစေနဲ့… ဒါဆိုရင်တော့ လုံးဝ အထာကျနေမှာ အသေအချာပဲ။