Versace နဲ့ JLo ဆိုရင် အားလုံးပဲ လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်လောက်က Versace ရဲ့ အစိမ်းရောင် dress လေး နဲ့ JLo ကို တွဲပြီး သိနေကြမှာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက Versace Spring-Summer 2020 show ပွဲမှာ အဲ့ dress ကို ပြန်လည်ပုံဖော်ထားတဲ့ Dress နဲ့ ပွဲထွက်ခဲ့တုန်းကလည်း အကုန်လုံးရဲ့အာရုံကို တဖန်ပြန်ပြီး ဖမ်းစားနိုင်ခဲ့ပါသေးတယ်။ အခုလည်း JLo က Versace Spring/Summer 2020 Ad campaign မှာ new face အနေနဲ့ပါဝင်တဲ့အကြောင်းကို စနေနေ့က သူ့ရဲ့ Instagram မှာ တင်ပြီးကြေညာခဲ့ပါတယ်။ JLo နဲ့အတူ Kendall လည်းပါဝင်သွားမှာပါ။ ဒီ campaign မှာ Evening Wear, Menswear, strappy shoes တွေ၊ minimalist bags တွေ၊ Jewelry အမိုက်စားတွေပါဝင်ပြီး Iconic green dress ကိုမှ Pantsuit, Jacket, Skirt နဲ့ Dress ပုံစံ design မျိုးတွေပါဝင်ပါတယ်။
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #Versace #SpringSummer2020 #JenniferLopez #KendallJenner #IconicGreenDress