Sorceresses of Fashion
အခုဆိုရင်ကျွန်မတို့ နေ့စဉ်လုပ်ဆောင်မှုတွေမှာ Fashion ဆိုတဲ့ ကဏ္ဍကသိပ်ကိုအရေးပါလို့ လာတာတွေ့ ရပါတယ်။ကျယ်ပြန့် တဲ့ Fashion Industry ကြီးကနေ ပြောင်းလဲနေတဲ့ အရာတွေကို လည်းသိဖို့ လို ပါတယ်။ Fashion brand ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဝတ်အစား ၊ ဖိနပ် ၊ အိတ် နဲ့ အခြားအသုံးအဆောင်တွေအပြင် Beauty Product တွေပါ ပါဝင်နေသလို ဒါတွေ အားလုံးက အမျိုးသမီးတွေကို သာမက အမျိုးသားတွေကို ပါလွှမ်းမိုးလာတာတွေ့ ရပါတယ်။ ဒီလိုလွှမ်းမိုးမှုပေးနိုင်တဲ့ Fashion ပညာရှင်တွေမှာဘာကြောင့် အမျိုးသားဦးရေပို များနေရတာလဲ ….တကယ်တမ်းအလှအပရေးရာကမိန်းကလေးတွေအတွက်ပိုအရေးပါပါတယ်။ဒါကိုဖန်တီးပေးနေတဲ့  ပညာရှင်တွေကဘာကြောင့်အ မျိုးသားဦးရေပို များနေရတာလဲဆိုတဲ့ အပေါ်ကိုတွေးကြည့်သင့်ပါတယ်…….Lady First ဆိုတဲ့စကားရဲ့ အနောက်မှာ ကျွန်မတို့ မိန်းမတွေကဦးစားပေးခံရသလိုနဲ့ အနောက်တွန်းပို့နေသလိုဖြစ်လာပါတယ်။ ကျွန်မတို့ မိဘတွေခေတ်နဲ့ အခုတိုးတက်နေပြီဖြစ်တဲ့ အခြေအနေ နှစ်ခုကမတုညီနိင်ပါဘူး။ ဦးစားပေးတာခံရတာက ပျော့ညံ့ တယ်လို့ သတ်မှတ်ခံရတာနဲ့ တူတယ်လို့ တွေးလာတဲ့ အခါ ကျွန်မတို့ မိန်းမတွေတတ်နိုင်သမျှ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်းလာနိုင်တာ ရာစုနှစ်တစ်ခုရှိနေပါပြီ။
အခန်းကဏ္ဍအ မျိုးမျိုးမှာပါဝင်လုပ်ကိုင်နေပေမဲ့ယနေ့ အထိတန်းတူအခွင့်အရေးမရနိုင်တဲ့ အပိုင်းတွေအများကြီးပါ။ အဲ့လို Gender Equality အတွက်အမျိုးသမီးတွေ ကနည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ခဲ့ ပြီးပါပြီ။ Fashion ပိုင်းမှာလည်း အလားတူနည်းလမ်းမျိုးစုံဖြစ်လို့ နေပါတယ်။ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ CHANEL ရဲ့ အမျိုးသား ဒီဇိုင်နာ Karl Lagerfeld ဖန်တီးတဲ့  2015 Spring Show အကျင်္ီတွေမှာ Lady First , History is her story စတဲ့ စကားလုံးတွေကို ရိုက်ပြီး Model တွေကို ဝတ်ဆင်ပေးခဲ့ ပါတယ်။ဒီလုပ်ရပ်ကြောင့်အမျိုးသမီးတွေအပေါ် သူတကယ်ရပ်တည်ပေးနေတာဟုတ်မဟုတ် သံသယဖြစ်ခဲ့ကြပါတယ်။
