LUSH INSTYLE | NOVEMBER 2018
2018 နိုဝင်ဘာလ ရဲ့ InStyle Section မှာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သူကတော့ ချစ်စရာ ကိတ်လှလှလေးတွေကိုလုပ်ပြီးလူသိများကာ နာမည်ကြီးအောင်မြင်လာတဲ့ Angel Phoo ဖြစ်ပါတယ်။
For this November InStyle section, LUSH met up with Angel Phoo who is already popular for making cute and delicious cakes.
Style Icon Angel Phoo
Photographed & retouched by Aung Myo Thant (Now Studio)
MakeUp Artist: Si Thu Kyi Yan Ci Ci (Htet Pop Soul)
Bags: FURLA
#LUSHitRight #LUSHMyanmar #LUSHMagMyanmar #LUSHinStyle
နိုဝင်ဘာလရဲ့ InStyle မှာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သူကတော့ ချစ်စရာ ကိတ်လှလှလေးတွေကို လုပ်ပြီး လူသိများပြီး၊ နာမည်ကြီးအောင်မြင်လာတဲ့ Angel Phoo ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အိမ့်ဖူးဖူး (ခေါ်) Angel Phoo ဟာ အခုဆိုရင် သူမရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ Coffee Heaven by Angel Phoo’s Bakery ကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီး၊ အောင်အောင်မြင်မြင် လည်ပတ်နိုင်အောင် စွမ်းဆောင်နိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်စတိုင်လ်၊ ကိုယ်ပိုင်ဖက်ရှင်နဲ့ နာမည်နဲ့လိုက်အောင် လှပနေတဲ့ Angel Phoo ကို InStyle ပရိသတ်နဲ့တွေ့ဆုံပေးလိုက်ပါတယ်။
Bags နဲ့ Accessories တွေကို ခရေဇီဖြစ်လား။ ဘယ်လောက်ထိ Crazy ဖြစ်လဲ။
ဖူးက အစကတည်းက Bags တွေကို Collect လုပ်ရတာကို အရမ်းကြိုက်တဲ့သူ တစ်ယောက်ဖြစ်တယ်။ Branded တွေကို ပိုပြီးတော့စုဖြစ်တယ်။ ဒါပေမယ့် Branded ဆိုပေမယ့်လည်း အကုန်လုံးက Branded တွေချည်းပဲတော့လည်း မဟုတ်ပါဘူး။ အဓိက ကိုယ်ကြိုက်တဲ့ Pattern တို့၊ ဒီဇိုင်းတို့ထွက်လာတဲ့အခါ၊ ပြီးတဲ့အခါ Comfortable ဖြစ်တယ်ဆိုလို့ရှိရင်တော့ ဝယ်လေ့ရှိတယ်။ Accessories ကတော့ မိန်းကလေးဆိုတော့ သိတဲ့အတိုင်းပဲ။ Stack of rings တွေပေါ့။ ဥပမာ လက်စွပ်တို့၊ Bracelets တို့ ဝတ်ရတာမျိုးတွေကိုကြိုက်တယ်။
ဘယ်လိုဒီဇိုင်းမျိုးတွေ ဝတ်ဖြစ်တာများလဲ။ မဝတ်ဖြစ်တဲ့ Style ဆိုရင်ရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
အဓိကက ဖူးက အရမ်းမိန်းမ အရမ်းမဆန်တော့ Stylish ဖြစ်ပြီးတော့ Classic ဘက်ကိုသွားတာမျိုးတွေ ဝတ်ရတာပိုကြိုက်တယ်။ နောက်ပြီး Stack of depth ပေါ့၊ အထပ်အထပ်တွေ၊ Stack of rings တို့၊ Bracelets တို့ ဝတ်လို့ရမယ့်ဟာမျိုးကို ပိုပြီးတော့ ရွေးဖြစ်တယ်။
