မြန်မာနိုင်ငံမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးတာက ၂၀၁၄၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းကနေစပြီး ပိုပိုပြီး များပြားလာပါတယ်။ အိမ်မွေးတိရစ္ဆာန်ဆို ကြောင်၊ ခွေး၊ ငါး၊ ကြက်တူရွေးနဲ့ ယုန်တို့ကို အများဆုံးမွေးကြပြီး အခုနောက်ပိုင်း exotic pet တွေမွေးတာကလည်း ပိုပြီး ခေတ်စားလာကြပါတယ်။
Since 2014 and 2015, keeping pets at home is getting popular. Most of the pet lovers keep cats, dogs, fishes, parrots and rabbits as pet. But exotic animals as pets are also getting popular.
ဒီမှာတော့ ကြောင်လေးတွေဆိုမြန်မာကြောင်လေးတွေအများဆုံးမွေးကြပြီး နောက်ပိုင်း နိုင်ငံခြားကတင်သွင်းတဲ့ကြောင်လေးတွေကိုလည်း မွေးလာကြပါပြီ။ Maine Coon Cat, Munchkin Cat, British Long Hair Cat, British Short Hair Cat စတဲ့ Exported ကြောင်လေးတွေကတော့ ဒီမှာအမွေးများလာကြပါပြီ။ ခွေးလေးတွေဆိုရင်တော့ နိုင်ငံခြားမျိုးစပ်ခွေးလေးတွေကို အမွေးများကြပြီး နောက်ပိုင်း မြန်မာခွေးလေးတွေကိုလည်း သေသေချာချာမွေးလာကြပါပြီ။ Golden Retriever, Labrador, Terrier, Poodle, Corgi, Bull Dog, Husky, Pomeranian, Samoyed Dog, Pug, Rottweiler, Beagle, Chihuahua စတဲ့ အမျိုးအစားတွေကတော့ ဒီမှာ အရမ်းကိုမွေးကြပါတယ်။
Burmese cats are mostly kept as pet in the country but recently; there are many exports for other species of cats such as Maine Coon Cat, Munchkin Cat, British Long Hair Cat, British Short Hair Cats. For dogs, many foreign breeds such Golden Retriever, Labrador, Terrier, Poodle, Corgi, Bull Dog, Husky, Pomeranian, Samoyed Dog, Pug, Rottweiler, Beagle, Chihuahua are popular. Locally, we have many dogs which are pariah breed and they are being kept as pets as well.
Pet လေးတွေ အမွေးများလာတာနဲ့အမျှ တိရစ္ဆာန်ဆေးခန်းတွေ၊ Pet Grooming ဆိုင်တွေ၊ Pet Accessories ဆိုင်တွေဟာ တဖြည်းဖြည်းများပြားလာကြပါပြီ။ Pet လေးတွေကို သေသေချာချာဂရုတစိုက်မွေးလာကြပြီး ကိုယ့်ရဲ့ကလေးတစ်ယောက်လို သဘောထားကာ မွေးမြူလာကြတာတွေ့ရပါတယ်။ ယေဘူယျအားဖြင့် တိရစ္ဆာန်ချစ်သူတွေဟာ စိတ်နှလုံးသား ထွေးကြတယ်လို့ စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ တိရစ္ဆာန်လေးတွေကို စိတ်နှစ်ပြီးချစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူတို့ရဲ့ဝေယျာဝစ္စကိစ္စလေးတွေကို ကလေးတစ်ယောက်လို ပြုစုပျိုးထောင်ပေးရတာဖြစ်လို့ တကယ်ချစ်မှသာ မွေးလို့အဆင်ပြေတာပါ။ တိရစ္ဆာန်လေးတွေကိုမွေးရတာဟာ သူရဲ့သက်တမ်းတစ်လျှောက်လုံးကို ဂရုစိုက်နိုင်မှလည်း ရတာပါ။ တစ်ချို့က ငယ်တုန်းက ချစ်ကြ၊ မွေးကြပေမယ့် အသက်လေးကြီးလာလို့ ကျန်းမာရေး မကောင်းတော့တဲ့အခါ သိပ်မစောင့်ရှောက်ချင်ကြတော့တာမျိုးရှိတတ်ကြပါတယ်။ သူတို့လေးတွေက အသက်ကြီးလာလေလေ၊ ဂရုစိုက်မှုပိုပေးရလေဖြစ်ပါတယ်။ ငယ်တုန်းချစ်ဖို့ကောင်းတုန်းမွေးကြပေမယ့် အသက်ကြီးလာလို့ မမွေးချင်တော့တာမျိုးမဖြစ်ဖို့ ဒီအချက်လေးကို သူတို့လေးတွေကို မမွေးခင် သတိပြုဆင်ခြင်သင့်ပါတယ်။
As many people are keeping pets, there are also many vet clinics, pet grooming salons, and pet accessory shops. This is because many pet owners take care of their pet like they would to their own kids. It has been said that most pet owners are kind-hearted. This is not because easy to keep a pet. You have to shower them with love and attention just like to a
human child. You need to take care of these animals for the rest of their lives. There are some people who want to get rid of their pets once the latter are older and no longer good in health. These pets need even more love and attention when they are older. It is important to keep in mind of the commitment that is required till their old age if you are keen to keep a pet while they are young and cute.
