LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESS

Skating

written by Lush Editor March 1, 2019
Skating

ဟိုအရင်တုန်းကတော့ ကျွန်တော်တို့ဟာ စကိတ်စီးသူတွေကို ဗီဒီယို၊ ရုပ်ရှင်တို့လိုနေရာမျိုးမှာသာ တွေ့မြင်ခဲ့ကြရပြီး ရင်းနီးခဲ့ကြတာဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကိုလွန်လာပြီး ယနေ့လိုအချိန်မျိုးမှာတော့ ရန်ကုန်မြို့တင်မကတော့ဘဲ အခြားသော မြို့တွေတော်တော်များများက လူငယ်တွေလည်း စကိတ်စီးခြင်းကို နှစ်သက်ခုံမင်စွာနဲ့ လိုက်စားလာကြတာတွေ့ရပါတယ်။

In the past few years, we would see people skating only in movies and video clips. Nowadays, you can see young people skating not just in Yangon but also in many other cities in Myanmar.

ရန်ကုန်မြို့ပေါ်က စကိတ်စီးသူတွေကိုမြင်တွေ့နေကျ နေရာတစ်ခုဆိုရင် လှည်းတန်းကုန်းကျော်တံတားအောက်ပဲဖြစ်ပါတယ်။ လှည်းတန်းကုန်းကျော်တံတားအောက်ကို စကိတ်စီးသူလူငယ်တို့က သူတို့ကိုယ်တိုင် ကိုယ်ပိုင်ပိုက်ဆံတွေ စိုက်ထုတ်ပြီး စကိတ်ကွင်းတစ်ခုကိုလည်း တည်ဆောက်ထားတာဖြစ်ပါတယ်။ အခုဆို သူတို့လိုအပ်တာလေးတွေ ထည့်လိုက်ဖြည့်လိုက် လုပ်လာတာ သိန်း ၅၀ ကျော်လောက်ကုန်ခဲ့ပြီလို့သိရပါတယ်။ ညနေပိုင်းတွေမှာ Skate စီးနေသူအများအပြားကိုတွေ့မြင်ကြပြီး weekend တွေမှာတော့ MSA(Myanmar Skate Association) ကဦးဆောင်ပြီး စကိတ်ကိုစတင်စီးချင်သူတွေ၊ မကျွမ်းကျင်သေးတဲ့သူတွေကို အခမဲ့သင်ကြားပေးနေတယ်လို့သိရပါတယ်။

You can see people skating mostly in Hledan flyover in Yangon. This skate rink under the flyover was self-funded by young skaters. Right now, the bill is up to fifty lakhs with them filling in necessary parts for the rink. You will see people skating in the evenings and on weekends. MSA (Myanmar Skate Association) give free skating lessons for the beginners and the amateurs.

မြန်မာနိုင်ငံက စကိတ်စီးသူတွေဟာ အခက်အခဲများစွာရင်ဆိုင်နေရပါတယ်။ စကိတ်စီးစရာ ကစားကွင်းရှားပါးခြင်း၊ နိုင်ငံတော်က အသိအမှတ်ပြုမခံရခြင်းစတာတွေများစွာရှိပါတယ်။ ဒီလိုအခက်အခဲတွေကို MSA က ကြိုးစားလုပ်ဆောင်နေပြီး ယခုနှစ်ပိုင်းတွေမှာ နိုင်ငံတကာစကိတ်ပြိုင်ပွဲတွေ ၀င်ပြိုင်နေအောင်လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံကာပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံက ဆုတံဆိပ်ဆွတ်ခူးနိုင်တာတွေ ရှိလာခဲ့ပါတယ်။ သိပ်မကြာသေးတဲ့ကာလတစ်ခုကလည်း တောင်ကိုးရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ ရေခဲပြင်စကိတ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမရယူပေးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကတော့ ရေခဲပြင်စကိတ်မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေကိုသီးသန့်ပြုလုပ်ပေးခဲ့တဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ရေခဲပြင်စကိတ်မဖွံ့ဖြိုးသေးတဲ့နိုင်ငံ ၃၂ နိုင်ငံကပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးနဲ့အာဂျင်တီးနားတို့လိုနိုင်ငံကြီးတွေလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားအနေနဲ့ မြန်မာနိုင်ငံက Short Track Speed အမျိုးအစားကိုဝင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။

The skaters in Myanmar face many difficulties such as the lack of space for skating and not being recognized as legitimate by the country. Due to the hard works from MSA, now we can compete in International skating competitions. Our skaters had won some prizes in international competitions and recently, Myanmar clinched first prize at Ice Skating Competition in South Korea. This competition is specifically for the countries where ice skating is not a fully developed sport yet. Thirty Two countries, including Brazil and Argentina, competed in this competition and Myanmar participated in “Short Track Speed”.

မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီနီးပါးလို့ပြောလို့ရနိုင်တဲ့ ကွင်းကောင်းကောင်းတစ်ကွင်းတော့ရှိပါတယ်။ အဲဒါက ကမာရွက်မြို့နယ်၊ ဘုရင့်နောင်လမ်းနဲ့ မြလေးရုံကျောင်းလမ်းထောင့်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီကွင်းကိုတော့ နော်ဝေး၊ အင်္ဂလန်၊ အမေရိကန်စတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ Make Life Skate Life အဖွဲ့က ကူညီတည်ဆောက်ပေးခဲ့တာဖြစ်ပြီး ကွင်းတည်နေရာအတွက် ရန်ကုန်မြို့တော်စည်ပင်ကပေးခဲ့တာဖြစ်ပါတယ်။ ကွင်းရဲ့တည်ဆောက်စရိတ်က သိန်း ၂ သောင်းလောက်အထိရှိတယ်လို့ဆိုပါတယ်။ နောက်ထပ်လည်း ပြင်သစ်ယဉ်ကျေးမှုဌါနနဲ့ ရန်ကုန်တိုင်းအစိုးရတို့ပူးပေါင်းပြီး လှည်းတန်းကုန်းအောက်ယခုလက်ရှိယာယီစကိတ်ကွင်း နေရာကိုနိုင်ငံတကာအဆင့်မီစကိတ်အားကစားကွင်းနဲ့BMX စက်ဘီးကွင်း ဖြစ်အောင် လုပ်ပေးဖို့ရှိတယ်လို့သိထားပါတယ်။

We do have a skating park that is almost up to the international standard. It’s located at the corner of Bayin Nayunt Road and Mya Lay Yone Kyaung Street in Kamayut Township. This skate park is built with help from Make Life Skate Life organization (it has 17 country members including Norway, England and America) with permission from YCDC. The total building cost of this park came up to twenty thousand Lakhs (Kyats). We heard that there is also a plan to make the skate rink under Hledan flyover to become an International standard skate rink and BMX park by Yangon Regional government and Alliance Francaise.

မြန်မာပြည်မှာတော့ Inline Skate (Rollerblade) နဲ့ Skateboard (လေးဘီးစကိတ်ဘုတ်ပြား) အမျိုးအစားတွေကိုစီးကြပါတယ်။ ၂၀၁၆ ခုနှစ်က အင်္ဂလန်နိုင်ငံက ကမ္ဘာ့နံပါတ်(၂)စကိတ်သမားတစ်ဦးဖြစ်ဖူးတဲ့ Joe Atikinson နဲ့သူ့သူငယ်ချင်းတွေ မြန်မာနိုင်ငံကို ခရီးသွားဟန်လွဲလာရောက်ပြီး ထောက်ကြံ့က စကိတ်ကွင်းတစ်ခုမှာ သူ့ရဲ့အတွေ့အကြုံနဲ့နည်းလမ်းတွေကို မြန်မာပြည်က လူငယ်စကိတ်သမားတွေကို သင်ပြမျှဝေပေးခဲ့ဖူးပါတယ်။ Joe Atikinson ဟာ Inline စကိတ်သမားတစ်ယောက်လည်းဖြစ်ပါတယ်။

In Myanmar, most people would do Inline (Rollerblade) skating or skateboarding. In 2016, Ex No.2 Skater in the World Joe Atkinson, who’s from England, visited Myanmar and shared his experience and techniques to the young skaters here in a skate park near Htauk Kyant. Joe Atkinson is also an Inline Skater.

အခုဆိုရင် မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်တွေမှာ စကိတ်ကွင်းတွေရှိလာနေပြီဖြစ်ပါတယ်။ ရန်ကုန်မှာလည်း စကိတ်ကွင်းအနည်းအကျဉ်းရှိပါတယ်။ သို့ပေမယ့် အဓိကပြဿနာက စကိတ်ကွင်းတွေဟာ သွားရေးလာရေးခက်ခဲပြီး အချက်အချာကျတဲ့နေရာတွေမှာ ရှိမနေတာဖြစ်ပါတယ်။ MSA ကပြောပြချက်အရ စကိတ်လေ့ကျင့်နေတဲ့လူငယ်အများစုဟာ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့လူငယ်တွေပိုများပြီး အားလပ်တဲ့ညနေပိုင်းတွေနဲ့ weekend တွေမှာသာ လေ့ကျင့်ကြတာဖြစ်တဲ့အတွက် ဘစ်ကားမရောက်တဲ့နေရာ ရန်ကုန်မြို့နဲ့အလှမ်းကွာတဲ့နေရာတွေကို သွားလာဖို့ အဆင်မပြေတာတွေရှိနေတယ်လို့ဆိုပါတယ်။ တစ်ချိန်က ရှိခဲ့ဖူးတဲ့ သုဝဏ္ဏစကိတ်ကွင်းကလည်း ၂၀၁၁ ခုနှစ်မှာ ပိတ်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။

Currently, we have many skating parks in different parts of the country. We have a handful of places to skate in Yangon too. The main problem, however, is that these places are located in inaccessible areas. According to MSA, most skaters are students and working youths who can only skate in the evenings and during the weekends. Therefore, it is difficult for them to go to places where there’s no public transport and far from the city. The once accessible Thuwanna Skating Park was also shut down in 2011.

စကိတ်စီးတဲ့အားကစားဟာ လူငယ်တွေအတွက် ကောင်းမွန်အရေးပါတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်းကောင်းမွန်သလို၊ အပျော်အပါးအတွက် အချိန်လျော့နည်းသွားတာ၊ ကွမ်းစား ဆေးလိပ်သောက်တာတွေလည်းနည်းပါးလာတဲ့အတွက် လူငယ်တွေရဲ့တိုးတက်မှုအရှိန်ကို အထောက်အပံ့ဖြစ်စေတဲ့အားကစားနည်းတစ်ရပ်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ စကိတ်စီးရတာကို မြတ်နိုးတဲ့လူငယ်တွေရဲ့ပြောပြချက်အရတော့ Adventure ကို ခုံမင်ပြီး၊ လေပေါ်ခုန်ဝဲရတဲ့အရသာကို စွဲလမ်းမှုတို့ကြောင့်လည်း စကိတ်အမြဲစီးဖြစ်တယ်လို့ပြောပါတယ်။

Skating is a very good sport for young people. It is not only good for health and growth; it also diverts their attention from chewing betel nuts and smoking as well. According to the young skaters, they love skating because they like adventure and the feeling of being up in the air.

words by a el ti

english translated by R.E.Saw

LUSH get fitLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Lush Editor

previous post
တစ်ယောက်တည်းနေပျော်အောင် ဘယ်လိုနေကြမလဲ။
next post
2019 Fall Fashion Runway က အမိုက်စား မိတ်ကပ်ပြင်ဆင်မှုများ

Recommended

ပြည်တွင်း ပြည်ပ Zumba Instructor တွေပူးပေါင်းကျင်းပတဲ့ “လှုရင်းနဲ့ ပျော်မယ့် ပျော်ရင်းနဲ့...

July 29, 2019

Yoga Romance

February 1, 2019

Useful Sports Gadgets

June 28, 2019

Worst Habits for Belly Fat and How to...

June 10, 2019

Meal Box Trend For Fit

January 22, 2019

မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ

August 26, 2023

Workout မလုပ်ခင် မစားသင့်တဲ့ အစားအစာများ

June 21, 2019

Life and Nutrition

April 10, 2020

Keep You on Track For Better Health All...

January 22, 2019

ကမ္ဘာတဝှမ်း ဖွံ့ဖြိုးလာတဲ့ Wellness Tourism ယဉ်ကျေးမှု

June 24, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem