LUSH deco | April 2018
Friendly Decos for Home and Environment
words by aung soe paing . translated by r.e.saw
ဒီဇိုင်းလောကမှာ အခုနောက်ပိုင်း Trend တစ်ခု အဖြစ် ပြောင်းလဲလာတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဒီဇိုင်းတွေပါပဲ။ Architecture/ Interior Design/ Fashion Design တွေမှာပါ ပြောင်းလဲမှု သဘောတရားတွေကို တွေ့ရပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မယ့် ဒီဇိုင်းတွေကို ဖန်တီးတဲ့အခါမှာ အသုံးပြုတဲ့ ပစ္စည်းအမျိုးအစားတွေက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေမယ့် အရာများဖြစ်ကြသလို၊ ပါတ်ဝန်းကျင်ကနေ အလွယ်တကူ ရှာဖွေဖန်တီးလို့ရမယ့်အရာတွေဖြင့် နေ့စဉ်သုံးစွဲနေထိုင်နိုင်မယ့် အသုံးအဆောင်တွေကို တီထွင်ထုတ်လုပ်လာကြပါတယ်။
မြန်မာနိုင်ငံမှာ လူနေထိုင်မှု ပုံစံ ပြောင်းလဲလာသလို ဒီဇိုင်းကဏ္ဍကလည်း အဓိကကျတဲ့နေရာတစ်ခု ရပ်တည်လာပါတယ်။ အိမ်တစ်လုံးဆောက်တော့မယ် မိမိနေထိုင်တဲ့ အိမ်နှင့် အခန်းတွေကို ပြင်ဆင်တော့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အနေအထားရောက်အောင် ဖန်တီးယူဖို့ ကုန်ကျစရိတ်ကလည်း မသေးလှပါဘူး။ ထို့ကြောင့် အိမ်တွေကို လက်ရှိတဲ့အနေအထားနှင့် ပါတ်ဝန်းကျင်၊ ပြည်တွင်းမှာပဲ ရနိုင်တဲ့ ပစ္စည်းများကိုသာ ဦးစားပးအသုံးပြုပြီး ဆောက်လုပ်သုံးစွဲတဲ့အခါမှာ ကြာရှည်ခံ၊ ကုန်ကျစရိတ်သက်သာတဲ့ ဒီဇိုင်းအဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။
Eco Friendly ဖြစ်သလို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အိမ်လေးကို ဆရာနေမျိုးဆေး ဆောက်ခဲ့ဖုးပါတယ်။ သူဆောက်တဲ့ အိမ်လေးက ဖြိုလိုက်ဖျက်လိုက်တဲ့အချိန်မှာ စွန့်ပစ်ရတော့မယ့် အိမ်ရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး သူနေအိမ်အသစ်အဖြစ် ဆောက်လုပ်ထားခဲ့တာပါ။ အခုဆိုရင် ရန်ကုန်မြို့ထဲမှာ ရှေးခေတ်တိုက်ခန်းအဟောင်းများကို ပြန်လည် ပြင်ဆင်နေထိုင်ကြတဲ့အခါမှာ မူလရှိပြီးသား အလှတရားတွေကို အထူးသဖြင့် အုတ်နံရံတွေကို မဖျက်ဆီးတော့ပဲ ဒီဇိုင်းအဖြစ် ပြန်လည်အသုံးပြုကြလာကြပါတယ်။ တချို့နေရာတွေမှာ မီးရထားသံလမ်းက ဇလီဖားတုံးအဖြစ်သုံးခဲ့တဲ့ သစ်သားတွေကို ပြန်လည်အသုံးပြုပြီး Interior Design အဖြစ် အသုံးပြုကြပါတယ်။
Architecture and Interior Design လောကမှသာ မကပါဘူး။ ဖက်ရှင်လောကမှာပါ Eco Friendly ဖြစ်တဲ့ ဒီဇိုင်းတွေကို ဖက်ရှင်ဒီဇိုင်နာတွေ Brand တွေလည်း ထုတ်လုပ်ခဲ့ကြပါတယ်။ ဖက်ရှင်လောကမှာ သားရည်ထည် သားမွေးနဲ့ ဖန်တီးထားတဲ့ အကျီင်္လေးတထည်ရဖို့ သနားစရာကောင်းလှတဲ့ တိရိစ္တာန်လေးများစွာရဲ့ အသက်ကို စတေးကြရပါတယ်။ Bille van Katwijk ဆိုတဲ့သူက သားရည်ထည်အစားထိုး အတွက် နွားရဲ့ အစာအိမ်ကို သုံးပြီး အိတ်တွေ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတွေကို မနှစ်က Dutch Design Week မှာ ပြခဲ့ပါတယ်။ ကမ္ဘာကျော် Adidas ကလည်း ပင်လယ်ထဲကရရှိတဲ့ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို သုံးပြီး ဖိနပ် ထုတ်လုပ်ခဲ့ဖူးပါတယ်။
Pentatonic Company ကလည်း စွန့်ပစ်ပစ္စည်းတွေကိုသုံးပြီး အိမ်သုံးရုံးသုံးပရိဘောဂတွေ ထုတ်လုပ်ဖြန့်ချီဖို့ ကြိုးစားခဲ့ပါသေးတယ်။ အခုနောက်ပိုင်း Interior Design and Furniture လောကသာမကဘဲ ဗိသုကာလောကမှာပါ ထင်ရှားလာတဲ့ ဒီဇိုင်း ပြောင်းလဲမှုကတော့ ကွန်တိန်နာယဉ်ကျေးမှုလို့ ပြောလို့ရတဲ့ စွန့်ပစ်ရတော့မယ့် အသုံးပြုပြီးသား ကွန်တိန်နာများကို နေအိမ်များ ရုံးခန်းများအဖြစ် ပြောင်းလဲကာ နောက်ထပ်တဖန် အသက်ရှင်ခွင့်ပေးတဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ကွန်တိန်နာတွေထဲမှာ အသုံးပြုမယ့်သူတွေအတွက် လိုအပ်တဲ့ ပရိဘောဂတွေ အိမ်အသုံးအဆောင်နှင့် ရုံးအသုံးအဆောင်များအဖြစ် ပြောင်းလဲလိုက်တဲ့အခါမှာ စရိတ်သက်သာတဲ့ နေရာတစ်ခု ဖန်တီးဖြစ်သွားပါတယ်။
မြန်မာနိုင်ငံမှာလည်း Eco Friendly ဖြစ်တဲ့ Product တွေ ဖက်ရှင်တွေဘက်ကို ယခုခေတ်လူငယ်တွေက ပိုပြီး စိတ်ဝင်စားလာတာကို တွေ့ရပါတယ်။ ဒလမှာရှိတဲ့ ChuChu Design ဆိုတဲ့အဖွဲ့လေးကလည်း စွန့်ပစ်ပစ္စည်းတွေကို သုံးပြီး လူသုံးကုန်ပစ္စည်းများကို ပြန်လည်ထုတ်လုပ်ကြပါတယ်။ တနည်းအားဖြင့် အမှိုက်ပြဿနာကြီးမားတဲ့ ရန်ကုန်မြို့မှာ အမှိုက်ကနေ ရွှေဖြစ်အောင် ပြန်လည်တူးဖော်တဲ့ လုပ်ငန်းအစလို့ ပြောလို့ရပါတယ်။
(English Version)
One trend that has been changing the design field lately has been eco-friendly designs. We are starting to notice these changes in Architecture/ Interior Design/ Fashion Design.
When creating designs that are suitable and compatible with the environment, the materials chosen are those we can easily find in our surroundings and designed for daily use.
As Myanmar is developing fast, the way we are living is changing and design has becomes a prominent aspect than before. The cost of building a home and renovating your place to the point of your satisfaction can cost a lot. That is why the design that is suitable with the surrounding, long lasting and mostly made-in-Myanmar is becoming popular.
Artist Nay Myo Say has built a house which is eco-friendly with mostly recycled materials from his old house that was demolished. We have been seeing the old houses in Yangon that are being rebuilt and have retained the original structures (eg: Not breaking down the walls) instead of being demolished completely. In some places, the woods from railway tracks are being used in Interior design.
Eco-friendly designs are being seen not only in Architecture and Interior Design but also in Fashion as well. Many animals were sacrificed just to get a leather or fur coat. Bille van Katwijk has replaced cow intestine with leather in his bags and showcased in last year Dutch Design Week. World renowned brand Adidas has also produced sneakers that are materials recycled from the plastics thrown in the sea.
Pentatonic Company has been trying to produce and sell the furniture that is designed from waste materials. Container Culture, using the used containers for affordable housing and office spaces, is also another way of giving life back to things that are supposed to be thrown away.
Myanmar youths today are showing more interest in eco-friendly fashion and interior designs. ChuChu Design, a group from Dala, has been using waste materials to create things for everyday use. This is one way we are trying to reclaim back Yangon which is facing massive waste problem by turning them back to useful products.