LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCELIFE

Will-power ကျစေတဲ့အရာတွေကို အဝေးကိုပစ်လိုက်ပါ

written by Lush Editor June 11, 2020
Will-power ကျစေတဲ့အရာတွေကို အဝေးကိုပစ်လိုက်ပါ

Stay Home နေရတာကြာပြီး ခုမှ အလုပ်ခွင်ပြန်ဝင်လာကြတဲ့အခါ ပုံမှန်လိုမဖြစ်သေးတဲ့ အလုပ်တွေကြောင့်ရော၊ သူငယ်ချင်းတွေနဲ့ စိတ်ရှိတိုင်း တွေ့ဆုံဖို့ အခွင့်ရေးမရသေးတာကြောင့်ရော စိတ်တွေလျော့ကျနေကြဦးမယ်ထင်ပါတယ်။ ဒီလိုတွေဖြစ်နေတဲ့အချိန် ကိုယ့်စိတ်ကိုယ် ပြန်ဆယ်ယူဖို့ လိုပါတယ်။ ဒီလိုပဲ ကျနေတဲ့ စိတ်ဓါတ်တွေကို ပြန်လည်မြှင့်တင်ရင်း ကိုယ့်စကေးတွေ တက်လောအောင်လည်း ကြိုးစားပေးရင် ပိုကောင်းလာမှာ သေချာပါတယ်။ မကြာမီမှာ အလုပ်တွေ ပုံမှန်ဖြစ်တဲ့အခါ အဆင်သင့်ဖြစ်နေတဲ့ ကိုယ့်ရဲ့စကေးတွေကြောင့် စိတ်ကျေနပ်မှုအပြည့်နဲ့ အောင်မြင်မှုကို လက်ဆုပ်လက်ကိုင်ရယူပြီးသားဖြစ်နေမှာပါ။

ခုလက်ရှိမှာ ကိုယ်တကယ်လုပ်ချင်တဲ့ (လုပ်ရမယ့်) အရာတွေကို ရှင်းရှင်းလင်းလင်း မှတ်ထားပါ။ ကိုယ်လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ မရှင်းလင်းရင် ကိုယ်ရရှိတဲ့ အောင်မြင်မှုကလည်း စိတ်ကျေနပ်မှုကောင်းမှာ မဟုတ်တဲ့အပြင် အောင်မြင်မှု မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတာမျိုး၊ ဘာတွေလုပ်ရမယ်မှန်း မသိအောင် စိတ်ရှုပ်ထွေးတာမျိုးဖြစ်တဲ့အချိန်ဆို ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ရှာဖွေနေလိုက်ရင် ကိုယ့်စိတ်တွေကြည်လင်လာပါလိမ့်မယ်။ အဲဒီအခါမှာ ရှေဆက်လုပ်မယ့်အရာတွေ အလိုလိုပေါ်လာတတ်တာမို့ ချမှတ်ထားဖို့ လိုလိမ့်မယ်နော်။ ဒီလိုဆိုရင် စိတ်ရှုပ်နေတာ၊ စိတ်ဓါတ်ကျနေတာ၊ စိတ်မကြည်လင်တာမျိုးတွေ ပျောက်သွားတတ်တာမို့ စိတ်ရှုပ်ထွေးမှုကို အဖြစ်မခံဘဲ ကိုယ်တကယ်ဝါသနာပါတဲ့ (ဖြစ်ချင်တဲ့) အလုပ်တွေကို ဖြည်းဖြည်းချင်း လုပ်နေလိုက်တာ အကောင်းဆုံးပါပဲ။

ကိုယ့်အတွက် စိတ်သောကဖြစ်စေမယ့် သတင်းတွေ၊ အကြောင်းအရာတွေ၊ ရုပ်ရှင်တွေက ကိုယ့်စိတ်ကို မကောင်းဖြစ်စေမယ့် ကိုယ့်ကိုယ်ဘေးဖြစ်စေမယ့်အရာတွေအဖြစ်သိပြီး လတ်တလော မကြည့်ဘဲ၊ နားမထောင်ဘဲ ရှောင်နေလိုက်ဖို့ အားပေးချင်ပါတယ်။ ကိုယ့်အတွက် ဘေးဖြစ်စေမယ့် အစားအသောက်ကိုလည်း ဆင်ခြင်ပြီး စားသောက်နေဖို့လည်း အရေးကြီးတာပါပဲနော်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျက်စေမယ့် ဝိတ်တက်မယ့် အစားအစာတွေ၊ အသားအရေပျက်စီးစေမယ့် အရာတွေဆို တခဏဆင်ခြင်လိုက်တာက ရေရှည်စိတ်ခွန်အားတိုးစေဖို့ အလွန်အကျိုးရှိတာပါ။

ဒါကြောင့် ကိုယ့်အတွက် ဘေးဖြစ်စေမယ့်အရာတွေကို ရှောင်နိုင်ဖို့ အကျိုးရှိစေမယ့်အရာတွေလုပ်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို သတိရှိဖို့ အလေ့အကျင့်လုပ်ပေးရမှာပါ။ ဒီလို သတိရှိလာတာနဲ့အမျှ ကိုယ့်အတွက်ဘေးဖြစ်စေမယ့်အရာတွေကို ရှောင်နိုင်လာမယ်၊ ဆင်ခြင်လာနိုင်မယ်ဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးတက်လာမှာ သေချာပါတယ်။

ဒီလိုဆို ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်ချိန်၊ စိတ်ဓါတ်ကျချိန် ရှိလာမှာမဟုတ်ဘဲ ကိုယ့်ရဲ့ Will-power တွေ တိုးတက်လာမှာ အသေအချာပဲမို့ မိမိရဲ့ တနေ့တာမှာ စိတ်ကို ဘယ်လိုမျိုး ထားရမယ်ဆိုတာ မပြတ်တဲ့ သတိနဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကို စောင့်ရှောက်ပေးကြမယ်လေ။

Editor: Aye Myat Khin

Body & SoulLUSH DAILYLUSH June 2020LUSH Magazine MyanmarWill-power
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Preserving your Memories through Scrapbooking
next post
BAIT x Pixar Toy Story x Reebok တို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ Toy Story sneakers

Recommended

Beauties of Mergui Archipelago

April 20, 2018

Great Gatsby Styling

August 11, 2020

Cities Of Fashion

July 13, 2018

5 travel destinations that are re-opening

June 3, 2020

Do’s and Don’ts for Wedding Guest in MYANMAR

November 29, 2018

The future of award shows

September 4, 2020

သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

November 23, 2023

TESLA, Driving the Future

April 10, 2020

Virtual Tour of National Parks and Attractions

May 29, 2020

မျက်မှန်တပ်ရတဲ့သူတွေ mask တပ်တဲ့အခါ အငွေ့ရိုက်တာမဖြစ်ရအောင်…

May 15, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem