Hello… Lush Magazine ရဲ့ စာဖတ်ပရိသတ်ကြီးများအားလုံးပဲ မင်္ဂလာပါ….
Covid-19 ကြောင့် Fashion Show တွေ Photoshoot တွေရိုက်ဖို့ ခက်ခဲပြီး အဆင်မပြေမှုတွေအများကြီး ကြုံတွေ့ခဲ့ကြရပါတယ်… ဒါပေမဲ့ Fashion Designer တွေကတော့ သူတို့ရဲ့ဖန်တီးမှုတွေ ပြုလုပ်နေတာကိုတော့ ရပ်တန့်မသွားဘဲ Social Distancing ကို ကျင့်သုံးကာ ဆက်လက်ပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်…
အခုပြောပြချင်တဲ့ Wedding brand လေးကတော့ American Brand တစ်ခုဖြစ်တဲ့ Reem Acra ရဲ့ Bridal Spring 2021 လေးပဲ ဖြစ်ပါတယ်…
New Normal နဲ့ လိုက်ဖက်အောင် လူအများကြီး Setting အများကြီးမပါဝင်ပဲ ရိုးရိုးရှင်းရှင်းနဲ့ပဲ အမြင်ဆန်းအောင် Collage Art ပုံစံသုံးပြီး Bridal Look တွေကို ဖော်ပြထားတာမို့ စိတ်ဝင်စားကြမှာ သေချာပါတယ် ဆက်ပြီးကြည့်လိုက်ကြရအောင်…
အခုပထမဆုံး ပြောပြပေးချင်တဲ့ ဒီ Reem Acra ရဲ့ SS 21 Collection ထဲက Look No. 3 လေးကတော့ Triangle body shape လေးတွေ အတွက်ပဲဖြစ်ပါတယ်… Illusion neckline လေးကိုမှ Flare layer လေးတွေပါတဲ့ Cap Sleeve လေးနဲ့ဆိုတော့ အပေါ်ပိုင်းသေးတဲ့ သတို့သမီးလေးတွေအတွက် ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို balance မျှစေဖို့ ရွေးချယ်သင့်တဲ့ Dress လေးပါပဲ…
ဒုတိယပြောပြပေးမဲ့ Dress No.6 လေးကတော့ Collection တစ်ခုလုံးထဲမှာတော့ အလှဆုံး Dress လေးပါပဲ… Off-shoulder လေးကိုမှ Deep V-neck လေးနဲ့ဆိုတော့ ပခုံးလှလှလေးတွေကို ပိုင်ဆိုင်တဲ့ Inverted triangle body လေးတွေ သဘောကျမှာ အမှန်ပါပဲ A-line Gown လေးလဲ ဖြစ်နေပြန်တော့ Balance မညီမှာလဲ စိတ်ပူစရာမလိုတော့ဘူးပေါ့…
တတိယမြောက် Dress No.7 လေးကတော့ Elegant Type လေးဖြစ်ပါတယ်… A-line Flare Gown လေးပဲဖြစ်ပေမဲ့ Off-shoulder long sleeve လေးဆိုတော့ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို Balance ချိန်ပြီးသားဖြစ်နေတာမို့ Rectangle Body ပိုင်ရှင်လေးတွေကို ပိုပြီးလှသွားအောင် ပုံဖော်ပေးနိုင်မှာပါပဲ…
နောက်ဆုံးဖော်ပြပေးချင်တဲ့ Look No.9 လေးကတော့ Strapless bodyfit dress လေးပဲဖြစ်ပါတယ်… Sheath Dress Type လေးကိုမှာ ဘေးဘက်ကို Shear crystal fabric အသုံးပြုထားတာကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းကို အတိုင်းသားပေါ်လွင်နေစေမှာ ဖြစ်တဲ့အတွက် Hourglass body shape ပိုင်ရှင်လေးတွေနဲ့ အသင့်လျှော်ဆုံးပါပဲ
ဒီလောက်ဆိုရင် Reem Acra ရဲ့ Collage Art ဆန်ဆန် ဖန်တီးထားတဲ့ Wedding Dress Collection လေးကို ဖော်ပြပေးခဲ့ပြီဖြစ်လို့ စာဖတ်သူများလဲ သဘောကျကြမယ် ထင်ပါတယ်…
အခြား Dress လေးတွေကို ဆက်ပြီးကြည့်ချင်သေးတယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ link ထဲ ဝင်ကြည့်လို့ရပါတယ်နော်…
https://www.vogue.com/fashion-shows/bridal-spring-2021/reem-acra
နောက်ထပ်ဘယ်လို Article အသစ်တွေနဲ့ ပြန်လာမယ်ဆိုတာလဲ စောင့်ကြည့်ဖတ်ရှု ပေးကြပါဦး…
LUSH X Thi’s Fashion Alliances Collaboration