LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Accessories

Longines: Elegance and Timeless Beauty

written by Lush Editor November 29, 2020
Longines: Elegance and Timeless Beauty

Longines ဆိုတာ ကမ္ဘာ့နာရီဘိုးအေကြီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ Swiss Luxury Watch Brand တစ်ခုဖြစ်ပါတယ်။ ၁၈၃၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့ ဒီကနေ့အချိန်မှာဆိုရင် သက်တမ်းနှစ်ပေါင်း ၁၈၈ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Longines ဟာ ကမ္ဘာ့နာရီလောကမှာ အင်အားကြီးမားတဲ့ Group တစ်ခုဖြစ်တဲ့ The Swatch Group လက်အောက်ခံ နာရီကုမ္ပဏီအနေနဲ့ဆက်သွားနေပါတယ်။ Longines ဟာ Pocket Chronograph နာရီလောကတွေမှာလည်း ဦးဆောင်အောင်မြင်ခဲ့သလို၊ ဒီကနေ့အချိန်ထိလည်း သူတို့ရဲ့ Elegance, Classic, Watchmaking Tradition, Sport and Heritage ဆိုတဲ့ Category ၅ ခုအောက်မှာ Collections တွေများစွာနဲ့ အောင်မြင်မှုသရဖူဆောင်းရင်းရှေ့ဆက်နေဆဲဖြစ်ပါတယ်။

ဒီတစ်ခေါက် LUSHer တို့အတွက် တင်ဆက်ပေးချင်တဲ့ Longines ရဲ့ နာရီ ၃ လုံးအကြောင်းရှိပါတယ်။ ဒီနာရီ ၃ လုံးစလုံးကတော့ အမျိုးသားရော၊ အမျိုးသမီးပါ နှစ်ဦးစလုံးရွေးချယ်ဝတ်ဆင်နိုင်တဲ့ Collections တွေပဲဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက Longines ချစ်သူ အမျိုးသားရော၊ အမျိုးသမီးတွေပါ ရွေးချယ်ဝတ်ဆင်ကြပါတယ်။ ကဲ ဆိုတော့ အဲဒီ နာရီ ၃ လုံးကိုကြည့်လိုက်ရအောင်ပါ။

 

Longines Master Collection

ပထမဆုံးအနေနဲ့ Longines ရဲ့ Master Collection ထဲက နာရီတစ်လုံးအကြောင်းကိုမိတ်ဆက်ပေးပါမယ်။ Longines ရဲ့ Master Collection တွေကိုတော့ ၂၀၀၅ ခုနှစ်မှာ စပြီး ထုတ်ခဲ့တာဖြစ်ပြီးတော့ Longines ရဲ့အောင်မြင်မှုအစိတ်အပိုင်းတွေများစွာထဲကမှ တစ်ခုအပါအဝင်အနေနဲ့ ဒီကနေ့အထိခရီးဆက်နိုင်ခဲ့ပါတယ်။ ဒိုင်ခွက်ကာလာအနက်ရောင်နဲ့ 18K Yellow Gold ကိုတွဲစပ်ထားတဲ့အတွဲအစပ်နဲ့အတူ ခန့်ညားမှုအတိနဲ့ပြည့်စုံနေတဲ့ နာရီတစ်လုံးဖြစ်ပါတယ်။ ဒီကောင်လေးဟာ Case Diameter 36 mm ရှိပြီးတော့ Automatic Midsize နာရီတစ်လုံးဖြစ်ပါတယ်။ Mens Watch လို့ပြောကြပေမယ့်လည်း Midsize ဖြစ်နေတဲ့အတွက် အမျိုးသမီးတွေရဲ့ ရွေးချယ်မှုကိုလည်း ခံရတဲ့ နာရီတစ်လုံးဖြစ်ပါတယ်။ အနက်ရောင်ဒိုင်ခွက်ထဲမှာ hour marker တွေကို diamond လေးတွေစီချထားပြီးတော့ hands တွေအကုန်လုံးကိုတော့ sleek gold ကိုပဲအသုံးပြုထားပါတယ်။ 12 hour marker နေရာမှာတော့ diamond နှစ်ပွင့်ကို အသုံးပြုထားပြီးတော့ ၃ နာရီနေရာမှာတော့ Date Display Window ကို ထည့်သွင်းပေးထားပါတယ်။ hour marker တွေအနောက်မှာ second marker တွေကို ဂဏန်းနဲ့ထပ်ဖော်ပြပေးထားပြီး hour mark ကြားထဲမှာ ထည့်ပေးထားတဲ့ second mark အစိတ်လေးတွေကလည်း လှပခန့်ညားနေတယ်ဆိုတဲ့အသိကို ခံစားမှုအမြင်အာရုံထဲကို ရောက်လာစေတဲ့ အချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ 18 K yellow gold တွေကိုတော့ Case နဲ့ Crown အပြင် နာရီရဲ့ကြိုးမှာလည်း Stainless steel နဲ့ရောပြီး လိုင်းနှစ်လိုင်းဖောက်ထားတာက အတော်လေး လှပလွန်းပါတယ်။ Water-Resistant အနေနဲ့ 30 m ဖြစ်ပြီးတော့ Self-winding Automatic Movement ဖြစ်ပါတယ်။ Power Reserve အနေနဲ့ နာရီပေါင်း ၄၂ နာရီ ရရှိနိုင်မှာဖြစ်ပါတယ်။

 

Longines Dolcevita

အသဲတွေ၊ နှလုံးတွေ၊ အူတွေထဲကကို လှိုက်လှိုက်လှဲလှဲ မြတ်နိုးရခြင်းဆိုတဲ့ အရသာကို ခံစားမိရစေမယ့် နာရီတစ်လုံးပါ။ Timeless and Classy ဖြစ်တည်မှုမှာ အမျိုးသားအမျိုးသမီး ဘယ် Gender မဆို လိုက်ဖက်မှုရှိပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီ Longines Dolcevita ဟာ ဖက်ရှင်ရွေးချယ်မှုကို ထိန်းချုပ်ကန့်သတ်ချက်ပြုလုပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ beauty products and fashionable clothes တွေနဲ့တွဲဖက်မှုမှာ ပိုပြီး ပိုပြီး တင့်တယ်မှုကို ရရှိစေမှာပဲဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာ စျေးတအားကြီးမနေဘဲ Affordable ဖြစ်ပါတယ်။ Case Shape က Rectangular ပုံစံဖြစ်ပြီးတော့ ဒိုင်ခွက်အနက်ရောင်နဲ့ Case body နဲ့ကြိုးတစ်လျှောက်လုံးကိုတော့ Stainless steel ကိုအသုံးပြုထားပါတယ်။ ဒိုင်ခွက်အတွင်းမှာ Date Display Window ကိုမထည့်ထားဘဲ ၆ နာရီနေရာမှာ small seconds sub-dial ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။ Longines Dolcevita တွေမှာ hour marker နေရာတွေကို diamond တွေ၊ ရောမဂဏာန်းတွေနဲ့ပြထားတဲ့ဒီဇိုင်းတွေလည်းရှိသလို ယခုတင်ဆက်လိုက်တဲ့ ဒီ Longines Dolcevita မှာတော့ hour marker တွေကို Polished silver dots လေးတွေကို အသုံးပြုထားပြီး ၁၂ နာရီနေရာကိုတော့ အင်္ဂလိပ်အက္ခရာ 12 ကို ဖော်ပြပေးထားပါတယ်။ Quartz movement အနေနဲ့လာတာဖြစ်ပြီးတော့ water resistant ကတော့ 30 မီတာဖြစ်ပါတယ်။

La Grande Classique Longines

Elegance Category အောက်မှာ ဒီ La Grande Classique Longines Collections ကိုတော့ ၁၉၉၂ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Logines ရဲ့အောင်မြင်မှုကြီးမားတဲ့ Collections တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အခုဖော်ပြလိုက်တဲ့ La Grande Classique Longines ကိုတော့ Classic ကြိုက်တဲ့သူတွေ၊ Classic နဲ့ Traditional အတွဲအစပ်ကို တန်ဖိုးထားမြတ်နိုးသူတွေအဖို့ကတော့ တကယ့်ကို ရင်ခုန်ချင်စရာကောင်းလွန်းလှပါတယ်။ နာရီလောကအခေါ်အားဖြင့် Tonneau shape လို့ခေါ်တဲ့ Barrel shape စည်ဝိုင်းပုံသဏ္ဍာန်ကလည်း လက်ကောက်ဝတ်ပေါ်မှာ တင့်တယ်နေစေမှာဖြစ်ပါတယ်။ အဖြူရောင် ဒိုင်ခွက်ကာလာဖြစ်ပြီးတော့ အဲဒီအပေါ်မှာ ရောမဂဏာန်း ပါးပါးလေးတွေနဲ့ hour marker တွေကိုရေးသားထားပါတယ်။ case ရော bracelet ရော Stainless steel ဖြစ်ပြီးတော့ နာရီလက်တံတွေကိုတော့ အနက်ရောင်ပြုလုပ်ပေးထားပါတယ်။ ဒိုင်ခွက်အတွင်းမှာလည်း ကျန်တဲ့ Features တွေ ဘာတစ်ခုမှ ထည့်မထားဘဲ Longines ရဲ့ တောင်ပံပုံစံ Brand Logo နဲ့စာသားကိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်။ La Grande Classique ဟာ Water Resistance 30 m ဖြစ်ပြီးတော့ Quartz movement နဲ့လာတာပဲဖြစ်ပါတယ်။

ဒီနာရီ ၃ လုံးစလုံးကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်က Swiss Time Square မှာ ရရှိနိုင်တာပဲဖြစ်ပါတယ်။ Swiss Time Square ဟာ Swiss Made Fine Luxury Watch Brand တွေကို မြန်မာနိုင်ငံမှာ တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့တင်သွင်းဖြန့်ချိရောင်းချပေးနေတာဖြစ်လို့ နိုင်ငံတကာ စျေးနှုန်းအတိုင်း စိတ်ချလက်ချဝယ်ယူနိုင်ပြီး၊ Official Warranty ကိစ္စအ၀၀ကိုလည်း နိုင်ငံတကာ စံချိန်စံနှုန်းများအတိုင်း ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Fine Luxury သာဆိုလို့ကတော့ Swiss Time Square ကိုပဲ ယုံကြည်ထားလိုက်ပါ။

 

 

La Grande Classique LonginesLifeStyleLonginesLongines DolcevitaLongines Master CollectionLUSH DAILYlush fashionLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Fashion Tips: The Top 5 Tips of Petite Stylish Women
next post
Viktor & Rolf Bridal Fall 2020

Recommended

G-Dragon PEACEMINUSONE x Nike AF1 ရဲ့ “Para-Nosie 2.0”

August 12, 2020

Engagement Rings of TIFFANY & CO.

November 23, 2020

Coca-Cola နဲ့ BAPE တို့ပူးပေါင်းထားတဲ့ Collection အပြည့်အစုံထွက်ရှိလာ

July 24, 2020

Top 5 Jewelry Brands For Every Types of...

November 16, 2020

ရွှေရတုတိုင် ဆန်းသစ်နေဆဲဖြစ်တဲ့ Tudor

June 25, 2020

Quay နဲ့ Lizzo တို့ပူးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ Sunglasses Collection

May 25, 2020

Wedding shoes recommendations for BRIDES

December 7, 2020

The Simpsons နှစ် ၃၀ ပြည့်အတွက် ထွက်ရှိလာတဲ့ Vans x...

August 6, 2020

Glam Footwears; Paying Attention to the Shoes

December 19, 2020

လူစိတ်ဝင်စားမှု များနေတဲ့ Dior x Nike Air Jordan 1...

July 8, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem