Gentle Monster ဆိုတဲ့ ကိုရီးယား eyewear brand ကို ကိုရီးယားဇာတ်လမ်းတွေထဲကနေတဆင့် မြန်မာကလူတွေအနေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ Gentle Monster က အခု လန်ဒန်အြခေစိုက် artist တစ်ယောက်ဖြစ်တဲ့ Matthew Stone နဲ့အတူလက်တွဲပြီး Spring/Summer 2020 အတွက် “MY MARS” ဆိုတဲ့ campaign တစ်ခုကို လုပ်ခဲ့ပါတယ်။
ဒီ campaign က ပုံတွေမှာဆို Gentle monster ရဲ့ မျက်မှန်တွေကို Matthew Stone ရဲ့ signature ဖြစ်တဲ့ လက်ရာတွေနဲ့ ပေါင်းပြီး တွေ့ရမှာပါ။ ဒီ campaign က အိပ်မက်ဆန်ပြီး ခေတ်ရှေ့ပြေးပြီးတော့ မျက်မှန်ဒီဇိုင်းတွေမှာဆို Aviator အမျိုးအစားကိုမှ အရွယ်အစားခပ်ကြီးကြီးပုံစံတွေကနေ cat eye ပုံစံတွေအထိ technical ပုံစံမျိုး ဒီဇိုင်းအမိုက်စားတွေကို တွေ့ရမှာပါ။ ဒီ campaign မှာ ချိန်းကြိုးအကြီးကြီးတွေ၊ “G” ဆိုတဲ့ branding ပါတဲ့ ရွှေရောင်ချိန်းကြိုးတွေ၊ နားကြပ်ပုံစံ sculpture ချိန်းကြိုးတွေပါတဲ့ accessories တွေလည်းပါပါတယ်။
မျက်မှန် frame ၁၅ မျိုးနဲ့ accessories က ၁၁ မျိုးပါပြီးတော့ မျက်မှန်တွေရဲ့ဈေးက USD240 ကနေ 330 ထိရှိပြီး accessories တွေရဲ့ဈေးက USD89 ကနေ 260 ထိရှိပြီးတော့ Gentle Monster ရဲ့ website မှာ ဝယ်ယူလို့ရနေပါပြီ။
#LUSHmagazineMyanmar #LUSHitRight #LUSHdaily #fashion #GentleMonster #MatthewStone