Stranger Things season အသစ် ရိုက်ကူးရေးတွေက ကပ်ရောဂါကြောင့် နားထားရတဲ့အချိန်မှာ Hawkins မြို့နဲ့အဆက်အသွယ်မပြတ်အောင် Netflix နဲ့ Stranger Things အဖွဲ့သားတွေက social distancing လည်းလိုက်နာနိုင်မယ့် “Drive-Into” experience တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။
Los Angeles မြို့ထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး Stranger Things ရဲ့ ၈၀ ခုနှစ်ဆီကို ခေါ်ဆောင်သွားမယ့် အပြင်အဆင်တွေထဲကို ကားမောင်းပြီး လည်ပတ်ကြည့်နိုင်မှာပါ။ အပြင်အဆင်တွေထဲမှာ Starcourt Mall တို့၊ Russian lab တွေ နဲ့ Upside Down ကိုပါ တွေ့ရမှာပါ။ နောက်ပြီး ဇာတ်ကားထဲက ဇာတ်ကောင်တွေရော၊ special effects တွေနဲ့ upside down က အကောင်တွေပါတွေ့နိုင်မှာပါ။ အကုန်လုံးကို လည်ပတ်ကြည့်ရှုနိုင်ဖို့ ၁ နာရီကျော်လောက် ကြာမှာဖြစ်ပါတယ်။
Stranger Things “Drive-Into” Experience လက်မှတ်တွေကို Stranger Things website မှာ သြဂုတ် ၂၆ ရက်နေ့ ကနေစပြီး ၀ယ်နိုင်မှာဖြစ်ပြီးတော့ ကားတစ်စီးကို $59 USD နဲ့ ရောင်းချသွားမှာပါ။