LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYPET ZONE

မနာလိုစရာကောင်းလောက်အောင်ကို တိလေးတွေကို ချစ်တတ်ကြတဲ့ Celebrities များ

written by Maeve July 11, 2019
မနာလိုစရာကောင်းလောက်အောင်ကို တိလေးတွေကို ချစ်တတ်ကြတဲ့ Celebrities များ

Celebrities တွေရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို မနာလိုဖြစ်ဖူးလား၊ “သူ့ရဲ့ခွေးလေးသာဖြစ်လိုက်ရရင်၊ ကြောင်လေးသာဖြစ်လိုက်ရရင်” စတဲ့ အတွေးမျိုးတွေတွေးဖူးကြတယ်မလား။ Celebrities တွေရဲ့ pet လေးတွေက Celebrities တွေနဲ့ အနီးကပ်နေရရုံတင်မကဘူး။ တကယ်မနာလိုစရာကောင်းလောက်အောင်ကို Celeb တွေနဲ့ ချစ်ခင်ကြတာတွေ၊ ဇိမ်ခံပစ္စည်းတွေသုံး၊ Spa တွေသွား၊ Celeb တွေသွားတဲ့ခရီးတွေလည်းရောက်နဲ့ အရမ်းကို ကံကောင်းကြပါတယ်။ လမ်းဘေးခွေးလေး၊ ကြောင်လေး ဘဝကနေ ချမ်းသာသွားတဲ့ တိ(တိရစ္ဆာန်) လေးတွေ၊ ပိုင်ရှင် Celeb တွေကြောင့် နာမည်ကြီးလာတဲ့တိလေးတွေလည်းရှိပါတယ်။ အခုပြောပြပေးသွားမယ့်အထဲမှာ သူတို့ရဲ့ တိလေးတွေကို မနာလိုစရာကောင်းလောက်အောင်ကို အရမ်းချစ်ကြတဲ့ Celeb တွေအကြောင်းကို ပြောပြပေးသွားမှာမို့ အောက်မှာဆက်ကြည့်ပေးပါဦး။

ပထမဆုံးတစ်ယောက်ကတော့ ကျွန်မတို့သဘောကျတဲ့ အရင်ပုံစံလေးနဲ့ ပြန်နေနေပြီဖြစ်တဲ့ Miley Cyrus ပါ။ သူက တိရစ္ဆာန်တော်တော်ချစ်တဲ့ပုံပေါ်ပါတယ်။ သူ့မှာ ကြောင်လေးတွေ၊ ခွေးလေးတွေအများကြီးရှိတဲ့အပြင် Bubba Sue လို့အမည်ရတဲ့ ဝက်ကလေးတစ်ကောင်ပါရှိပါသေးတယ်။ မိုင်လေက ဝက်ကလေးကို သူ့အိမ်ကိုယူလာဖို့ လေယာဉ်နဲ့သယ်ခဲ့ရတာပါ။

လေယာဉ်ပေါ် သယ်ခွင့်မရှိတဲ့စည်းကမ်းကတောင် Bubba Sue အပေါ်မသက်ရောက်ခဲ့ပါဘူး။ အကြောင်းကတော့ အဲ့တုန်းက သေးသေးလေးနဲ့ သယ်ရတာလွယ်လွန်းလို့ဖြစ်ပါတယ်။ အခု ထွားလာပြီဆိုတော့ လေယာဉ်စီးဖို့လည်း မလွယ်လောက်တော့ပါဘူး။

View this post on Instagram

4.26

A post shared by Taylor Swift (@taylorswift) on Apr 15, 2019 at 7:04pm PDT

နောက်တစ်ယောက်ကတော့ Taylor ပါ။ Taylor Swift မှာ Meredith နဲ့ Olivia လို့ခေါ်တဲ့ကြောင်လေးတွေရှိတယ်ဆိုတာ Taylor ရဲ့ Fan တွေဆိုသိကြမှာပါ။ ကြောင်ဆိုတဲ့အတိုင်း သူတို့နှစ်ကောင်က ခပ်ချေချေပဲနေလေ့ရှိပါတယ်။ ဒါကိုက သူတို့ကို ချစ်စရာကောင်းနေစေတာပါ။ Taylor က သူ့ရဲ့ကြောင်လေးတွေကို တော်တော်လည်းချစ်ပုံရပြီး သူ့ရဲ့ Tour တွေတော်တော်များများကိုလည်း ခေါ်သွားလေ့ရှိပါတယ်။

 

နောက်ပြီး သိပ်မကြာသေးခင်ကပဲ Taylor ရဲ့ ME Music Video ထဲက ကြောင်ကလေးကိုလည်း Taylor က မွေးလိုက်ပါသေးတယ်။ ME MV ရိုက်ရင်း တွေ့ခဲ့ရတဲ့ ကြောင်လေးကို မြင်မြင်ချင်းချစ်ပြီး မွေးစားဖြစ်ခဲ့တာပါ။ အဲ့ကြောင်လေးရဲ့နာမည်ကတော့ Benjamin Button ဖြစ်ပြီး သူ့ရဲ့ ကြောင်မလေးနှစ်ကောင်ကတော့ Benjamin အိမ်စစရောက်လာတုန်းက ရန်စွာသေးပါတယ်တဲ့။ Ben က အေးပြီး လိမ္မာတော့ တည့်အောင်တော့ ပေါင်းနိုင်မှာပါ။

Ed Sheeran က ကြောင်အရမ်းချစ်တတ်တယ်ဆိုတာတော့ တော်တော်များများသိကြမယ်ထင်ပါတယ်။ မျက်စိထဲမြင်သမျှကြောင်လေးတွေကို ကိုင်ပြီး ပွတ်ပေးတတ်တဲ့သူ့ရဲ့အကျင့်ကို သူ့ရဲ့ Photograph သီချင်းထဲမှာလည်း တွေ့မှာပါ။ သူက ၂၀၁၄ ခုနှစ်မှာ Graham ဆိုတဲ့ ကြောင်လေးကို မွေးခဲ့ပြီး နောက်ထပ် Dorito နဲ့ Calippo လို့အမည်ရတဲ့ ကြောင်လေးတွေကိုလည်း မွေးထားပါတယ်။

View this post on Instagram

Buy it, stream it, download it, whatever y’all do these days #IDontCare

A post shared by Calippo & Dorito (@thewibbles) on May 9, 2019 at 10:35pm PDT

အခုအချိန်မှာတော့ Graham ကို Ed ရဲ့ Manager Stuart က မွေးစားလိုက်ပါပြီ။ Ed က Dorito နဲ့ Calippo တို့အတွက် Instagram Account လည်း လုပ်ပေးထားပြီး ကြောင်လေးတွေရဲ့ပုံကို တင်ပေးလေ့ရှိပါတယ်။

This is the moment we met. He was trying so hard to stay seated even though he desperately wanted to get out. I knew right away that he was coming home with me, so I took this video to always remember our first hello. Rescue dogs are the best dogs!! #NationalPetDay pic.twitter.com/XjWxPWGDPu

— Chris Evans (@ChrisEvans) April 11, 2018

Captain America ဆိုတာနဲ့ ဆွဲဆောင်မှုရှိတဲ့မျက်လုံးပြာပြာနဲ့ အခုထိ FA ဖြစ်နေသေးတဲ့ Chris Evans ကို အားလုံးပြေးမြင်ကြမယ်ထင်ပါတယ်။ သူ့မှာ Dodger ဆိုတဲ့ ခွေးလေးတစ်ကောင်ရှိပါတယ်။ Dodger လေးကို Chris က Gifted ဆိုတဲ့ဇာတ်လမ်းရိုက်ကူးရင်းတွေ့ခဲ့တာပါ။ Gifted ဇာတ်လမ်းမှာ ခွေးဂေဟာတစ်ခုမှာ ရိုက်ကူးရေးရှိလို့သွားရာကနေ Dodger လေးကို မြင်မြင်ချင်းချစ်ပြီး မွေးစားဖြစ်ခဲ့တာပါ။ Dodger နဲ့ Chris တို့ ရေစက်ပါမယ်လို့ တွေးတောင်တွေးမိကြမှာမဟုတ်ပါဘူး။

Chris နဲ့ Dodger တို့ရဲ့ကြားက သံယောဇဉ်ကတော့ တော်တော်ကိုခိုင်မာနေပါပြီ။ Chris က Dodger လေး သီချင်းမြည်တဲ့ ခြင်္သေ့လေးနဲ့တူတူ သီချင်းဆိုနေတာတွေ၊ ရှဉ့်လေးကိုဖမ်းဖို့ကြည့်နေတာလေးတွေ စတဲ့ Dodger ရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေ၊ သူတို့နှစ်ယောက်အရမ်းချစ်နေတာလေးတွေကို Social Media ပေါ်မှာတင်ပြီး မျှဝေလေ့လည်းရှိပါတယ်။ Chris က ဂေဟာက ခွေးလေးတွေကို ကယ်ပြီးမွေးစားဖို့အတွက် “Rescue dogs are the best dogs!” ဆိုပြီး အားတက်သရောထောက်ခံလေ့ရှိပါတယ်။

This is Dodger’s stuffed lion. He loves it. He brings it everywhere. If you press it’s paw, it sings. Today, Dodger decided to join in. pic.twitter.com/CuH53VNVtF

— Chris Evans (@ChrisEvans) November 7, 2017

အခုလောလောလတ်လတ်ရုံတင်ထားတဲ့ Spider-Man: Far From Home ထဲက Spiderman လေး Tom Holland ကလည်း တိချစ်သူထဲမှာပါပါတယ်။ သူ့ရဲ့ခွေးလေးတွေနဲ့ပုံကို Social Media တွေပေါ်မှာ တင်လေ့ရှိပါတယ်။ Staffordshire Bull Terrier အမျိုးအစားလေးဖြစ်တဲ့ Tessa လေးကို 2014 ခုနှစ်လောက်က သူမွေးခဲ့တာပါ။

View this post on Instagram

The star of the show today is my angel. Missed her so much.

A post shared by Tom Holland (@tomholland2013) on Jun 15, 2017 at 4:59am PDT

Tessa လေးနဲ့တော်တော်သံယောဇဉ်ရှိပုံရပြီး Spider-Man: Homecoming ဇာတ်လမ်းပွဲဦးထွက်တုန်းက ခေါ်လာဖူးပါတယ်။ Tessa လေးကို Spiderman ဝတ်စုံလေးဝတ်ပေးတာမျိုး၊ Facetime နဲ့စကားပြောတာမျိုးတွေ လုပ်လေ့ရှိပြီး သူ့ခွေးလေးကို တော်တော်ချစ်တဲ့ပုံရပါတယ်။ သူက သူမွေးထားတဲ့ခွေးလေးတွေကိုမှ ရွေးချစ်တတ်တဲ့သူတော့မဟုတ်ပါဘူး။ တစ်ခါကလည်း လမ်းပျောက်နေတဲ့ခွေးလေးကို ခွေးလေးအဆင်ပြေမပြေသိရအောင် တိဆေးခန်းခေါ်သွားဖူးပါသေးတယ်။

View this post on Instagram

My princess ? #mydogsbetterthanyours

A post shared by Tom Holland (@tomholland2013) on Oct 1, 2017 at 10:12am PDT

အခုပြောပြပေးသွားတာကတော့ တိချစ်သူ Celebrities တွေထဲကနေမှ ရွေးချယ်ပြီး ပြောပြခဲ့တာပါ။ LUSHer တို့ကော တိချစ်သူထဲမှာပါလား။ Dog Person လား၊ Cat Person လားဆိုတာလည်း မျှဝေပေးသွားပါဦးနော်။

LUSH buddyLUSH DAILYLUSH JULY 2019LUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Lady Gaga ရဲ့ Haus Laboratories Makeup Line စတင်မိတ်ဆက်
next post
ESTÉE LAUDER – July Special Offer

Recommended

Best Dresses from Critics’ Choice Awards 2020

January 14, 2020

Dr. Martens 1460 remastered project မှာပါ၀င်လာတဲ့ Marc Jacobs

September 18, 2020

Top 5 Jewelry Brands For Every Types of...

November 16, 2020

Retail experience အသစ်ကိုခံစားနိုင်မယ့် Burberry ရဲ့ “social retail” boutique

August 5, 2020

Outlander actors to star in new travel show

June 18, 2020

University Student တွေအတွက် အချိန်ကုန်သက်သာပြီး ပြင်ဆင်ရလွယ်ကူတဲ့ French-Girl Makeup Look

June 10, 2019

Quay နဲ့ Lizzo တို့ပူးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ Sunglasses Collection

May 25, 2020

2019 Halloween Costumes

October 30, 2019

၂၀၂၀ မှာ ခေတ်စားလာနိုင်တဲ့အရောင်များ

February 4, 2020

MTV VMAs 2020 က best hair and makeup...

September 1, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem