CoronaVirus ရဲ့ ရိုက်ခတ်မှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေပြီးတော့ လူတိုင်းအပေါ်ကို ရိုက်ခတ်မှုတွေရှိနေပါတယ်။ လူစုလူဝေးများစေမယ့်ပွဲတွေ၊ နေရာတွေ အကန့်အသတ်မရှိရွှေ့ဆိုင်းရတာ၊ ယာယီပိတ်ထားရတာတွေ လုပ်ပြီး virus ပြန့်တာကို တတ်နိုင်သမျှနည်းအောင် ကြိုးစားနေကြပါတယ်။ နှစ်စဉ်မေလရဲ့ ပထမဆုံးတနင်္လာနေ့မှာ ပြုလုပ်လေ့ရှိတဲ့ Met Gala ပွဲကလည်း ရွှေ့ဆိုင်းလိုက်ပါပြီ။ ဒီအကြောင်းကို Met Gala ရဲ့ chairwoman ဖြစ်တဲ့ Anna Wintour က ပြောခဲ့တာပါ။ Met Gala လို့ကြားလိုက်တာနဲ့ ထူးခြားတဲ့ဝတ်စုံအပြင်အဆင်တွေနဲ့ ဖက်ရှင်အသိုင်းအဝိုင်းမှာ စောင့်ကြည့်ရတဲ့ပွဲတစ်ခုဆိုတာ အားလုံးပဲသိကြမှာပါ။
Met Gala 2020 ပွဲက လာမယ့် မေလ ၄ ရက်နေ့မှာ ပြုလုပ်ဖို့စီစဉ်ထားတာဖြစ်ပြီးတော့ co-host အနေနဲ့လည်း Meryl Streep, Emma Stone, Lin-Manuel Miranda နဲ့ Louis Vuitton ရဲ့ creative director ဖြစ်တဲ့ Nicolas Ghesquiere တို့က ပါဝင်သွားမှာပါ။ Theme က “About Time: Fashion and Duration” ဖြစ်ပြီး ၁၈၇၀ ခုနှစ်ကနေစပြီး ဒီနေ့ဒီချိန်ထိ ပြောင်းလဲလာတဲ့ဖက်ရှင်ရေစီးကြောင်းတွေကို ဖော်ပြသွားမှာပါ။
ရောဂါထိန်းသိမ်းကာကွယ်ရေးစင်တာရဲ့ နောက် ၈ ပတ်လောက်အထိ လူ ၅၀ နဲ့အထက် စုဝေးတာမျိုးမလုပ်ဖို့ ပြောကြားချက်အရ Metropolitan Museum of Art ရဲ့ မေလ ၁၅ ရက်နေ့ထိပြုလုပ်သွားမယ့် Met Gala ပွဲအပါအဝင် တခြားအစီအစဉ်တွေ၊ ပွဲတွေအကုန်လုံးကို ရွှေ့ဆိုင်းတာမျိုး၊ cancel လုပ်တာမျိုးလုပ်သွားမှာပါ။
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #COVID19 #MetGala2020