Hoop Earrings လို့ခေါ်တဲ့ နားကွင်းတွေကတော့ ဟိုးရှေးခေတ်ကတည်းက ဂရိ၊ ရောမ၊ အာရှ နဲ့ အီဂျစ်လူမျိုးတွေဝတ်ဆင်ခဲ့တာပါ။ ရှေးခေတ်အီဂျစ်လူမျိုးတွေမှာ မိန်းကလေးရော၊ ယောကျာ်းလေးပါ ဝတ်ဆင်ကြပါတယ်။
၁၉၀၀ ဝန်းကျင်လောက်တုန်းက အမေရိကန်မှာ hoop earrings နဲ့ပတ်သက်ပြီး အဆိုးမြင်တာတွေရှိခဲ့ပါတယ်။ တော်တော်များများက နားကွင်းတွေကို အင်ဒီးယန်းတွေ၊ လက်တင်အမေရိကတွေရဲ့ ယဉ်ကျေးမှုတစ်ခုအနေနဲ့ပဲမြင်ခဲ့ကြပြီးတော့ တခြားနိုင်ငံကနေ အြခေစိုက်ဝင်လာတဲ့သူလို့ အထင်ခံရမှာစိုးလို့ အမေရိကန်မိန်းကလေးတွေ တော်တော်များများကလည်း နားကွင်းတွေကိုမဝတ်ခဲ့ကြပါဘူး။
ဒါပေမဲ့လည်း ၁၉၂၀ ဝန်းကျင်လောက်မှာတော့ hoop earrings တွေက ပြန်ပြီးဦးမော့လာပါတယ်။ ၁၉၆၀၊ ၁၉၇၀ ဝန်းကျင်မှာတော့ hoop earrings တွေ ခေတ်စားလာပြီး ရှုပ်ရှုပ်ထွေးထွေး ဒီဇိုင်းတွေနဲ့ နားကွင်းအကြီးကြီးတွေကို ဝတ်ဆင်ခဲ့ကြတဲ့ Cher တို့ Diana Ross တို့ရဲ့ fashion ကလည်း နာမည်ကျော်ခဲ့ပါတယ်။ Hoop earrings တွေက fashion trends မှာ သက်တမ်းအကြာဆုံးထဲကတစ်ခုဖြစ်နေပြီး ဒီနေ့ထက်ထိ လူတော်တော်များများဝတ်ဆင်နေကြဆဲပါ။
#LUSHmagazineMyanmar #LUSHitRight #LUSHfashionVocab #HoopEarrings #Cher #DianaRoss