LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESSLIFE

အရက်နာကျတာ သက်သာစေဖို့ ဘာလုပ်ကြမလဲ .. ?

written by Lush Editor August 31, 2023
အရက်နာကျတာ သက်သာစေဖို့ ဘာလုပ်ကြမလဲ .. ?

ကျွန်တော်တို့ တစ်ချို့ညတွေမှာ စိတ်လွတ်ကိုယ်လွတ် မူးအောင် အရက်သောက်ပြီးကြရင် နောက်နေ့ မနက် အိပ်ရာထတာနှင့် ခံစားရလေ့ရှိတာကတော့ အရက်နာကျတာပါပဲ။ လူတစ်ယောက်နှင့် တစ်ယောက် limit မတူကြပေမယ့် အနည်းနှင့် အများတော့ အရက်နာကျတာကို ခံစားရတတ်ပါတယ်။ အဓိကကတော့ – ခေါင်းကိုက်တာ၊ နှုံးတာ၊ ပျို့တာအန်တာ ဗိုက်အောင့်တာနှင့်အတူ စိတ်မကြည်တာတွေပါ ဖြစ်ပြီး အရက်နာကျကြတာပေါ့ဗျာ။ ပြီးတော့ အရက်နာကျတာဟာ လူတစ်ယောက်နှင့် တစ်ယောက်ပေါ် မူတည်ပြီး (၂၄) နာရီကနေ (၇၂) နာရီအထိ ကြာတတ်ပါတယ် ခင်ဗျာ့။

ဒါဖြင့် အရက်နာကျတာ သက်သာစေဖို့ဆိုရင် –

(၁) ရေများများသောက်ပေးကြပါ။

အရက်နာကျတာရဲ့ အဓိကတရားခံကတော့ ရေဓာတ်ခမ်းခြောက်ကြတာပါ။ အရက်သောက်ပြီးရင် ဆီးများတဲ့အတွက် သောက်တာနှင့် ပေါက်တာ မမျှပြီး ရေဓာတ်ဆုံးရှုံးရတာမို့ ရေများများဖြည့်တင်းပေးဖို့ လိုပါတယ်။ အသီးဖျော်ရည်နှင့် အချိုရည်လေးတွေ သောက်သုံးသင့်ပေမယ့် ကော်ဖီနှင့် ပြန်ဖြေတဲ့ အလေ့အထကိုတော့ မကျင့်သုံးသင့်ပါဘူး။ ကော်ဖီကြောင့် ဆီးပိုသွားပြီး ရေဓာတ်ပိုခမ်းခြောက်နိုင်ပါတယ်။ ပြီးတော့ အရက်ကို အရက်နှင့် ပြန်မဖြေသင့်ပါ။ အရက်ကို အရက်နှင့် ပြန်ဖြေတာက အရက်နာကျတာကို ခဏ အချိန်ရွေ့ရုံသာ ဖြစ်တာမို့ ပြီးရင် နှစ်ဆ ခံရမှာပါ။

(၂) အဆာပြေလေးတွေ စားပေးပါ။

အရက်နာကျတဲ့အချိန်မှာ သွေးတွင်းအချိုဓာတ်ခမ်းခြောက်နေတတ်တာမို့ အစားဝင်အောင်စားဖို့ မမေ့ပါနှင့်။ အစာပျော့လေးဖြစ်ဖြစ် တစ်ခုခု စားပေးခြင်းဖြင့် သွေးတွင်းအချိုဓာတ် ပြန်ဖြည့်တင်းပေးနိုင်သလို အစာစားပေးခြင်းဖြင့် အစာအိမ်နာတာကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) အိပ်ရေးဝအောင် အိပ်ပြီး အနားယူဖို့ လိုပါတယ်။

အရက်နာကျတဲ့အချိန်ဆိုတာ ခန္ဓာကိုယ်ထဲ ရှိတဲ့ ဆဲလ်တွေ ရောင်ရမ်းနေတဲ့အချိန်မို့ ကောင်းမွန်စွာ အနားယူပေးဖို့ လိုအပ်ပါတယ်။ အေးဆေးတဲ့ အလုပ်တွေ လုပ်လို့ရပေမယ့် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားလာခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ ပြီးတော့ အရက်သောက်ပြီးတဲ့အချိန် အိပ်ပျော်တယ် ထင်ရပေမယ့် အဲတာဟာ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း မဟုတ်တာမို့ အရက်နာကျနေတဲ့အချိန်မှာ အိပ်ရေးဝအောင် ကြိုးစားပြီး အိပ်ပေးဖို့ လိုအပ်ပါတယ်။ ကဲ … ဒါဖြင့် ရောင်ရမ်းနေတဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်လေးတွေ သက်သာစေဖို့၊ ခန္ဓာကိုယ်ကို ရေဓာတ်ပြန်ဖြည့်ပေးနိုင်ဖို့၊ နွမ်းလျနေတဲ့ ဦးနှောက်နှင့် အသည်းက ဆဲလ်တွေ သက်သာစေဖို့ ရေများများသောက်ပြီး ကောင်းမွန်စွာ အနားယူပေးကြဖို့ အကြံပေးချင်ပါတယ် ခင်ဗျာ့။ မိမိကျန်းမာရေးကို နည်းလမ်းမှန်စွာ စောင့်ရှောက်တတ်ပါစေ။

HangoverHealth Tips
1
Facebook Twitter Google + Pinterest
Lush Editor

previous post
ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့် ပုန်းရည်ကြီးကိတ်
next post
Celebrities တွေ အကိုင်အများဆုံး Designer Bag များ

Recommended

စိတ်ဓါတ်ခိုင်မာသူတွေမှာ တွေ့ရတဲ့ စိတ်နေစိတ်ထား (၈) ချက်

March 22, 2023

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

May Myat Warso—She who modernizes tradition

April 3, 2020

သီရိလင်္ကာနိုင်ငံ ရဲ့ Sigiriya ရှေးဟောင်းမြို့အား ရှာဖွေခြင်း

November 23, 2023

Not A Zero Sum Game

May 15, 2018

အသက် ၂၀ နှင့် ၃၀ ကြား မဖြစ်မနေ လုပ်ဆောင်သင့်သည့်အချက်များ

August 6, 2019

Beauties of Mergui Archipelago

April 20, 2018

ကမ်းဆင့်မေတ္တာဖျန်းပေးပါ

July 20, 2023

98 Wireless Residences

January 31, 2020

NEON DREAMS with BUNNY PHYOE

June 12, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem