Instagram က social influencer လေးတွေ ဘယ်လိုမျိုးလေးတွေ တွဲဖက် ဝတ်ဆင်ကြလဲ ဆိုတာ အတူတူ လေ့လာ ကြည့်ကြရအောင်။
ချစ်စရာ ခရမ်းရောင် Pastel tone ကာလာနဲ့ floral dress လေးက ချစ်စရာကောင်းလှတဲ့ sweet girl စတိုင်လေးကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
ပန်းရောင် gingham pattern dress လေးကို oversized sun hatနဲ့ တွဲစပ်ထားခြင်းလေးကတော့ Classy Romance ကို ရရှိစေပါတယ်။
လိမ္မော်ရောင် polka dot ဂါဝန်လေးကို အဖြူရောင် polka dot scrunchie လေးနဲ့ တွဲဖက်ထားတဲ့ ဒီ ဝတ်စုံလေးကတော့ Retro-inspired romance style လေးကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
Pastel blue (အပြာနုရောင်) baby doll dress လေးကို ချစ်စရာ lace up espadrilles ဖိနပ်လေးနဲ့ တွဲဖက်ထားခြင်းကတော့ စိတ်ကူးယဉ်ဆန်တဲ့ romantic girl style လေးကို ရစေမှာပဲ ဖြစ်ပါတယ်။