Tokyo Fashion Week ဆိုတာက မျက်လှည့်ဆန်ဆန် ဖက်ရှင်တွေနဲ့ မြင်သူတိုင်းကို ၀ိုးခနဲဖြစ်သွားစေမယ့် ဖက်ရှင်တွေစုစည်းရာ ဖက်ရှင်ရပ်ဝန်းတစ်ခုပါ။ အာရှရဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် Fashion Week ဖြစ်သလို လူငယ်တွေ ရူးသွပ်လှချည်ရဲ့ဆိုတဲ့ ဖက်ရှင် အဆန်းအပြားမှန်သမျှ Tokyo Fashion Week မှာ တွေ့နိုင်ပါတယ်။ ဘယ်လိုပဲ ဝေဖန်မှုတွေရှိရှိ Tokyo Fashion Week ကိုတက်ရောက်လာတဲ့ လူငယ်တွေကတော့ အရောင်တောက်တောက်တွေ၊ PVC Accessories တွေ၊ Jacket အလန်းစားတွေနဲ့ ဖက်ရှင်ကျကျ အပိုင်းအစ အတွဲအစပ်တွေကို တွဲဖက်ပြီး အမိုက်တကာ့ အမိုက်ဆုံး ဖြစ်အောင် ၀တ်လာကြတာ
မြင်ရမှာပါ။ ဒီနှစ်ရဲ့ Tokyo Fashion Week Fall 2019 မှာတော့ ပန်းရောင်နဲ့ အနီရောင်တွေက အများဆုံး နေရာယူထားခဲ့ပါတယ်။ Tokyo Fashion Week ရဲ့ သူမတူတဲ့ ဖက်ရှင် အနှစ်သာရကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
Ref:Vogue
Editor: Su Yi Htet