STRENGTHEN YOUR CORE WITH BOXING
ယောကျာ်းလေးတွေ အားလုံးက စမတ်ကျပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင် ချင်ကြမှာပါ။ ဒီလိုခန္ဓာကိုယ် ရဖို့အကောင်းဆုံးနည်းကတော့ လက်ဝှေ့ထိုးခြင်းပါပဲ။ Boxing ကိုတော့ Local မှာရော Foreign မှာပါ အမျိုးသားတိုင်းလိုလို ကစားလေ့ရှိပါတယ်။ အခုဆိုရင် အမျိုးသမီးတွေတောင် အားကစားတစ်ခုအနေနဲ့ ကစားလာကြပါတယ်။ Boxing ကို 600BC ကျော်လောက်ကတည်းက Iraq, Greece နဲ့ Rome ကနေစတင် ကစား
ခဲ့ကြပါတယ်။ မြန်မာမှာတော့ လက်ဝှေ့လို့လူသိများတဲ့ အားကစားတစ်မျိုးဖြစ်ပြီး ပျူခေတ်ကတည်းကပင် စတင်ခဲ့တဲ့ ရိုးရာ အားကစားလည်း ဖြစ်ပါတယ်။ ဒီအားကစားကတော့ အားလုံးကောင်းကောင်းသိပြီးသားဖြစ်တဲ့ အားကစားနည်းတစ်ခုပါ။
ဒီအားကစားနည်းမှာတော့ ကန်ခြင်း၊ ခုန်ခြင်း နဲ့ လက်သီးထိုးခြင်းတွေအဓိကလုပ်ရမှာပါ။ တခုခုလုပ်တော့မယ်ဆိုရင် လုပ်ရမယ့်အချက်နဲ့မလုပ်ရမယ့် အချက်တွေရှိမယ်ဆိုတာ သင်သိပြီးသားပါ။ Boxing ဆော့မယ်ဆိုရင်တော့ သင့်အရိုးတွေ အန္တရာယ်မဖြစ်အောင် လက်ကောက်ဝတ် လက်ပတ်၊ လက်ဝှေ့လက်အိတ်၊ နဲ့ mouth guard တွေ အကာအကွယ်အနေနဲ့လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကန်ခြင်းနဲ့ထိုးကြိတ်ခြင်းတွေအများဆုံးလုပ်ရမှာမို့လို့ပါပဲ။ ဒီအားကစားကို စတင်ကစားမယ် ဆိုရင်တော့ ပေါင် ၁၀ဝ အလေးချိန်ရှိတဲ့ အလေးအိတ်ကြီးနဲ့ စတင်လေ့ကျင့်ရမှာပါ။
Boxing အားကစားကို မကစားဘူးသေးရင် လေ့ကျင့်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ Boxing ကစားခြင်းဖြင့် သင့်ရဲ့နှလုံးသွေးကြောစနစ်များကို ကောင်းမွန်စေပြီး နှလုံးရောဂါ ဖြစ်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးတဲ့အပြင် သင့်ရဲ့မျက်လုံးနဲ့လက်တွေကို ဟန်ချက်ညီညီနဲ့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ်က အမြဲမြန်မြန်ဆန်ဆန် အားထည့်လှုပ်ရှားနေရလို့ သင့်ကိုယ်ထဲက ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းနေစေပါတယ်။ ဒီလို ဆော့ပြီးချိန်မှာတော့ သင်ကိုယ်တိုင်ပေါ့ပါးနေပြီး သင့်ခွန်အားနဲ့ အာရုံတွေက သင့်ရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပိုပြီးတစ်သားထဲဖြစ်နေတာ သင်ခံစားမိမှာပါ။ သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတဲ့အားကစားနည်းဆိုလည်း ဟုတ်ပါတယ်။
Boxing ကို အချိန်မှန်မှန်နဲ့ စနစ်ကျကျ ဆော့နေမယ်ဆိုရင် လက်ဝှေ့အိတ်ကြီးက သင့်ကန်ချက်နဲ့ ထိတိုင်း မြန်သထက်မြန်လာမှာပါ။ ဒါပေမယ့်မကစားခင်သိထားရမှာက free weight, wrong machine, jump rope နဲ့ medicine ball တွေကို training equipment အနေနဲ့ အသုံးပြုဖို့လိုအပ်လိမ့်မယ် ဆိုတာပါပဲ။ Boxing မကစားခင် ဒီပစ္စည်းတွေနဲ့ သွေးပူအောင်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကြွက်သားနဲ့ သွေးကြောတွေကို ပိုမိုသန်မာအားကောင်းစေပါတယ်။
Gym မသွားခင်မှာလည်း သေသေချာချာ ကိုယ်နဲ့ဘယ်လို training မျိုးက လိုက်ဖက်သလဲဆိုတာ စုံစမ်းပါ။ gym အများစုက boxing ပြန်သင်ပေးမယ့် boxer trainer တွေအတွက် certificate ပေးတဲ့အတန်းမျိုးနဲ့ everyday athletes အတွက်ပေးတဲ့ training တွေကိုခွဲပြီး သင်တန်းပေးကြပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ boxing ကတော့ သင့်ရဲ့ကိုယ်အလေးချိန်ကို အလေးပေးထိန်းညှိပေးတဲ့ အားကစား တစ်ခုပါပဲ။ gym မှာမကစားချင်လို့အိမ်မှာပဲကစား ချင်တယ်ဆိုရင်လည်း ကိုယ့်အိမ်မှာပဲ ကစားနိုင်ပါတယ်။
