အမြဲတမ်း စမတ်ကျကျ ဝတ်ဆင်တတ်တဲ့ ယောက်ျားလေး LUSHers တို့အတွက် ဒီအပတ် Fashion Vocabulary မှာတော့ ခါးပတ် ဝယ်ယူတဲ့အချိန်မှာ ဘယ်လိုမျိုး ကိုယ်နဲ့လိုက်ဖက်ညီအောင် ရွေးချယ်ပြီး ဝယ်ယူနိုင်မလည်းဆိုတာကို မျှဝေပေးသွားပါမယ်။
ပထမဆုံးတစ်ချက်ကတော့ အရည်အသွေးကောင်းကောင်းနဲ့ ကျော့ရှင်းနေဖို့ဆိုရင် Leather နဲ့ပြုလုပ်ထားတဲ့ ခါးပတ်ကို ရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Leather အသားက ကြာရှည်ခံနိုင်တဲ့အပြင် စွန်းမှာထင်းမှာကိုလည်း စိုးရိမ်စရာမလိုတာကြောင့်ပါ။
နောက်တစ်ချက်ကတော့ ကိုယ်ဝတ်ဆင်မယ့် ဖိနပ်နဲ့ လိုက်ဖက်ညီမယ့် ခါးပတ်အရောင်ကို ရွေးချယ်သင့်ပါတယ်။ ဒီတစ်ချက်ကတော့ အများစုသတိမပြုမိမယ့် အချက်တစ်ချက်လို့ ထင်ပါတယ်။ ခါးပတ်ပြား အတိုင်းအတာကို တစ်လက်မ နှင့် တစ်လက်မခွဲကြား ရွေးချယ်ဝယ်ယူမယ်ဆိုရင် ဘယ်ဘောင်းဘီနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ညီနေမှာပဲဖြစ်ပါတယ်။