LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILY

Frederique Constant Geneve

written by Maeve March 26, 2020
Frederique Constant Geneve

အမျိုးသားတို့ ဖက်ရှင်တစ်ခုအနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ကြတဲ့ နာရီကို ခုခေတ်မှာ ဒီဇိုင်းကို အလေးထားရွေးချယ်လာကြတာ တွေ့ရတယ်။ နာရီတွေကို ရွေးချယ်ဝတ်ဆင်ကြရာမှာ ကမ္ဘာကျော် Brand တွေကို ထုတ်လုပ်ပေးနေတဲ့ ဆွစ်ဇာလန် ထုတ်နာရီတွေကို စောင့်စားနေသူတွေအတွက် အသစ်ထွက်တဲ့ ဒီဇိုင်းတစ်ခုအကြောင်း ပြောပြချင်တယ်။ ဒီဇိုင်းပိုင်းကို အလေးထားရွေးချယ်ဝတ်ဆင်သူတွေအတွက် Swiss Watch Brand ဖြစ်တဲ့ Frederique Constant က 2019 မှာ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ Frederique Constant Geneve ကိုထုတ်လုပ်ခဲ့ပြီး အမှတ်တရဖြစ်စရာအနေနဲ့ ဒီထုတ်ကုန်သစ်ထုတ်လုပ်ခဲ့တဲ့ စက်ရုံသစ်ဖွင့်ပွဲကိုပါ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က Plan-les-Ouates မှာ ပြုလုပ်ခဲ့တယ်။ ဒီနာရီမှာတော့ ဒီဇိုင်းနှစ်မျိုးနဲ့ ကန့်သတ်ထုတ်လုပ်လိုက်တာမို့ အချိန်မီ ဝယ်ယူထားဖို့ နာရီဝါသနာအိုးတွေအတွက် သတင်းပါးချင်ပါတယ်။ Stainless- Steel version နဲ့ 18K Rose Gold version ဆိုပြီး ဒီဇိုင်းနှစ်မျိုးနဲ့ ဂန္ထဝင်ဆန်ပြီး ခန့်ညားလှပတဲ့ နာရီကို ဒီဇိုင်းကိုအလေးထားတဲ့ အမျိုးသားတို့ အကြိုက်တွေ့ကြမှာပါ။

Frederique Constant Geneve မှာ နာရီအတွင်းပိုင်းဒီဇိုင်းတွေက သေသပ်မှုအပြည့်နဲ့ ဂုဏ်ယူဖွယ်ရာဖြစ်နေတာကို သတိထားမိလောက်အောင် အောင်မြင်တဲ့ ဒီဇိုင်းဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 42mm case ရှိပြီး နာရီ၊ မိနစ်၊ စက္ကန့်၊ နေ့ရက်တွေအပြင် flyback chronograph နဲ့ tachymeter စတဲ့ ပြီးပြည့်စုံတဲ့ Functions တွေကိုပါ ထည့်သွင်းထားတယ်။ flyback ကတော့ 1930 နှစ်များဆီက ပထမဆုံးအသုံးပြုခဲ့တဲ့ စနစ်တစ်ခုဖြစ်ပြီးတော့ chronograph ရဲ့ stop,reset နဲ့ restart စတဲ့ functions တွေကို push-pieces ကို နှစ်ကြိမ်ဖိနှိပ်ခြင်းနဲ့ ထိန်းချုပ်ရသလို flyback mode ကတော့ အခြေအနေသုံးခုလုံးကို push-piece တစ်ကြိမ်ပဲ သုံးရတာမို့ အားသာချက်ကလည်း ထူးခြားနေပြန်တယ်။

Column wheel အစား star-shaped wheel ကိုအသုံးပြုထားတဲ့ Frederique Constant caliber FC-760 ပါဝင်တာမို့ ရှုပ်ထွေးမှုမရှိတဲ့ ရိုးရှင်းတဲ့နာရီတစ်လုံးရဲ့ ပြီးပြည့်စုံမှုကို ထပ်မံတွေ့ရဦးမှာပါ။ တီထွင်ဆန်းသစ်မှု မူပိုင်ခွင့်ရရှိထားတဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ အမြင့်မားဆုံး Flyback module များထဲမှာ တစ်ခုအပါအဝင်ဖြစ်နေလို့ ဂုဏ်ယူစွာ ဝတ်ဆင်လို့ရတဲ့ နာရီဖြစ်ပါတယ်။ နာရီဒိုင်ခွက်ကို New Collection ဖြစ်တဲ့ sapphire crystal နဲ့ ပြုလုပ်ထားပြီး 32 jewels နဲ့ နာရီဒိုင်ခွက်ရဲ့ အလှကို ထပ်မံဖြည့်စွက်ထားလို့ ဂန္ထဝင်ဆန်ခံ့ညားလှပတဲ့ ဒီဇိုင်းအဖြစ် ကမ္ဘာက လက်ခံထားတဲ့ နာရီဖြစ်ပါတယ်။။ 38 နာရီအကြာ ခံနိုင်ရည်ရှိတဲ့ စွမ်းအင်အလုံအလောက်လည်း ပါပါတယ်။ မီတာ 50 အထိ ရေခံနိုင်စွမ်းလည်း ရှိနေပါသေးတယ်။

ယနေ့ခေတ်မှာက chronograph အားလုံးရဲ့ တစ်ဝက်က ရွှေနဲ့လုပ်တာများကြတဲ့အတွက် နာရီစုဆောင်းသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အနေနဲ့ Frederique Constant Geneve မှာ ဒီဇိုင်း ၂မျိုး ရွေးချယ်ဖို့ ရှိနေပါတယ်။ ပထမတစ်ခုက Case 42 mm ရှိတဲ့ Rose Gold color ရှိတဲ့ stainless steel ကိုယ်ထည်မှာ ချောကလက်ရောင်ဒိုင်ခွက်နဲ့မို့ ရှင်းလင်းပြတ်သားမှုကို အားကောင်းသွားတဲ့ဒီဇိုင်းမှာ Frederique Constant တံဆိပ်ခံနှိပ်ထားတဲ့ Dark brown မိကျောင်းသားရေ လက်ပတ်ကြိုး ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Case 42 mm ရှိတဲ့ ငွေရောင် stainless steel ကိုယ်ထည်မှာ Navy Blue အရောင်ဒိုင်ခွက်နဲ့မို့ တည်ကြည်ခံညားတဲ့အသွင် အပြည့်ဆောင်နေတဲ့ ဒီဇိုင်းပါ။ သူရဲ့လက်ပတ်ကြိုးကတော့ Frederique Constant တံဆိပ်ခံနှိပ်ထားတဲ့ အပြာရောင်မိကျောင်းသားရေလက်ပတ်ကြိုးနဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်။

ဒီလိုဆိုတော့ Frederique Constant Geneve မှာ နာရီတစ်လုံးရဲ့ ပြီးပြည့်စုံတဲ့ အစိတ်အပိုင်းတွေက ထူးထူးခြားခြား ဆွဲဆောင်မှုရှိပြီဆိုတာ သေချာနေပါတယ်။ Flyback Chronograph Manufacture ကိုကြိုက်နှစ်သက်သူတွေကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီဇိုင်းတစ်ခုကို တွေ့ရပြီလို့ ပြောရလောက်တဲ့ နာရီပဲဖြစ်တယ်။ Frederique Constant ကနာရီတွေဟာ အရည်အသွေးမြင့်မားပြီး ထူးခြားတဲ့ လက္ခဏာရပ်တွေနဲ့ ပြည့်စုံတဲ့ ဒီဇိုင်းတွေကို ထုတ်လုပ်နေတာမို့ အရည်အသွေးခိုင်မာမှုမှာ အာမခံနိုင်ပါတယ်။ Frederique Constant ကနာရီတိုင်းဟာ ခေတ်မီကိရိယာတွေကို အသုံးပြုထားပြီး အရည်အသွေးကို သက်တမ်းရှည်ကြာ စေ့စပ်စစ် ဆေးမှုတွေလုပ်ပြီးမှ ဆန်းသစ်တီထွင်တာဖြစ်လို့ ကမ္ဘာပေါ်က နာရီစုဆောင်းသူတို့ ဂုဏ်ယူစွာနဲ့ စုဆောင်းကြတဲ့ နာရီထဲမှာ ပါဝင်ပါတယ်။

AdvertorialfashionFrederique ConstantLUSH AdvertorialLUSH DAILYLUSH Magazine MyanmarLUSH March 2020
1
Facebook Twitter Google + Pinterest
Maeve

previous post
Runway ပေါ်က Makeup Looks များနဲ့ Editorials
next post
Voice to the Voiceless

Recommended

ပြောင်းလဲလာတဲ့ Plastic Surgery ရေစီးကြောင်းများ 

July 26, 2019

Mötley Crüe အကြောင်းရုပ်ရှင် The Dirt

March 21, 2019

လူအများစိတ်ဝင်စားမှုကို ခံနေရတဲ့ တကယ့်လူမဟုတ်တဲ့ CG မော်ဒယ်လေး Imma

January 23, 2019

Pronovias နဲ့ Ashley Graham တို့ပူးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ Plus Size...

January 8, 2020

Digital Ageing – Solution to blue light effect

June 12, 2020

Selpink in your area

August 28, 2020

Hold your horses it’s not Halloween!

June 18, 2020

အိုဘားမားတို့ဇနီးမောင်နှံဆီကနေ Appreciate လုပ်ခံရတဲ့ Maggie Rogers

October 10, 2019

Bringing in bright colours

May 29, 2020

L’Oreal Paris Red Carpet (၆) နှစ်ပြည့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

July 8, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem