Rihanna ရဲ့ Fashion Line ဖြစ်တဲ့ “FENTY” ကတော့ ပွဲထွက်လာခဲ့ပါပြီ။ မေလအစပိုင်းမှာ LVMH နဲ့ Rihanna တို့ဟာ နောက်ထပ် Luxury Fashion House တစ်ခုဖြစ်တဲ့ “FENTY” ကို စတင်မိတ်ဆက်ပေးမယ်ဆိုတဲ့ သတင်းကို အတည်ပြုပေးခဲ့ပြီးတော့ အခုချိန်မှာတော့ ပွဲထုတ်လိုက်ပြီဖြစ်ပါတယ်။ ပထမဦးဆုံး “FENTY” ရဲ့ ပွဲဦးထွက်ကို ပဲရစ်မှာ စတင်ခဲ့ပြီးတော့ Collection တစ်ခုလုံးက ပုံရိပ်တွေကိုလည်း မြင်တွေ့ခံစားရတော့မှာပါ။
ပထမဦးဆုံး အသစ်စက်စက် Collection ရဲ့ Lookbook မှာဆိုရင် ဘလေဇာတွေ၊ ပုံစံဆန်း တီရှပ်တွေ၊ Japanese Denim Pieces တွေနဲ့ ဘောင်းဘီပွပွတွေ ပါဝင်ပြီးတော့ ခါးနားမှာသိမ်းထားတဲ့ပုံစံဒီဇိုင်းတွေ၊ ခပ်ထူထူထုနဲ့ ပခုံးပိုင်းမှာ အသားပေးထားတဲ့ Design တွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Fanny Pack တွေ၊ Jewelry တွေ၊ ကြိုးသိုင်း ဒေါက်မြင့်ချွန်ဖိနပ်တွေနဲ့ ခေတ်ဆန်တဲ့ မျက်မှန် အကြီးကြီးတွေပါ ပါဝင်မှာဖြစ်ပါတယ်တဲ့။
“FENTY” က တရားဝင်မိတ်ဆက်တဲ့ Teaser Video မှာတော့ Rihanna တစ်ယောက် FENTY Collection က ၀တ်စုံတွေကို Styling လုပ်ပေးနေဟန် ရိုက်ကူးထားပြီးတော့ မော်ဒယ်လ်တွေ တစ်စုတစ်ဝေးတည်းအုပ်စုလိုက် Monochromatic Looks တွေ မတူအောင် ရိုက်ကူးနေချိန်မှာ ဆင်ယင်ပေးထားတာပါ။ Lookbook ကိုရိုက်ကူးပေးထားတဲ့ ဓာတ်ပုံဆရာက Glen Luchford ဖြစ်ပါတယ်။
ဒီလို Brand အသစ်ကို မိတ်ဆက်လိုက်တာက ဖက်ရှင်သမိုင်းမှာ ထူးခြားမှု၊ပြောင်းလဲမှုတွေကို မြင်တွေ့ရဦးမှာဖြစ်ပြီးတော့ LVMH အတွက်တော့ ၁၉၈၇ Christian Lacroix ပြီးတဲ့နောက် ပထဦးဆုံးအကြိမ် Brand အသစ် ထိုးဖောက်ခြင်းပါ။ ဒါ့ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာက Rihanna ဟာ LVMH အောက်က Fashion House နဲ့ လက်တွဲခွင့်ရတဲ့ ပထမဦးဆုံးသော လူမည်းအမျိုးသမီးတစ်ယောက်လည်း ဖြစ်နေတာပါပဲ။
“FENTY” ရဲ့ First Collection က အမိုက်စားဖက်ရှင်ပုံရိပ်တွေနဲ့ Teaser Video ကိုတော့ အောက်မှာ ဆက်ကြည့်လိုက်ရအောင်။
Ref: Elle
Editor : Su Yi Htet