ကိုယ်တိုင်အိမ်မှာ ကစားမယ်ဆိုရင်တော့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ထားပါ။ အင်တာနက် ကနေလည်းလေ့လာပြီး ကစားနိုင်ပါတယ်။ ဒါပေမယ့် အကြံပေးချင်တာ ကတော့ အခုမှ စပြီးကစားမယ့်လူတွေအတွက် အကောင်းဆုံးနည်းလမ်းက gym တစ်ခုခုမှာ အခြေခံကိုစသင်စေချင်ပါတယ်။ ပြည်တွင်း ရန်ကုန်မြို့ထဲမှာတော့ Phonenix Myanmar Boxing Club, Balance Fitness II, Thut Ti Myanmar Lethwei Gym, and Power House Fitness Club တွေက လက်ရှိနာမည်ရနေတဲ့ Fitness Club တွေပါ။ မနက် ၆နာရီကနေ ည ၉နာရီအထိ ပိတ်ရက်မရှိပဲ ဖွင့်တာကြောင့် သင်အားတဲ့အချိန်ကို gym သွားပြီး boxing အားကစားကို စတင်ဖို့ အကောင်းဆုံးပြင်ဆင်နိုင်အောင် တိုင်ပင်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။
(English Version)
It was well started since over 600BC and it originated from Iraq, and then was continued by Greece and Rome. In Myanmar, we all know it as Lethwei. But our Lethwei boxing was different as it belongs to Myanmar tradition since PhyuAera. However, this is a really well-known game and sport for all.
When you are boxing, you have to kick, punch and jump. There are always to-dos and dont’s when you start out. When you are boxing, you need to use wrist wraps, boxing gloves, and mouthguard to protect your teeth. When you start this sport, you should not begin with a partner, you should start training by kicking most professional heavy bags weigh at least 100 pounds.
You should do boxing as soon as possible for it has so many advantages. It can improve vascular health and it reduces the risk of a heart attack because of the lowering of your stress level. It improves your hands and eyes coordination for you have to concentrate the movements of the bag or your sparring partner. And it burns calories for you have to move by strength and quick speed all the time. After you have done boxing, you can feel yourself becoming more agile. It provides well-balanced activities for better mental and physical health. Moreover, it maintains your weight.
The time you are kicking the punching bag will be faster and faster after you play regularly and systemically. Before you start boxing, you need to train with free weights, rowing machines, jump rope and medicine balls as training equipment. You have to do exercise with that equipment to strengthen your muscles and blood vessel.
Before you join a gym for boxing, you need to be sure which training place will be suitable for you. This is because almost all gym gives training mostly for certificated training boxers and for everyday athletes. Either way, boxing is a sport for emphasizing your body weight. If you don’t want to play at the gym, you can play at home.
If you are planning to try boxing at home, do buy the necessary equipment and you can check via the internet such as youtube. However, we would suggest that learning at a gym is the best way if you are a beginner. In Yangon, the famous boxing clubs such as Phoenix Myanmar Boxing Club, Balance Fitness II, Thut Ti Myanmar Lethwei Gym, and Power House Fitness Club are the best to start. Opening hours are from 6 am to 9 pm daily. So you can go and practice in your free time and can also discuss with the professionals for the best preparation for boxing.