JOOX Myanmar ကနေစီစဉ်တဲ့ မြန်မာ-ထိုင်း collaboration “Shake The World” project ရဲ့ ဇူလိုင် ၅ ရက်နေ့ကထွက်ရှိသွားတဲ့ ပထမဆုံးသီချင်းသစ် “I Do” ကတော့ JOOX လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်နေပါတယ်။
“Shake The World” Project ဆိုတာ JOOX Myanmar ကစီစဉ်တဲ့ Myanmar Artist တွေနဲ့ Thai Artist တွေ ပူးပေါင်းပြီးသီချင်းအသစ်တွေ ဖန်တီးတင်ဆက်သွားမယ့် collaboration project ဖြစ်ပါတယ်။ ဒီ “Shake The World” အစီအစဉ်မှာ ပါဝင်မယ့် မြန်မာနိုင်ငံဘက်က Artists တွေကတော့ လူငယ်ပရိသတ် အားလုံးနဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့ Big Bag, Ar-T, X-Box, Shwe Htoo, Mi Sandi တို့ပဲ ဖြစ်ပါတယ်။ “Shake The World” ရဲ့ အားသာချက်နောက်တစ်ခုက သီချင်းအားလုံးကို Version နှစ်မျိုးနဲ့နားထောင်ခံစား နိုင်မှာဖြစ်ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံစလုံးမှာ ဖြန့်ချီသွားမယ်လို့လည်း သိရပါတယ်။
ဒါဆို “Shake The World” ရဲ့ပထမဆုံးသီချင်း “I Do” အကြောင်းကို ဆက်သွားကြည့်ရအောင်နော်။ “I Do” ရဲ့ သီချင်းအမျိုးအစားကတော့ R & B ပုံစံအချစ်သီချင်းဖြစ်ပြီး ထိုင်းနိုင်ငံက Mild Band နဲ့အတူ X-Box မှ Rapping ပိုင်းမှာဝင်ရောက် သီဆိုပေးထားပါတယ်။ Music Arrangement ပိုင်းကိုတော့ ထိုင်းနိုင်ငံမှ Mild Band နဲ့ အတူတူ မြန်မာနိုင်ငံမှ JCZ တို့ ပူးပေါင်းပြီးဖန်တီးထားတာဖြစ်ပါတယ်။ “I Do” သီချင်းကို Version ၂ မျိုးနဲ့ နားဆင်နိုင်မှာဖြစ်ပြီးပထမ Version မှာတော့ X-Box မှ မြန်မာလိုရေးဆိုပြီး Mild Band မှ အင်္ဂလိပ်လိုဆိုတာကိုနားဆင်နိုင်မှာဖြစ်ပါတယ်။ ဒုတိယ Version မှာတော့ X-Box မှ အင်္ဂလိပ်လိုဆိုပြီး Mild Band ကတော့ ထိုင်းဘာသာစကားနဲ့ သီဆိုမှာ ဖြစ်ပါတယ်။
ကိုးပေါက်တွေရဲ့ အချစ်တော် X-Box နဲ့ ထိုင်းနိုင်ငံက Mild Band တို့ ပေါင်းပြီးဖန်တီးထားတဲ့ “ I Do” တစ်ဆင့်ဘယ်လိုခံစားသက်ဝင်မှုအသစ်တွေ ရရှိမလဲဆိုတာ Link လေးကို နှိပ်ပြီးနားဆင်လိုက်ကြရအောင်လား LUSHers တို့ရေ။
“I Do” သီချင်း နားဆင်ရန် – https://www.joox.com/mm/single/i7Cx6Erxr4byHAwrSR1FJA==
Photo Credits : JOOX Myanmar Facebook Page