Not a zero sum game
words by r.e.saw
ဖြစ်ရပ်ကတော့ ငွေဆောင်က ဟိုတယ်တစ်ခုရဲ့ reception မှာပါ။ စာရေးသူရဲ့ အိတ်တွေကို housekeeping က ကောင်လေးနဲ့ ကောင်မလေး
တစ်ယောက် က လာယူတယ်။ ကောင်လေး က အိတ်အသေးလေးကိုယူပြီး အမြန်ထွက်သွားတော့ ကောင်မလေးက အိတ်အကြီးကြီးတစ်ယောက်ထဲ မနိုင်မနင်း သယ်နေရလို့ စာရေးသူတို့က ဝင်ကူသယ်ပေးရတယ်။ ကောင်လေးရဲ့ လုပ်ရပ်ကို မနှစ်မြို့ဘူး။ တစ်ခုတော့ ရှင်းပြချင်ပါတယ်။
ယောကျာ်းလေးမို့လို့ အိတ်အလေးကြီး သယ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အလုပ်ကို အချောင်ခိုပြီး ကိုယ့် အလုပ်ဖော်ကို မကူဘဲထားခဲ့တာကို လက်မခံနိုင်တာပါ။ သူ့လုပ်ဖော် က ကောင်မလေး မဟုတ်ဘဲ အားသန်တဲ့ ယောကျာ်းကြီး ဖြစ်နေလည်း ကောင်းတဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဒါက gender issue မဟုတ်ဘူး။
ဒါပေမယ့် ဒီနိုင်ငံမှာ gender equality ရှိသင့်တယ်လို့ ပြောလိုက်ရင် ယောက်ျား တော်တော်များများက လက်မခံချင်ကြပါဘူး။ မြန်မာပြည်မှာ ၁၀
နှစ်လောက် ငယ်တဲ့အရွယ် မိန်းကလေးတွေ ကို အပျိုဖော်ဝင်ပြီ ဆိုတာနဲ့ အတင်းလက်ထပ်ပေးတာမျိုး မူလတန်းအဆင့်ပြီးရင်ကျောင်းဆက်
မတတ်ခိုင်းတော့တာ၊ ယောကျာ်းတွေလို အလုပ်လုပ်ခွင့် မရှိတာမျိုးတွေကတော့ ကျမတို့ လက်လှမ်းမိသလောက် မြို့ပေါ်တွေမှာ မရှိသလောက်ပါပဲ။ နိုင်ငံတော် အတိုင်ပင်ခံ ဆိုရင်လည်း အမျိုးသမီး တစ်ဦးပါ။ ဒါဆို ဘာလို့ gender equality ကိုတောင်းဆိုနေကြသေးတာလဲ။ Feminist တွေဆိုတာ ကိုယ့်ဘဝကို ကိုယ်မုန်းလို့ တစ်ချိန်လုံး ပြသနာ ရှာနေသူတွေလား။
Social Media မှာ gender equality
အကြောင်းယောကျာ်းလေးတွေရေးကြ
တဲ့အထဲမှာ equal ဖြစ်ချင်ရင် မိန်းမတွေ
လည်း bus ကားခုံထပေးရမယ်လို့ရေး
ထားတာကို အများအပြားတွေ့ရတယ်။
ဟုတ်ပါတယ်။ ယောကျာ်းတွေလည်း
အလုပ်ပြီးတဲ့ အချိန်မှာ ပင်ပန်းပြီး
ခြေထောက်ညောင်းတာပဲလေ။
ယဉ်ကျေးမှုအရ မိန်းကလေး လည်း
ယောကျာ်းလေးကို တံခါးဖွင့်ပေးရမှာ
ပဲလေ။ တစ်ချို့ အမျိုးသမီးတွေကတော့
အရင်ခေတ်တွေက လို မိန်းမတွေကို ဦးစားပေးတာ မရှိတော့ဘူးဆိုပြီး ငြီးကျတယ်။ ဒါတွေက gender issue မဟုတ်ပါဘူး။ လူတွေအချင်း
ချင်း ယဉ်ကျေးမှုနဲ့ ရပိုင်ခွင့်ရှိသင့်တယ်လို့ ထင်ကြတဲ့ အတွေးအခေါ်တွေကြောင့်ပါ။
Myanmar Labour Force ရဲ့စစ်တမ်းတစ်ခုအရ အသက် ၁၅-၆၄ ကြားမှာ အလုပ်လုပ်နေတဲ့ မိန်းမဦးရေ က ၅၁% ပဲရှိတယ်လို့ ဖော်ပြထား
ပါတယ်။ဒါဟာအမျိုးသမီးတွေက အိမ်ထောင့်တာဝန်ကို အလုပ်ခွင်ထက်ပိုဦးစားပေးရမယ်ဆိုတဲ့ ယူဆမှုတွေကြောင့်ဖြစ်ပါတယ်။ UNDP မှာ
အမျိုးသမီး တွေက အမျိုးသားတွေထက် လုပ်ခငွေ ၃၀% လျှော့နည်း ရရှိကြောင်း ဖော်ပြနေပါတယ်။ တစ်ချို့အပိုင်းတွေမှာ အလုပ်ချင်းအတူ
တူကို လခပိုနည်းပြီးရတာပါ။
မြန်မာပြည်မှာ gender equality မညီမျှမှုတွေအရမ်းများတာကို စစ်တမ်းကောက်ထားတဲ့ စာရင်းတွေကို bus ကားမှာ ခုံ ပေးရတာထက်
ပိုကြီးမားတယ်ဆိုတာတွေ့ရမှာပါ။ Equality ရရှိဖို့ ယောကျာ်းတွေဘက်က လက်မခံချင်တာမဟုတ်ဘဲ ပံ့ပိုးကူညီရဖို့ အရမ်းလိုအပ်ပါတယ်။
ကိုယ်ခန္ဓာ ဖွဲ့စည်းပုံအရ ယောကျာ်းတွေက မိန်းမတွေထက် ပိုအားသန်ပြီး ဒီအားနဲ့ အနိုင်ကျင့်လို့ရပါတယ်။ ဒါကြောင့် လူ့ဘောင် မလိုက်ဘဲ
အင်အားသုံး အနိုင်ကျင့်တဲ့ ယောကျာ်းတွေရဲ့ ဘေးအန္တရာယ် က ကာကွယ်ဖို့ ယောကျာ်းကောင်းတွေရဲ့ အကူအညီ လိုအပ်ပါတယ်။
အချင်းချင်း ကူညီပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ Feminist တွေတောင်းဆိုနေကြတဲ့ တန်းတူညီမျှမှုဆိုတာလည်း ခွန်အားကြီးသူဖြစ်စေ၊
အားနည်းသူဖြစ်စေ လူသားတစ်ယောက်အနေနဲ့ ရသင့်တဲ့ တန်ဖိုးထားမှု၊ လေးစားမှု တို့ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။ဒါကြောင့်
နောက်တစ်ခေါက်“Gender Equality” လို့ကြားရင် ယောကျာ်း တစ်ယောက်အနေနဲ့ စိတ်အနှောက်အယှက်ဖြစ်ပြီး အပြစ်ရှာဖို့ မကြည့်ပါနဲ့။
ဒီ ပြသာနာ ကရှိနေဆဲဖြစ်ပြီး အားလုံးရဲ့ အကူအညီလိုပါတယ်။
(English version)
It was at the hotel reception in Ngwe Saung. Two housekeeping staffs, one boy and one girl, came to pick up our bags. The male staff took the less heavy bag and went off quickly, leaving the heavier bag for the female staff. The girl was struggling so we helped her carry it. I found the male staff’s behavior rather distasteful. Let me clarify though. The reason I found the behavior to be distasteful is not because he is letting a girl carry a heavy bag. It was because he was trying to avoid doing heavy workload (literally) and left his colleague alone to do it. It is still an unpleasant behavior if the girl was a strong man. This is not a gender issue.
Yet many a man gets so defensive when we ask for gender equality in our country. It is true that women are not being forced to marry at the age of ten and we can go to school and work as the men in the country. The state counselor of our country is a woman. So why are we complaining about gender equality here? Are feminists just annoying, angry women who hate their lives?
A scan through Social Media for gender equality shows most posts from males featured how women should give up their seats on the bus if they want equality too. It is true that if women want equality, we should give up our seats on the bus because men also get tired after a long day at work. Women should also hold the door for men as basic courtesy. There are women who bemoan the loss of chivalry, for not getting a better spot or a special treatment due to their sex. These are not necessarily a gender issue. They are about politeness and entitlement.
According to statistic for Myanmar Labor Force, only 51 percent of female between age 15 to 64 are working in Myanmar. This is mainly due to the widely accepted belief that women should focus on taking care of the household instead of their careers. There is also the disparity in wages. According to UNDP Human Development Report on Work for Human Development reports, women are estimated to earn 30% less than men, in doing the same work in some cases.
There are many more statistics to show the vast inequality in genders in this country which is more than giving up a seat on the bus. For this equality to happen, we need men to help the women and work together instead of feeling threatened. Let’s us not forget, men are generally physically stronger than women and they can use that strength to get what they want. We need you, the good men, to protect us from other men who reject social rules and use their force against the weaker sex. We need each other and co-exist. What the feminists are asking is not for one straight rule equality but the respect and kindness each person deserve as a human being, be it a stronger or a weaker person. Therefore, if you are a man and hear the words “Gender Equality”, please do not get annoyed and look for things to nitpick. The problem still exists and we need your help.