ကာလာတွေဆိုရင် ဘယ်ကာလာတွေကိုအကြိုက်ဆုံးလဲ။
ကာလာဆိုရင် ဖူးက monochrome တို့၊ Natural တို့၊ ပြီးတော့ Black and White ၊ Blue ကိုမှ any shade of blue ကိုပိုကြိုက်တယ်။ ဖူးက Pink Princess မဟုတ်ဘူး။ Blue Princess ဆိုတော့ Different shades ဆိုရင်တော့ အကုန်ကြိုက်တယ်ရှင့်။ အရမ်း Guilty ဖြစ်တဲ့ဟာပေါ့။ Floral Print တွေလိုမျိုးဟာတွေပေါ့။ ဖူးရဲ့ outfits တွေကိုချိန်းတယ်ဆိုလို့ရှိရင် Shooting တို့လိုမျိုး တခြားအစီအစဉ်တစ်ခုခုရှိမှပဲ Change ဖြစ်တာများပါတယ်။ ဖူးရဲ့ Personal Appearance က အပေါ်က ဆွယ်တာနဲ့ အောက်က Rip Jeans လေးကိုပဲဝတ်ထားလေ့ရှိတယ်။
Bags တွေကို Collect လုပ်ရတာကြိုက်တယ်ဆိုတော့ ဘယ်လို Brand တွေကို ဝယ်ဖြစ်လဲ။
Brand ကတော့ အကုန်လုံးနီးပါးကြိုက်ပါတယ်။ Chanel ၊ Dior ၊ Hermes တို့ အကုန်ကြိုက်ပါတယ်။ အခု Local မှာဆိုရင်လည်း VERSUS နဲ့ FURLA တို့လည်း ဝင်လာကြပြီ။ အခု ဖူးက Furla လေးကိုင်ထားတယ်ပေါ့။ အစကတည်းက ဖူးက Fur သရဲဆိုတော့ Fur လေးတွေ မြင်လို့ရှိရင် ဖူးက သဘောကျတယ်။ Key Chains လေးတွေ၊ Fur လေးတွေတပ်ဖြစ်တယ်ပေါ့။ ဒီလို နိုင်ငံခြား Brand တွေ Local ကိုရောက်လာပြီဆိုတော့ Bags ကို ရူးသွပ်သူတွေ၊ Collect လုပ်ရတာကြိုက်တဲ့သူတွေအတွက် ပိုအဆင်ပြေတာပေါ့။
Furla ကို ဘယ်အချိန်ကတည်းက စပြီးသုံးဖြစ်တာလဲ။
အဲဒါက တော်တော်တော့ကြာပြီ။ ဖူးနိုင်ငံခြားသွားတုန်းကပေါ့။ အဲဒီတုန်းက Furla ကိုသိပ်ပြီးမသိသေးဘူး။ ဆိုင်ထဲဝင်ကြည့်တော့ Pouch Bag လေးတွေ တွေ့တယ်။ ဖူးက မိတ်ကပ်၊ Cosmetic လေးတွေပါထည့်တတ်တော့ ဖူးအိတ်ထဲမှာဆိုရင် လေးအိတ်၊ ငါးအိတ်လောက်က အမြဲတမ်းပါတယ်။ အဲလိုအိတ်လေးတွေ ကြိုက်တာဆိုတော့ Furla ကိုဝင်ကြည့်လိုက်တော့ ကိုယ့်အကြိုက်နဲ့ လိုချင်တဲ့ပုံစံနဲ့ ကွက်တိဖြစ်နေတာပေါ့။ ဝင်ကြည့်လိုက်တော့မှ Furla မှန်းသိတာ။ အဲဒီကတည်းက အခုထိသုံးဖြစ်တယ်။ နောက်ပိုင်းကျတော့ Collection အသစ်၊ ဒီဇိုင်းအသစ်လေးတွေနဲ့ အိတ်တွေလည်း ထွက်တယ်။ Fur တွေ၊ Key Chains လေးတွေလည်းထွက်တယ်ဆိုတော့ ဝယ်ဖြစ်တယ်ရှင့်။
Furla ရဲ့ Collections ထဲကဆိုရင် ဘယ် Collections ကိုအကြိုက်ဆုံးလဲ။
သူတို့ရဲ့ Collections ထဲကဆိုလို့ရှိရင်တော့ My Play Furla ကို ပိုကြိုက်တယ်။ သူတို့တွေက အဖုံးလေးတွေကို အများကြီး လဲသုံးလို့ရတယ်။ တစ်အိတ်တည်းဝယ်ထားပြီးတော့ ကိုယ့် outfits နဲ့ လိုက်ဖက်မယ့်ဟာကို Mix & Match လုပ်လို့ရတယ်။ အဲဒီ idea လေးကိုပိုကြိုက်တယ်။
ဖက်ရှင် Icon အနေနဲ့အားကျရတဲ့သူကို Mention လုပ်ပေးပါဆိုရင် ဘယ်သူ ဖြစ်မလဲ။
Kylie လို့ပြောလို့ရတယ်။ သူက ဘော်ဒီမိုက်တယ်။ သူ ရင်ဘတ်ဟိုက်တွေ ဝတ်တဲ့စတိုင်လ်တွေကို အရမ်းကြိုက်တယ်။ ဖူးကတော့ Sporty ဘက်ကိုသွားတာ ပိုကြိုက်တယ်။
သဘောကျတဲ့ Fashion Brand တွေက ဘာတွေဖြစ်မလဲ။
ကြိုက်တဲ့ Fashion Brand တွေကတော့ အများကြီးပဲ။ ဒါပေမယ့် ဖူးစပြီး Collect လုပ်လို့ရှိရင် ဖူး မကိုင်ဖူးတဲ့ Brand ကို အရင်စဝယ်လေ့ရှိတယ်။ တစ်လုံးအရင်ဝယ်လို့ အဆင်ပြေရင် နောက်ထပ် သူတို့ထွက်တဲ့ Trend အရရော ကြိုက်ရင် ဝယ်ဖြစ်တယ်။ Furla ကတော့ အခုနောက်ပိုင်း Fur လေးတွေ ထုတ်ဖြစ်တယ်ဆိုတော့ ပိုပြီးတော့ဝယ်ဖြစ်ပါတယ်။
Furla Brand အပေါ် ဖူးရဲ့အမြင်လေးပြောပြပါဦး။
Fashionista တွေအတွက် Mix & Match လုပ်လို့ကောင်းတဲ့ Brand တစ်ခုပေါ့။ Very teenager look and fun။ အရမ်း Heavy ဖြစ်တာမျိုးမရှိဘူးပေါ့။ ဒါကတော့ သူ့ Collection နဲ့ Style အတိုင်းပါပဲ။
ဖူးအတွက် မရှိမဖြစ် Accessories သုံးခုကို ပြောပြပါ။
outfits တစ်ခုလုံး အကုန်လုံးကိုခြုံပြီးတော့ ကြည့်ရင်တော့ လိုတာပဲလေနော်။ အဓိက ဖူးရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတော့ အပေါ်အောက်အကုန် အဆင်ပြေပြီးတော့ ဖိနပ်မှာအဆင်မပြေဘူးဆိုရင် ပြီးပြည့်စုံတယ်လို့ မယူဆဘူး။ ဒါကြောင့် အောက်ကိုတော့ Flat စီးရင်စီး၊ မဟုတ်ရင် Sneaker စီးဖြစ်တယ်။ ပြောရရင်တော့ Shoe ကပဲ Outfit တစ်ခုလုံးကို ပိတ်လိုက်တယ်လို့ပြောလို့ရတယ်။ အဲဒါကိုမှ ဘေးကနေ ထပ် Support လုပ်ရမယ်ဆိုရင် Bags တို့၊ Accessories တို့ပေါ့။ ဖူးက အမြဲတမ်း Accessories ဝတ်ထားနေကျ ဖြစ်နေတော့ ဒါမရှိရင် မနေတတ်သလိုတောင်ဖြစ်သွားတယ်။ အစကတည်းက နေ့တိုင်း Daily wear လို ဖြစ်လာခဲ့တာဆိုတော့လေ။ ဘာရယ်ကြောင့်လည်းမဟုတ်ဘူး။ စတိုင်လ်အနေနဲ့လည်း ဝတ်တယ်။ ကိုယ့်လက်ထဲမှာ ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေရတာကိုကြိုက်တယ်။ သူများတွေ ကတော့ “နင့်ဟာက များလိုက်တာ”ဘာညာမြင်ကောင်းမြင်မယ်။ ဒါပေမယ့် ကိုယ်က အဲဒါကို ကြိုက်တာကြောင့်မလို့ အမြဲဝတ်ဖြစ် သွားတာပါ။
အကြိုက်ဆုံး Accessories ကို mention လုပ်ပေးပါဆိုရင်။ Bags, Shoes and Key Chains ပေါ့။ Key Chains ကိုမှ Fur နဲ့ လုပ်ထားတာကို ပိုကြိုက်တယ်။
Cake တွေကို အမြဲတမ်းလှနေအောင်လုပ်ဖို့ ဘယ်လိုလေ့လာဖြစ်လဲ။
ဖူးက အားရင်အားသလို အင်တာနက်မှာ ရှာတယ်။ အဲဒီကနေ ပြီးတော့ References တွေယူတယ်။ တစ်ခါတစ်လေကျရင် Client အပေါ် မူတည်တာရှိတယ်။ Client ဘက်က လာအပ်တယ် ဆိုရင် သူလိုချင်တဲ့အပေါ်နဲ့ သူလုပ်မယ့် ပွဲအပေါ်မူတည်ပြီး တော့ စဉ်းစားဖြစ်တယ်။ ဥပမာ Wedding ဆိုရင် Wedding နဲ့ပတ်သက်တဲ့ Dresses & Gowns တွေပေါ့၊ အဲဒါကို Inspiration ယူပြီးတော့ Decorate လုပ်ဖြစ်ပါတယ်။
များသောအား ဖြင့်တော့ unicorn theme ပဲပို များတာလား။
ဟုတ်ကဲ့။ ဘာလို့လဲဆိုတော့ ဖူး ဒီ Coffee Heaven by Angel Phoo’s Bakery ကို စလုပ်ခဲ့ကတည်းက Rainbow နဲ့စခဲ့တာကိုး။ ကိုယ်က စပြီး Rainbow နဲ့စပြီး နာမည်ရခဲ့တာကြောင့်မလို့ ဖူးဘယ်ဟာကို မဆို Create လုပ်တဲ့ Cake တွေတိုင်းမှာဆိုလို့ရှိရင် Rainbow နဲ့ပဲ လုပ်ကြည့်တယ်ပေါ့။
မိန်းကလေးတစ်ယောက်အတွက် Fashion နဲ့ Attitude က ဘယ်လောက်အထိ အရေးကြီးလဲ။
အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့တာလုံး အလုပ်လုပ်ရမှာဆိုလို့ရှိရင် ဖူးဆိုရင်
Psycho ရှိလဲဆိုတော့ ဒီနေ့အတွက် outfits က အဆင်မပြေဘူး ဆိုလို့ရှိရင် အဲဒီ့ တစ်နေကုန်ကို ဘယ်လိုမှမနေတတ်ဘူး။ အဓိက ကိုယ့်ရဲ့ဖက်ရှင်က First Impression အနေနဲ့ကို သူများတွေ့ရင် အရင်ဆုံး Attract ဖြစ်တာပေါ့။ ဆိုတော့ outfits က အဆင်မပြေဘူးဆိုရင် အဲဒီနေ့ တစ်နေကုန် နေဖို့ မလွယ်ဘူး။ Attitude က အဲဒီအပေါ်မှာလည်းမူတည်တယ်။
ဖူးက Trend နောက်ကို လိုက်လေ့ရှိသူ တစ်ယောက် လား။ ပြီးတော့ Trendsetter တွေအပေါ် ဘယ်လို ချည်းကပ်လေ့ရှိလဲ။
Trend နောက်ကို သိပ်ပြီးတအားမလိုက်ဖြစ်ဘူး။ ကိုယ့်စတိုင်လ်နဲ့ ကိုယ်ပဲနေဖြစ်တာ များတယ်။ ဒါကြီး တစ်ခု ခေတ်စားလာလို့ လိုက်လုပ်မိတာ၊ လိုက်ဝတ် မိတာမျိုးတော့ သိပ်မရှိဘူး။ ကိုယ် တကယ်ကြိုက်ရင်တော့ လိုက်ဝတ်ဖြစ်ပါတယ်။ ဒီလောက်ပဲ။ ဖူးအနေနဲ့ကလည်း Trend နောက်ကို လိုက်စရာမလိုဘူးလို့လည်း ထင်တယ်။ ကိုယ့်ပုံစံ၊ ကိုယ့်စတိုင်လ်ထဲက အသစ်ထွက်လာတာမျိုးတွေ ဆိုရင်တော့ စောင့်ကြည့်ဖြစ်ပါတယ်။
Trendsetter တွေကို ဘယ်လိုချည်းကပ်လဲဆိုတော့ များသောအားဖြင့်တော့ Social Media ပါပဲ။ New things ကို Collect လုပ်ချင်တယ်၊ Learn လုပ်ချင်တယ်ဆိုရင် Social Media ကတော့ အဓိကပေါ့။ အဲဒီမှာမှ ဖူးသုံးတာကတော့ Instagram နဲ့ Pinterest တို့ပေါ့။ အဓိက References တွေရှာမယ်၊ Idea အသစ်တွေ Inspire ယူမယ်ဆိုလို့ရှိရင်တော့ Instagram နဲ့ Pinterest တို့က အဆင်ပြေတယ်။ ဖူးကတော့ Instagram နဲ့ Pinterest ကို ပိုသုံးဖြစ်တယ်။ Instagram ဆိုရင်လည်း ကိုယ်ကြိုက်တဲ့ Celebrities တွေ၊ Fashion Icon တွေကို Follow လုပ်ထားရင် သူတို့ဘာဝတ်နေပြီလဲ၊ ဘာတွေ ခေတ်စား နေပြီ ဆိုတာ သိရတာပေါ့။ အဲဒီ နည်းလမ်းနဲ့ပဲ Trendsetter တွေကို စောင့်ကြည့် ဖြစ်ပါတယ်။
လုပ်ခဲ့တဲ့ Cake တွေထဲမှာ အရသာ အထူးခြားဆုံး တစ်ခုရယ်၊ ပြီးတော့ ဖူး လုပ်ခဲ့ဖူးတဲ့ အထဲက အပြင်အဆင် ထူးခြားတဲ့ Cake တစ်ခုရယ်ကို ပြောပါဆိုရင် ဘာတွေဖြစ်မလဲ။
ဖူးအတွက်က Rainbow Cake ကတော့ အခုအချိန်ထိ Best Seller ပဲ။ ဖူး ၂၀၁၅ ကနေ လုပ်ခဲ့တာ အခုအချိန်ထိပေါ့၊ အဲဒါက Best Seller ဖြစ်နေတယ်။ ဖူးပြောခဲ့သလိုပါပဲ အဓိကက ကိုယ်က Rainbow နဲ့ပဲ သွားခဲ့တာကြောင့်မလို့ Second တစ်ခုဆိုလို့ ရှိရင်တော့ Rainbow Bagel ပေါ့နော်။ Bagel ကတော့ New York တို့ ဘာတို့မှာပဲရှိတာပေါ့။ ဒီမှာလည်းရှိတော့ရှိတယ်။ ဒါပေမယ့် ဒီမှာရှိတဲ့ Bagel တွေက Normal Bagel တွေပဲရှိတာပေါ့။ ကိုယ်ကတော့ Rainbow Trend ကိုသွားတာမို့လို့ Rainbow Bagel ကိုပဲလုပ်လိုက်ဖြစ်တယ်။ အဲဒီနှစ်မျိုးကတော့ ဖူးရဲ့ Big Hit လို့ပြောလို့ရပါတယ်။
Cake လုပ်တဲ့သူကတော့ အမြဲတမ်း Creation လုပ်နေရတာပဲ။ အမြဲတမ်း ဒါကြီးပဲ လုပ်နေလို့ မရဘူးလေ။ Cake တိုင်းကိုတော့ Create လုပ်ရတာပေါ့။ ဒီလိုမဟုတ်ဘဲ Client က ဓာတ်ပုံပြပြီးတော့ ဒီလိုလေးလုပ်ပေးပါဆိုရင်တော့ အဲဒီအတိုင်းလေးပဲ လုပ်ရတာပေါ့။ အဲလိုမဟုတ်ဘဲ “ဖူးရေ ဖူးသဘောအတိုင်း လုပ်ပေးပါ၊ ဖူးကြိုက်တဲ့ အရောင်လေးလုပ်ပေးပါ” ဆိုရင်တော့ ကိုယ့်စိတ်ကြိုက်လည်းဖြစ်၊ Client စိတ်ကြိုက်လည်းဖြစ်စေမယ့် Cake တွေကို Create လုပ်ရတာပေါ့။
(English Version)
For this November InStyle section, LUSH met up with Angel Phoo who is already popular for making cute and delicious cakes. She is also running Coffee Heaven by Angel Phoo’s Bakery, which is already an achievement for 21 years old Eaint Phoo Phoo, mostly known as Angel Phoo. Let’s us get our InStyle audience to get to know Angel Phoo who is also known for her fashion style.
Are you crazy about bags and accessories?
I really love collecting bags, mostly the branded. But not everything is branded at all. I mostly buy pattern or design that I really into or those that I feel more confident in. As I’m a girl, I like wearing stack of rings and bracelets.
Which design do you prefer more?
