Runway ပေါ်က Makeup Looks များနဲ့ Editorials
Fashion Runway ဆိုတာ တကယ့်ကို အမိုက်စား Fashion တွေနဲ့ တစ်နှစ်ပတ်လုံးမှာ ခေတ်စားလာမယ့် ဖက်ရှင် ရေစီးကြောင်းကို ဦးဦးဖျားဖျားမြင်တွေ့ရမယ့်နေရာပါ။ ဒီနေရာမှာ ဖက်ရှင်တွေတင်ပဲလားဆိုရင်မဟုတ်ပါဘူး Makeup Look တွေဆိုရင်လည်း Runway Makeup က ဘာနဲ့မှ မတူဘဲ တမူထူးခြားပြီး Inspiration များစွာ ယူလို့ရပါတယ်။ ဖက်ရှင်မှာဆိုရင် ဘယ်လိုအရောင်တွေ၊ဘယ်လိုအတွဲအစပ်တွေက ခေတ်စားမလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ရသလိုပေါ့ မိတ်ကပ်ပြင်ဆင်မှုတွေကိုလည်း ကျွန်မတို့ ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် Runway Makeup Look တွေက Fashion Editorial တွေရဲ့ အသက်ဖြစ်လာနိုင်ပြီးတော့ မတူညီတဲ့ တင်ဆက်မှု၊ဖက်ရှင်အရသာသစ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လူတွေကို wow ခနဲဖြစ်သွားစေတာပါပဲ။
*TREASURES TALK*
LUSH MAGAZINE MYANMAR MARCH 2020 | BEAUTY
#LUSHitRight #LUSHbeauty #LUSHmagazineMyanmar
Beauty Star: June MoMo Ko
Beauty Editor & Stylist: Su Yi Htet
Photographed by Minn Mon Chan (CHAN – Photography)
MakeUp Artist: Kwan Kwann – The Artist