Rihanna ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ဂီတလောကမှာ နေရာတစ်နေရာ အခိုင်အမာကို ယူထားတဲ့ Queen တစ်ယောက်ပါ။ လက်ရှိမှာ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်သလို Fashion နဲ့ Beauty Line မှာလည်း အောင်မြင်နေတဲ့ Rihanna ဟာဆိုရင် သူမရဲ့ အသက် ၃၁ နှစ်အရွယ်မှာ ဂီတလောကရဲ့ အချမ်းသာ အကြွယ်ဝဆုံး အမျိုးသမီးအဆိုတော်ဖြစ်လာခဲ့ပါပြီ။
၂၀၁၉ ဇွန်လ ၃ ရက်နေ့က Forbes က ထုတ်ပြန်ခဲ့တဲ့အဆိုအရ Rihanna ရဲ့ ပိုင်ဆိုင်မှုအသားတင်ဝင်ငွေဟာ မီလီယံ ၆၀၀ ကျော်ရှိပြီး Madonna ၊ Celine Dion နဲ့ Beyoncé တို့ကိုပါ ကျော်တက်ပြီး နံပါတ်တစ် နေရာကို တက်သွားတာဖြစ်ပါတယ်။
Rihanna ဟာ သူမရဲ့ Business ဖြစ်တဲ့ Fenty Beauty အတွက် ၂၀၁၇ September လမှာ LVMH နဲ့ ပထမဦးဆုံး လက်တွဲခဲ့သလို ပြီးခဲ့တဲ့ မေလမှာ ထပ်မံပြီး LVMH အောက်မှာပဲ “Fenty” လို့အမည်ပေးထားတဲ့ Luxury Fashion House ကို မိတ်ဆက်ပေးခဲ့ပါတယ်။
Forbes က ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ “Fenty Beauty”ဟာ ၁၅ လအတွင်းမှာ စီးပွားရေးအတိုင်းအတာအရ
မီလီယံ ၅၇၀ နဲ့ အထက် ရောင်းအားရှိတယ်လို့ ဆိုသလို Rihanna ဟာ “Fenty Beauty” ရဲ့ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်တဲ့။ ကျန်တာကတော့ LVMH က ပိုင်ဆိုင်တာပါ။ Forbes ရဲ့ ခန့်မှန်းချက်မှာတော့ “Fenty Beauty” ဟာ ၃ ဘီလီယံလောက် ပိုင်ဆိုင်တယ်လို့ ဆိုထားပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Rihanna ဟာ Los Angeles အခြေစိုက် Online fashion retailer ဖြစ်တဲ့ TechStyle Fashion Group နဲ့ “Savage x Fenty” လို့ခေါ်တဲ့ Lingerie Line ကိုလည်း တွဲစပ်ပိုင်ဆိုင်ထားပါသေးတယ်။ ဒါ့အပြင် “Fenty Skin” လို့ခေါ်တဲ့ Skincare Line ကို ထုတ်ဖို့လည်း ပြင်ဆင်နေသေးတယ်လို့ သတင်းတွေက ဆိုပါတယ်။
Music Industry ထဲမှာပဲနေနေ၊ Beauty နဲ့ Fashion Line ကနေ Product တွေရောင်းရောင်း အခုထိ ဘာလုပ်လုပ်ကိုပေါက်နေတဲ့ RiRi ရဲ့ စန်းကတော့ တကယ်ကို ကြောက်စရာကောင်းအောင် အောင်မြင်တာပါပဲ။
Ref:elle
Editor: Su Yi Htet