I’m actually not a girly type so I love more stylish and classic looks. And stacking up to give more depth to the look. It’s just mostly layers, stack of rings, bracelets.
For colors, what are your favorite?
For colors, I like much more monochrome, neutral, black and white and any shade of blue. I’m not a pinky princess but blue princess so I love all the different shades of blue.
Since you like collecting bags, which brands are you mostly into?
I like most of the brands. Chanel, Dior and Hermes mostly. VERSUS and FURLA are here already. I’m currently using Furla. I am already fur crazy, so I really love it when I see fur. I used to do key chains with fur. As there’s more brands are coming into local market, it’s more convenient for those who like collecting bags or crazy about them.
When did you starting buying Furla?
It’s really a long time ago. When I was in oversea, I didn’t know Furla that much but I was looking around the shops and found a pouch bag. I used to carry makeup cosmetic so there’s always 4 or 5 bags in my bag. I really like that kind of bag and found the Furla is really my thing. I’ve been using Furla since then. After time, I used to buy fur or key chains.
Which Furla collection do you like most?
Among their collections, I like My Play Furla more. Because they can change the coverups as much as I want. So, it’s possible to buy a bag and then mix & match with the outfit. I love the idea.
What kind of outfit do you mostly avoid?
When it feels too girly like floral print or such. I only change the outfits when there’s shooting or some programs. My personal appearance is just a sweater and ripped jeans.
If you can mention your fashion icon, who would it be?
It gonna be Kylie. She has a nice body. But she is into much more revealing type and I’m more like sporty type.
What are your favorite fashion brands?
There’s a lot actually. But before I started collecting, it’s mostly a brand that I have never used before. If the first one is okay and if I like the trend of new ones, I started collecting them. Furla is making fur lately so I guess it gonna be the one I’d be collecting for now.
What’s your thoughts on Furla Brand?
It’s Mix & Match, Very Teenager Look and Fun. Not so heavy. It’s like that for all of its collection.
What are your three essential accessories?
Overall outfit? My point is that if everything is okay but if shoes are not okay, that outfit won’t be perfect. That’s why I mostly goes with flex or sneaker. I’d say shoe finishes up the overall outfit. Sometimes bags and accessories. It feels blank sometime if I’m not wearing accessories as they’re also my daily wear. Mostly, it’s because I like it as a style and I just love things messing around in my hand. Some people might think it’s too much but I like it and that’s why I’m wearing that way.
Can you can tell us your favorite accessories?
Bags, Shoes and Key Chains, mostly made with fur.
How do you create to make your cake beautiful?
I mostly look up on Internet, I took reference from there. Sometimes, it depends on client. If it’s about wedding, it would be about wedding dresses and gowns. I mostly took inspirations and decorate my cakes.
I guess most cakes are unicorn and rainbow theme?
Yes. It’s because I started this Coffee Heaven by Angel Phoo’s Bakery with Rainbow. I got this success from rainbow, so whatever I started create a cake, it’s mostly rainbow.
How much do you think fashion and attitude are a part of a girl?
It’s really important. As for me, I have some kind of worries that if I feel like my outfit isn’t okay, I couldn’t have a day with good mood. And fashion is about first impression, so it’s the way to attract people. If the outfit isn’t okay, it’s really not good to stand for whole day. Attitude also depends on that.
So, you are into trend? How do you approach them?
I actually don’t follow trends a lot. I just stay with my style. I don’t do things just because it’s really getting popular, except that’s what I really like. That’s all. I don’t really think I should follow trends too, unless there’s something new that comes out in my style. How I approach trends? It’s mainly social media, which would be Facebook and Instagram. If I am looking for references or idea, it’s better to look at Instagram and Pinterest. I mostly use Instagram and Pinterest more. I follow some celebrities, fashion icons so that I could know what they are wearing and what’s popular now. That’s the way I approach trends.
What’s the tastiest cake and most decorated cake you have ever made?
For me, rainbow cake is still best seller. I made that in 2015 and till now, it’s still the best seller. As I said earlier, I started with rainbow and that’s why. If I would pick second one, it’s rainbow bagel. Bagel is mostly from New York or such. There’s some here but they are normal bagel. I am already in rainbow trend, so I did rainbow bagel. Those two are my big hits.
As I’m making cakes, there’s always creation. I can’t just do this one always. I have to create every cakes. Or if client shows me a picture and want me to do as that, I have to do it. If client said everything is on me, I have to create cakes to my style as well as to please the client.