အထာကျတဲ့ Stylish အမျိုးသမီးတိုင်းဟာ အဝတ်အစား အရေအတွက်များတာထက် အရည်သွေးကောင်းတဲ့ ပစ္စည်းအဝတ်စားအနည်းငယ်ကိုသာ ရွေးချယ်တက်တာတွေ့ရတတ်ပါတယ်။ ဒီကနေ့မှာတော့ Fashionable ကျတဲ့သူတွေရဲ့ Secret အကျင့်လေးတွေကို ပြောပြမှာဖြစ်ပါတယ်။
- ကိုယ်ပိုင် အရည်အသွေး ဖြင့် ကိုက်ညီမှုကို ရှာဖွေတတ်ခြင်း ( Staying True to your Personal Style )
ဟုတ်ပါတယ်။ အရင်ဦးဆုံးလိုအပ်တဲ့ အကြောင်းအရာကတော့ မိမိရဲ့ ကိုယ်ပိုင် personality ကို သိဖို့လိုပါတယ်။ သေသပ်တဲ့သူလား၊ ပေါ့ပေါ့ပါးပါးကိုကြိုက်တဲ့သူလား ။ ဒါမှမဟုတ် မိန်းကလေးဆန်သူလား ၊ ခေတ်ဆန်သူလား စတဲ့ ပုံစံ Type တွေကို သေချာသိဖို့လိုပါတယ်။ Clothing Categories ရယ် Style Type တွေကို မိမိရဲ့ Personality နဲ့ ကိုက်ပြီးဝတ်ဆင်မယ်ဆိုရင်တော့ ကိုယ်ပိုင်ဟန် Style ရှိတဲ့သူဖြစ်မှာပါပဲ။
- မိမိနှင့်တော်သော လိုက်ဖက်သော အဝတ်အစားကို ရွေးချယ်ပါ ( Only Wearing Clothes that Fit and Flatter )
အဝတ်အစားများကို မတော်ဘဲ ဝယ်မိတက်တာမျိုး၊ သူများဝတ်ထားတာမျိုး ကြိုက်လို့ဝယ်မိတာမျိုး၊ စတာကို မပြုလုပ်တတ်ဘဲ မိမိ Personality ဖြင့်ကိုက်ပြီးမှ ဝယ်ယူဝတ်ဆင်တတ်တာမျိုးပါ။ အဲဒါဆိုရင်တော့ ကိုယ်နဲ့ Identity မကိုက်တဲ့ အဝတ်အစားတွေကို မဝယ်မိ ၊ မဝတ်မိတော့ပါဘူး။
- ရာသီဥတုလိုက် ဝတ်ဆင်ပါ ( Dressing For Season )
နိုင်ငံလိုက် ရာသီဥတုတွေက မတူညီတတ်ကြပါဘူး။ Thi တို့ နိုင်ငံအနေနဲ့ Winter ရာသီဥတုက နှင်းကျတဲ့ နိုင်ငံမျိုးမဟုတ်တဲ့အတွက် trench -coat လိုမျိုးက ဝတ်ဖို့ခက်ပါတယ်။ ဒါပင်မဲ့ ချည် Trench-Coat တို့လို cardigan တို့လို မထူမပါး Coat မျိုးကို ဝတ်ဆင်နိူင်ပါတယ်။ Stylish Women တွေကတော့ အဝတ်အစားများကို မိမိ ကိုယ်ပိုင်ဟန် ရဲ့ Basic Items များကို Season အလိုက် ထည့်စဥ်းစားပြီး အဝတ်စားစီစဉ်ဝတ်ဆင်တတ်ကြတာဘဲဖြစ်ပါတယ်။
- လိုက်ဖက်သော Accessories များကို ရွေးချယ်ပါ ( It’s All About Accessories! )
Accessories တွေဟာ မိမိရဲ့ Personality ကို အများကြီး သက်ရောက်မှုရှိပါတယ် ။ ဆွဲကြိုး ၊ လက်ကောက် ၊ နာရီ ၊ အိတ် ၊ ခါးပတ် စတာတွေရဲ့ quality တွေကတော့ Stylish Chic Look အတွက် အတော်ကို အရေးပါပါတယ်။
Fashionable ဖြစ်တဲ့ အမျိုးသမီးတွေကတော့ quality ကောင်းတဲ့ Accessories များကို မိမိ personal အလိုက်ရွေးချယ်တတ်ကြပါတယ်။
- သင့်တော်သော ဖိနပ်များကိုရွေးချယ်ပါ။ ( Good Shoes Take You Good Places )
မိမိရဲ့ သွားမဲ့နေရာ ၊ အဝတ်အစား စတဲ့ တွဲဖက်ဝတ်ဆင်မှုများကို မှန်ကန်စွာရွေးချယ်တက်ဖို့လိုပါတယ်။ ဥပမာ လမ်းအများကြီးလျှောက်ဖို့လိုတဲ့နေရာမျိုးဆို Heel ထက် Flats ၊ Vans လို Sneaker တို့လိုမျိုးကို ရွေးချယ်သင့်ပါတယ်။ Stylish ဖြစ်တဲ့သူတွေကတော့ အခြေအနေနဲ့လိုက်ဖက်တဲ့ ဖိနပ်များကိုရွေးချယ်တတ်ကြပါတယ်။
နောက်ထက် Stylish ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ Secret လေးတွေကို LUSH SAT STYLING TIPS ကနေ Thi အနေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ်။