Netflix က အရင်လ ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်လွင့်လိုက်တဲ့ Next in Fashion ဆိုတဲ့ reality tv series က fashion ကိုစိတ်ဝင်စားတဲ့သူတွေ နဲ့ reality tv series တွေကိုကြိုက်တဲ့သူတိုင်းကြည့်သင့်တဲ့ series တခုလို့ပြောလို့ရပါတယ်။ Neftlix ရဲ့ ပထမဆုံး fashion show series တခုလည်းဖြစ်ပြီးတော့ ဒီ series က Project runway ဆိုတဲ့ အမေရိကန် reality tv series နဲ့လည်းဆင်ပါတယ်။
Next in Fashion ရဲ့ host တွေအနေနဲ့ ဒီဇိုင်နာ Tan France နဲ့ Alexa Chung တို့က ပါဝင်ထားပြီးတော့ အခု အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ Season 1 ထွက်ရှိထားပါတယ်။ ယှဉ်ပြိုင်တဲ့သူ ၁၈ ယောက်ရှိပြီးတော့ မတူတဲ့နိုင်ငံအသီးသီးဆီကနေ လာရောက်ပြိုင်ကြတာလည်းဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအကုန်လုံးက နာမည်ကြီး fashion house တွေမှာအလုပ်လုပ်နေတဲ့သူတွေ၊ celebrities တွေကို styling လုပ်ပေးနေတဲ့သူတွေပါ။
ယှဉ်ပြိုင်ရတဲ့ round တိုင်းက ကမ္ဘာတလွှားမှာ ခေတ်စားနေတဲ့ style တွေ၊ ဒီဇိုင်းတွေကိုအခြေခံပြီး ယှဉ်ပြိုင်ရတာပါ။ ပွဲမှာအနိုင်ရတဲ့သူက USD$250,000 ကိုရရှိမှာဖြစ်ပြီးတော့ luxury fashion retailer ဖြစ်တဲ့ Net-a-Porter နဲ့ပူးပေါင်းပြီး clothing line တစ်ခု ထုတ်ခွင့်ရမှာပါ။
Reality show တွေမှာတွေ့နေကြ drama ချိုးတာတွေ၊ မျက်ရည်ချူတာတွေကို ဒီ show မှာမတွေ့ရဘဲ fashion ပိုင်းကိုပဲ ဦးစားပေးထားတာက ဒီ show ရဲ့ အားသာချက်တစ်ခုလို့ပြောကြပါတယ်။ ဒီဇိုင်နာတွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ တခြား reality show တွေနဲ့မတူဘဲ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီကြတာတွေရယ် နဲ့ အတွေ့အကြုံရှိပြီးသား ဒီဇိုင်နာတွေရဲ့လှုပ်ရှားပုံတွေကို တွေ့နိုင်တဲ့ show တစ်ခုလို့လည်း ကြည့်ပြီးသားသူတွေက ပြောကြပါတယ်။ rating ကောင်းကောင်းတွေလည်းရထားတဲ့ ဒီ Next in fashion ကတော့ fashion industry မှာရှိတဲ့သူတွေ၊ fashion ပိုင်းကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ ကြည့်ကြည့်သင့်ပါတယ်။