Coronavirus ရဲ့ရိုက်ခတ်မှုတွေကြောင့် တကမ္ဘာလုံးမှာ လည်ပတ်နေတဲ့ စီးပွားရေးတွေအကုန်လုံးလည်း အနည်းနဲ့အများ ထိခိုက်ကုန်ကြသလို ဖက်ရှင်လုပ်ငန်းမှာလည်း ထိခိုက်မှုတွေများခဲ့ပါတယ်။ ပွဲအစီအစဉ်တွေလည်း အကုန်ရပ်နားခဲ့ရသလို အခုထက်ထိကို ဘယ်ပွဲမှ ကြီးကြီးမားမားလုပ်လို့ မရသေးပါဘူး။
ဒါပေမဲ့ Paris Fashion Week ကတော့ လာမယ့်စက်တင်ဘာလမှာ ကျင်းပသွားမယ်ဆိုတဲ့အကြောင်း Fédération de la Haute Couture et de la Mode က တနေ့ကပဲ ကြေညာလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့ကနေ အောက်တိုဘာလ ၆ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီးတော့ Spring/Summer 2021 womenswear collections တွေကို ပြသသွားမှာပါ။ COVID19 ရဲ့ရိုက်ခတ်မှုတွေကြောင့် ဇွန်လကနေစပြီး menswear fashion week တွေကတော့ digital အနေနဲ့ လုပ်နေပါပြီ။ Couture week ကလည်း ဇူလိုင်လမှာ digital အနေနဲ့ လုပ်သွားမှာပါ။
ကြေညာချက်အရ ပွဲတွေဟာ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ လိုအပ်မယ့်ဘေးကင်းလုံခြုံရေး ကြိုတင်ကာကွယ်မှုတွေကို လိုက်နာရမှာပါ။ Paris Fashion Week ကျင်းပရင် ဘာအပြောင်းအလဲတွေမြင်ရမလဲ၊ ပွဲတွေမှာ label တွေအားလုံး ပါဝင်သွားမှာလား ဆိုတာတွေရယ်ကို စောင့်ကြည့်ရဦးမှာပါ။
Source: Hypebae