သူတို့လေးတွေကို မချစ်ပေမယ့် အနီးအနားမှာတွေ့နေရလို့ သူတို့ရဲ့ချစ်စဖွယ်အပြုအမူလေးတွေကိုကြည့်ရင်း ချစ်တတ်လာတာမျိုးလည်းဖြစ်တတ်ပါတယ်။ သူတို့လေးတွေက အဲ့လိုမျိုး လူတစ်ယောက်ရဲ့စိတ်ကို နူးညံ့လာအောင် လုပ်ပေးတတ်သူတွေဆိုတာ တိရစ္ဆာန်ချစ်သူလေးတွေ အသိဆုံးဖြစ်မှာပါ။ Social Media ပေါ်မှာ viral ဖြစ်လာတဲ့ Cat video, dog video တွေအပြင် လူတွေက သူတို့မွေးထားတဲ့ (Hedgehog, Sugar Glider) စတဲ့ တိရစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ video လေးတွေကြောင့် တိရစ္ဆာန်လေးတွေကို လူတွေတော်တော်များများ ပိုသိ၊ ပိုချစ်လာကြပါတယ်။
You might not even be an animal lover but looking at their adorable behaviors may make you start loving them. Many animal lovers know that animals could soften the hardest of hearts. Because of the viral pet videos of cat, dog and even Hedgehog and Sugar Glider, many people are becoming aware of the various kind of animals and start to appreciate them.
အရင်က လူတွေက ခွေးလေးတွေဆို အိမ်လုံခြုံဖို့အတွက်ပဲ မွေးကြပေမယ့် အခုဆို အိမ်လုံခြုံဖို့ဆိုတာထက် ကလေးတစ်ယောက်လိုချစ်လို့ မွေးလာကြတာကတော့ အားလုံးသတိထားမိကြမယ်ထင်ပါတယ်။ ပတ်ဝန်းကျင်ကိုလည်း သတိထားကြည့်မယ်ဆို pet လေးတွေ မွေးလာတာ အရင့်အရင်ကထက် ပိုများလာတာကို တွေ့မြင်နိုင်မှာပါ။ ဒီလို မွေးတဲ့သူများလာတာဟာ လူတွေ အရင်ကထက် စိတ်ထားလေးတွေပိုနူးညံ့လာကြတယ်လို့ တွေးနေမိပါတယ်။
Previously, people keep dogs as pets to guard their homes but now many are kept because they are adored. You will also notice that many are keeping pets more and more nowadays. It could be the sign that people are becoming more kind-hearted.
ဒါပေမယ့် Pet တွေကို trend ဖြစ်လို့ မွးမယ်ဆိုတာထက် မမွေးခင် ကိုယ်မွေးမယ့် Pet ကို ကိုယ်တကယ်ပဲ စောင့်ရှောက်နိုင်မှာလားဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကိုယ်နေထိုင်သွားလာနေတဲ့ Life Style နဲ့အဆင်ပြေပါ့မလားဆိုတာကိုတော့ ကွဲကွဲပြားပြားဆုံးဖြတ်ဖြတ်သင့်ပါတယ်။ Pet မွေးတာက ထင်တာထက် ပိုခက်ခဲတယ်ဆိုတာ Pet မွေးဖူးတဲ့သူတွေအသိဆုံးပါ။ ဒါကြောင့် သင်ဟာ pet မွေးဖို့စဉ်းစားနေတယ်ဆိုရင်တော့ သူတို့ကို စနစ်ကျမွေးဖို့ သေချာမှ မွေးပါလို့ တိုက်တွန်းလိုက်ပါတယ်။
However, it is important to keep pets not because they are trendy. You need to ask yourself if you could take care of them and whether they fit your lifestyle. Raising a pet is more difficult than it looks. That is why we would like to recommend you to think carefully and only keep a pet when you can raise them with care and absolute attention.