Performance art is a kind of art which can be known as the feelings that come directly from the artist’s heart. A group of market attention on the creation of art applied to find its despicable revolutionary and a creation of an artistic revolution. The emotions of the artist presents the descriptions of the feelings of the views you can see in your eyes. By the representation of the performance art, we can’t buy or sell the feeling with money.
Performance Art ဆိုတာ အနုပညာရှင်ရဲ့ ရင်ထဲကနေ ပွင့်အံထွက်ကျလာတဲ့ ခံစားမှုတွေကိုဖော်ထုတ်တင်ဆက်တဲ့ အနုပညာအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အနုပညာဖန်တီးမှုတွေအပေါ် လူတစ်စုရဲ့ ဈေးကွက်ကစားမှု၊ အသုံးချခံရမှုတွေကို စက်ဆုပ်ရွံရှာပြီး တော်လှန်ပြောင်းလဲထားတဲ့ အနုပညာတော်လှန်ရေးဖန်တီးမှုတစ်ရပ်လည်းဖြစ်ပါတယ်။ အနုပညာသမားရဲ့ ရင်ထဲက ခံစားရတဲ့ခံစားမှု အတိုင်း၊ မျက်လုံးထဲကမြင်ရတဲ့ အမြင်များအတိုင်း ခံစားချက်ကို သရုပ်ဖော် တင်ဆက်ခြင်းလည်းဖြစ်ပါတယ်။ ခံစားမှုကို ငွေကြေးနဲ့အဆုံးအဖြတ်ပေးလို့မရ၊ အရောင်းအ၀ယ်ပြုလုပ်လို့မရကြောင်းကို Performance Art က ဖော်ပြတာလည်းဖြစ်ပါတယ်။
Myanmar official performance art show which celebrated in 1996/97 is called One Man Show by Sayar Po Po. After that Sayar Htein Lin, Sayar Aung Myint, Sayar Nyein Chan Su, Sayar Aye aslo started the performance art. Nowadays there are so many performance artists in Myanmar. However, only a few artist walk straight on this career. Sayar Po Po, Sayar Htein Lin, Sayar Aung Myint are the high top three who we can search on the Google website.
မြန်မာပြည်မှာ Official အနေနဲ့ပြောလို့ရနိုင်တဲ့ Performance Art Show ကတော့ ဆရာပိုပိုရဲ့ ၁၉၉၆/၉၇ မှာလုပ်ခဲ့တဲ့ One Man Show လို့ပြောကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဆရာထိန်လင်း၊ ဆရာအောင်မြင့်၊ ဆရာငြိမ်းချမ်းစု၊ ဆရာအေးကို တို့ကလည်း Performance Art ကို တင်ဆက်စပြုလာခဲ့ပါတယ်။ ယခုလက်ရှိမှာဆိုရင် မြန်မာပြည်မှာ Performance Artist တွေ မြောက်မြားစွာရှိလို့နေပါတယ်။ ဒါပေမယ့် Performance Art ကို တစ်စိတ်မတ်မတ်ယုံကြည်စွာနဲ့ လျှောက်လှမ်းနေသူတွေကတော့ ရှားပါးပါတယ်။ Google မှာတက်ရှာကြည့်မယ်ဆိုရင်တော့ ဆရာပိုပို၊ ဆရာထိန်လင်းနဲ့ ဆရာအောင်မြင့်တို့ ၃ ယောက်ကို ထိပ်ဆုံးမှာပြထားတာတွေ့ရပါမယ်။
Artists had been trying to flourish the performance art since around 1990. In 2005, there was a performance festival after that in 2018 (December 5), Goethe Institute and New Zero Art Space led The International Performance Art Festival 2018.
၁၉၉၀ ၀န်းကျင်လောက်ကတည်းက Performance Art တွေ ထွန်းကားပျံ့ပွားလာစေဖို့အတွက် Artist တွေက ကြိုးစားလာခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာ Performance Festival ကို ပြုလုပ်လာနိုင်ခဲ့သလို၊ ယခုပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ ၅ ကနေ ၈ အထိ Goethe Institute နဲ့ New Zero Art Space တို့ဦးဆောင်ပြုလုပ်တဲ့ International Performance Art Festival 2018 ကို ပြုလုပ်နိုင်ခဲ့ပါတယ်။
Performance Art from the advent of women’s roles include Artist’s marvelous to see a wide range. Performance Artist is not perform with the script, directing guidance to specific rules, the frame of a performing artist and all history and the current political situation due sink deep feelings and suffering in the coming explosion presents an artistic shape. The environment that he lives, people, judicial repression and health care present the explosion. The Southeast Asians country’s artists have shown more explosive feeling said Sayar Aye. He also said that it is currently heading to political, depending on the judicial situation.
ထွန်းကားလာတဲ့ Performance Art တွေမှာ အမျိုးသမီး Artist တွေပါဝင်လာမှုရဲ့အခန်းကဏ္ဍကလည်း ကျယ်ပြန့်လာတာကို တွေ့မြင်ရပါတယ်။Performance Artist တစ်ယောက် ဟာ Script တွေ၊ Directing လမ်းညွှန်မှုတွေလို တိတိကျကျ စည်းမျဉ်းစည်းကမ်းတွေ၊ ဘောင်တွေနဲ့ လုပ်ဆောင်ဖျော်ဖြေတာမဟုတ်ဘဲ အနုပညာသမားတစ်ယောက်ရဲ့ဘ၀နဲ့ သမိုင်းကြောင်းနဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရပ်ရပ်တို့အပေါ် စူးစူးနစ်နစ်ခံစားပြီး ပေါက်ကွဲလာတဲ့ ခံစားမှုတွေကို အနုပညာပုံသဏ္ဍန်တစ်ခုအနေနဲ့တင်ဆက်တာဖြစ်ပါတယ်။ သူနေထိုင်တဲ့ ပတ်ဝန်းကျင်၊ လူတွေအကြောင်း၊ တရားရေးဆိုင်ရာဖိနှိပ်ခံရမှု၊ မလွတ်လပ်မှုတွေအကြောင်းကို ပေါက်ကွဲတင်ဆက်တာဖြစ်ပါတယ်။ အရှေ့တောင်အာရှနဲ့ မြန်မာပြည်က Artist တွေဟာ ဒီလို ပေါက်ကွဲတဲ့ ခံစားမှုတွေကို ပိုမိုပြသလေ့ရှိတယ်လို့ ဆရာအေးကို က ပြောပါတယ်။
Although performance Art is a visual appearance see art performance, ordinary people should follow the point of the Artist is not easy to feel. Sometimes it is able to see the simple presentation but usually mean much more complex rendering vision.
ဒါဟာ လက်ရှိသွားနေတဲ့ နိုင်ငံရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ အခြေအနေအပေါ်မူတည်ပြီးဖြစ်ပေါ်လာတာဖြစ်တယ်လို့လည်း ဆရာက ပြောပြပါတယ်။ Performance Art ဟာမျက်မြင်ထင်ရှား မြင်နေရတဲ့ အနုပညာတင်ဆက်မှုတစ်ခုဖြစ်ပေမယ့်လည်း သာမန်လူတွေအနေနဲ့ Artist ဆိုလိုရင်းအတိုင်း လိုက်လံခံစားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တစ်ခါတစ်ရံမှာ နားလည်ခံစားဖို့ ရိုးရှင်းတဲ့ တင်ဆက်မှုတွေကို တွေ့မြင်ရနိုင်ပေမယ့် များသောအားဖြင့်တော့ ဆိုလိုရှင်းရှုပ်ထွေးနေတဲ့ တင်ဆက်မှုတွေများစွာကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။