အမျိုးသား ဒီဇိုင်နာအများစုရဲ့ ဖန်တီးမှုတွေက အလွန်တရာပြောင်မြောက်ပါတယ်။ဒါပေမဲ့ တချို့အရာတွေမှာ ဝတ်ဆင်ရတဲ့  အမျိုးသမီးတွေအတွက်အဆင်မပြေမှုတွေရှိလာပါတယ်။ကိုယ်တိုင်ဝတ်ဆင်ဖို့ ဖန်တီးတာ မဟုတ်တဲ့ပညာရှင်တွေအနေ နဲ့ တခါတရံ လွဲချော်တာမျိုးပါ။Sexy အရမ်းကျနေတာ မျိုး ၊တင်းကျပ်နေတာမျိုးတွေကြောင့်ဆန့်ကျင်ဘက်ယောင်္ကျားတွေအမြင်မှာ ကြည့်ကောင်းနေပေမဲ့ တကယ်တမ်းဝတ်ဆင်ရတဲ့ မိန်းကလေးအတွက်အဆင် မပြေတာမျိုးပါ။ဒါဆိုလက်တွေ့ ဝတ်ဆင်ခံစားနိုင်တဲ့ အမျိုးသမီးဒီဇိုင်နာတွေကဘာလို့ အနောက်ရောက်နေရတာလဲ ? သို့ပေမယ့်လည်း အမျိုးသားတွေကြီးစိုးနေတဲ့ Fashion သမိုင်းထူးထူးခြားခြားထိုးဖောက်လာတဲ့ အမျိုးသမီးများရှိပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ ဒီလLush issue မှာ ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီး ဒီဇိုင်နာတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
အနောက်ရောက်မနေဘဲကမ္ဘာကျော်အောင် ကြိုးစားဖန်တီးပြခဲ့ တဲ့ CHANEL က Coco Chanel အကြောင်းကိုပထမဦးဆုံးပြောပြပေးချင်ပါတယ်။ပြင်သစ်ဒီဇိုင်နာ Cocoကအမျိုးသမီးတွေကြားလွှမ်းမိုး နိုင်တဲ့ Chanel Tweed Suit ကို ဖန်တီးချပြခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းအနေန့ဲဦးထုပ်ဆိုင်ဖွင့်ကာ နောက်ဆက်တွဲ အနေနဲ့ Chanel အမည်ဖြင့်ရိုးရှင်းတဲ့Sportwearတွေကိုစတင်ထုတ်လုပ်ခဲ့ ပါတယ်။ဆွဲ ဆောင်မှုရှိပြီး သက်သောင့်သက်သာဖြစ်စေတဲ့ သိုးမွှေး ဆွယ်တာက မပြည့်စုံတဲ့အမျိုးသမီးလေးတွေအတွက်ရည်ရွယ်ပြီးဖန်တီးခဲ့ တဲ့ Chanel ရဲ့ ဆိုစကားက “Luxury ဖြစ်တဲ့ အဝတ်အစားတွေကသက်သောင့်သက်သာ ဖြစ်စေတယ်။ဒီဆွယ်တာကတော့ ဝတ်ရတာပေါ့ပါးစေပေမဲ့ Luxury မဟုတ်ပါဘူးလို့ ဆိုခဲ့ ပါတယ်။ “ Chanel ရဲ့ အဝတ်အစားဒီဇိုင်းတွေကဆိုရင် သက်သောင့် သက်သာဖြစ်စေပြီးဝတ်ဆင်ရတာပေါ့ ပါးတဲ့ အတွက် အထက်တန်းစားအမျိုးသမီးတွေကြားမှာပါရေပန်းစားလာပါတယ်။Chanel Suit စတင်ဖြစ်ပေါ်လာပုံကတော့ သူမရဲ့ အရင်းနှီးဆုံးယောင်္ကျားလေး စစ်ဗိုလ်သူငယ်ချင်းရဲ့ ဝတ်စုံ ကုတ်ကို ခဏငှားရမ်းရာမှ အတွေးပေါ်လာပြီး Chanel Tweed Suit ကိုဖန်တီးဖြစ်ခဲ့ တာပါ။
နုးညံ့တဲ့ ချည်သားဝတ်စုံကို အထူးပြုပြီး မိန်းကလေးတွေအတွက်ဖန်တီးဖို့ အကြံရခဲ့ တာကတော့ ၁၉၄၂ ခုနစ်လောက်ကပါ။ Magazine Cover တစ်ခုကနေ သူမရဲ့ Tweed suit က မီးတောက်တစ်ခု လို မိန်းမထုအကြား ကျော်ကြားခဲ့ ပါတယ်။ပုံမှန်မဟုတ်ဘဲအထပ်ထပ်ရစ်နှောင်ထားတဲ့ ချည်တွေကြောင့်လေးလံတဲ့ အပြင်တကယ်ကို High Fashion တစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းပိုမိုပေါ့ပါးပြီးအထက်တန်းကျစေဖို့ သိုးမွှေး ၊ ပိုးချည် စတာတွေနဲ့  ပါပြောင်းလဲ ချုပ်လုပ်ဖန်တီးခဲ့ ပါတယ်။တကယ်ကို လူကြိုက်များပြီး Classic & Iconic ဖြစ်တဲ့ ဒီဝတ်စုံကတော့လူတန်းစားမရွေးသ ဘောကျနှစ်သက်ပြီးယနေ့တိုင် အောင်မြင်ဆဲ ပါ။ Tweed Suit နဲ့ အတူ CoCo က Mademoiselle Chanel ဆိုတဲ့ ရေမွှေးကိုလည်းထုတ်လုပ်ခဲ့ ပါတယ်။ဒီပစ္စည်းနှစ်မျိုးကတော့ အမျိုးသမီးထုအကြား ရေပန်းစားခဲ့ ပြီး Coco ကိုမှတ်တိုင်တစ်ခုထူစေနိုင်ခဲ့ တဲ့ အရာပါ။ထိုရာစုနှစ်ဝန်းကျင်လောက်ကရှုပ်ထွေးနေတဲ့ Fashion ကိုပြောင်းလဲကာ ရှင်းလင်းပြီး Classic ဆန်ဆန်ဖန်တီးခဲ့ တဲ့ အတွက်တကယ်ကိုအောင်မြင်ခဲ့ တဲ့ ဝတ်စုံလေးပါ။
ဒါ့အပြင်The Little Black Dress လို့ ခေါ်တဲ့ အနက်ရောင်ဂါဝန်လေး ကလည်း Chanelရဲ့ နောက်ထပ်အထင်ကရတစ်ခုပါ။ ၁၉၂၆ ဝန်းကျင်လောက်မှာCoCo က မိန်းကလေးတိုင်းဘယ်နေရာမှာမဆို ဝတ်ဆင်နိုင်တဲ့အနက်ရောင်ချစ်စရာဂါဝန်လေးလို့ ဆိုကာဖန်တီးခဲ့ တာပါ။တကယ်လည်းသူ့ ဖန်တီးမှုနောက်မှာ အနက်ရောင်ဂါဝန်တိုဒီဇိုင်းမျိုးစုံကို ရာစုနှစ်တိုင်းမှာတွေ့ လာရပါတယ်။ Little Black Dress လေးရဲ့ Concept တစ်ခုလုံးကို CoCo ပုံဖော်ခဲ့တာမဟုတ်ပေမဲ့ ၁၉၂၆ မှာAmerican Vogue Magazine ရဲ့ ချပြမှုကြောင့် CoCo Chanel ဖန်တီးခဲ့ တဲ့ အနက်ရောင်ဂါဝန်ကလူထုအကြားကျော်ကြားခဲ့ တာပါ။၁၉၂၆ နောက်ပိုင်း ၂၀ရာစုတစ်လျှောက်လုံး အနက်ရောင်လက်အကျပ် လက်ရှည် ဂါဝန်ကို ပုလဲနဲ့ တွဲဖက်ဝတ်ဆင်တဲ့ Fashion ခေတ်စားခဲ့ ပြီး ၃၀ရာစုမှာတော့ ထိုကဲ့ သို့ မတူညီတဲ့ အနက်ရောင်ဝတ်စုံမျိုးစုံကို လက်အိတ်တွေအပြင်ဆန်းပြားတဲ့ ပခုံးပုံစံနဲ အတူ Pencil-skirtကဲ့ သို့ တစ်ဆက်တည်းဒီဇိုင်း တို့  ကို ပါ့ ဖန်းဝတ်ဆင်ခဲ့ကြပါတယ်။၁၉၄၀ နောက်ပိုင်းမှာတော့ လေးထောင့်ကျကျပခုံးနဲ့ အတူ Skirt အရှည်သဏ္ဍန်ထင်ရတဲ့တွဲဆက်ဂါဝန်စတဲ့ ဒီဇိုင်းအသစ်တွေကိုပညာရှင်တွေက အပြိုင်ဖန်တီးခဲ့ ကြပါတယ်။ဒါကတော့ ၂၀ ရာစုလောက်က CoCo Chanel ရဲ့ ဖန်တီးမှုကိုခေတ်အလိုက် ဆက်လက်ပုံဖော်ဖန်တီးခဲ့ ကြတာပါ။
အံ့ သြစရာကောင်းလောက်အောင်ရာစုနှစ်တိုင်းမှာပျောက်ကွယ်မသွားဘဲ ယနေ့တိုင် ဝတ်ဆင်နေကြဆဲပါ။ပုံစံဒီဇိုင်းမျိုးစုံနဲ့တွေ့ ရတဲ့Little Black Dress လေးကတော့ CoCo Chanel ရဲ့ အောင်မြင်မှုတွေထဲ ကတစ်ခုပါ။၁၉၇၁ မှာသူမကွယ်လွန်ခဲ့ ပြီး နောက်ပိုင်း Chanel တံဆိပ်ရဲ့ဖန်တီးသူ ပညာရှင်တွေြေ့ပာင်းလဲ ခဲ့ ပြီး၁၉၈၃ မှာတော့ Chief Designer Karl Lagerfeld ကChanel ကို ဆက်လက်ပြီး စီမံခဲ့ ပါတယ်။တခြားသောအသစ်သစ်ဒီဇိုင်းတွေကို့ မြင်နိုင်တဲ့ အပြင် Karl Lagerfeld ရဲ့ဖြည့်စွက်ဖန်တီးမှုနဲ့ CoCo Tweed Suit ကိုလည်းတွေ့ မြင်နိုင်ပါသေးတယ်။Fashion လောကကိုရောက်မှန်းမသိရောက်လာခဲ့တဲ့ CoCo ရဲ့ အမျိုးသမီးများလိုအပ်နေတဲ့ Fashion ကို လိမ္မာပါးနက်စွာဖန်တီးနိုင်မှု ၊ ရဲ့ ဝံ့ တဲ့ စိတ်ဓါတ်နဲ့ ဘဝရည်မှန်းချက် နဲ့အတူ သူမဘဝရဲ့ အနိမ့် အမြင့်အတက်အကျ စတာတွေ ကို စာအုပ်သာမက ဇာတ်လမ်းတစ်ခုအဖြင့် ပြန်လည် ပုံဖော်ဂုဏ်ပြုကြတာတွေ့ ရပါတယ်။တကယ်လည်းချီးကျူးဂုဏ်ပြုထိုက်တဲ့ လေးစားစရာစိတ်ဓါတ်နဲ့ အ မျိုးသမီးပါ။ယောင်္ကျားလေးဖန်တီးရှင်တွေအကြားရဲ ရဲဝံ့ ဝံ့ အမျိုးသမီးတွေအတွက် ကြိုးစားပုံဖော်ခဲ့ သူပါ။
နောက်ထပ်ပညာရှင်ကတော့ ၁၉၄၈ ခုနစ်အောက်တိုဘာလ က New York မြို့တော်ရှိ Forest Hill မှာမွေးဖွားခဲ့ တဲ့ Donna Karan ပဲ ဖြစ်ပါတယ်။ သူမကတော့Fashion လောကမှာ တကယ်ကို စွမ်းရည်ပြည့်ဝတဲ့ ပညာရှင်တစ်ယောက်ပါ။၁၉၆၈ မှာFashion လောကထဲ စဝင်ခဲ့ တဲ့ သူမက New York မြို့ ရဲ့မြို့ နေလုတန်းစားအများစု အဝတ်အစားတွေမှာ သူမဖန်တီးမှုတွေ လွှမ်းမိုးလို့ နေပါတယ်။New York မြို့ရဲ Parsons School Of့ Design ကျောင်းကို ၂ နှစ်တက်ရောက်ခဲ့ ပြီး ၂ နှစ်အတွင်းမှာ သူမရဲ့ Designer တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကို တားလို့ မရခဲ့ ပါဘူး။ဒါကြောင့် Anne Klein လက်ထောက်လုပ်ရင်းအသက် ၂၆ နှစ်မှာ Head Designer Mark Karan နဲ့ လက်ထပ်ဖြစ်ခဲ့ ပါတယ်။ Anne Klein နဲ့ဆတ်ဆံရေးအဆင်မပြေမှု ကြောင့်ထွက်လာခဲ့ တဲ့ Karan ဟာ ၁၉၈၄ ခုနှစ်မှာ သူမအမျိုးသားနဲ့ လည်းအဆင်မပြေဖြစ်ကာ ကွာရှင်းခဲ့ ပါတယ်။ကိုယ့်လမ်းကိုယ်ဖောက်ပြီးကိုယ်ပိုင် Design အတွက်ကြိုးစားရင်း ပန်းချီနဲ့ ကျောက်ပန်းနံရံ ပညာရှင် Stephan Weiss နဲ့ ထပ်မံလက်ထပ်ခဲ့ပါတယ်။သူကတော့ သူမအတွက်အရမ်းကို နာလည်ပေးနိုင်ပြီး အကူအညီလည်းပေးနိုင်သူပါ။သူအမျိုးသားနဲ့ သူစီစဉ်ထားတဲ့ အတိုင်း Mission တစ်ခုကို ၁၉၈၅ မှာအကောင်အထည်ဖော်ခဲ့ ပါတယ်။အဲ့တာကတော့ ’“Design Modern For Modern People” ဆိုတဲ့ Women Collection ပါ။အမျိုးသမီးတွေအလုပ်ခွင်ဝင်တဲ့အခါတသတ်မှတ်တည်းဝတ်စုံ ဖြစ်စေဖို့ Two piece Suit ကိုဖန်တီးပုံဖော်ခဲ့ ပါတယ်။
ကိုယ်ကျပ် Two piece suit ကဆိုရင် လိင်ပိုင်းဆိုင်ရာဆွဲဆောင်ဖို့ ရည်ရွယ်တာမဟုတ်ပဲ ဝတ်ဆင်သူအနေနဲ့ အလုပ်အပေါ်ကိုလုံးဝအလေးထားပြီး အာရုံစိုက်မှုအပြည့်ရှိကြောင်းဖော်ပြချင်တာမျိုးပါ။ဒါအပြင်ထိုဝတ်စုံနဲ့ Smart ကျနေတဲ့ အလုပ်ခွင်ကအ မျိုးသမီးတွေက Sneaker နဲ့တွဲဖက်ဝတ်ဆင်တယ်ဆိုရင်တော့ မကိုက်ညီတာဖြစ်စေမှာမို့  Sneaker တွေအစား ပိုပြီး ကျက်သရေရှိတဲ့ ခြေလှမ်းတွေဖြစ်ဖို့ Heels တွေကိုရွေးချယ်သင့်ကြောင်းထပ်မံ ပြောပြခဲ့ ပါတယ်။ 90s မှာတော့ အလုပ်ခွင်ပြင်ပတွေမှာလည်း Karan ရဲ့ Two piece suit ကိုဝတ်ဆင်လာကြတာတွေ့ ရပါတယ်။ အမျိုးသမီးထု အတွက်ရပ်တည်ပေးပြီးစဉ်းစားပေးခဲ့ တဲ့ Karan ရဲ့ သပ်ရပ်တဲ့ Workwear Suit ကဆိုရင် ယနေ့ခေတ်တိုင် ဝတ်ဆင်နေကြဆဲပါ။သူမရဲ့ easy seven pieces ( အဝတ်အစား၇ခုပါဝင်)line ဆိုရင် fashion industry ကြီးကို လုံးဝ ပြောင်းလဲစေပြီး အမျိုးသမီးတွေအတွက် အခုထက်ထိခွန့်အားပေးနေတုန်းပါ။ Seven pieces ထဲတွင် tights, bodysuit, white shirt, a versatile trousers, cashmere sweater, tailored jacket, skirt တို့ပါဝင်ပြီး အမျိုးသမီးတွေကို လွယ်လွယ်ကူကူနဲ့ ဝတ်စုံ အစုံအလင်ရရှိစေပါတယ်။
အခုထပ်ထိလည်း အမျိုးသမီးတွေမှာ ဒီ 7 pieces ကို အခြေခံပြီး အဝတ်အစားဝယ်နေတုန်းပါ။ဒီလို ဖြစ်လာဖို့ အတွက်Karan က ချက်ချင်း အရည်အ ချင်းပြည့်ဝတဲ့ အလုပ်သမားဦးရေတိုးကာ အချိန်မှီ အကောင်းဆုံးဖန်တီး နိုင်ခဲ့ တာပါ။ဒါကလည်းသူ့ အမျိုးသားရဲ့ အကူအညီတွေအများကြီးပါဝင်ပါတယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် Karan ရဲ့Menswear Collectionကလည်းသူမအမျိုးသားရဲ့ ကြိုးစားအားထုတ်မှု လွှမ်းမိုး မှုတွေပါတယ်လို့ သိရပါတယ်။Karan Collection တွေကိုလူကြိုက်များတဲ့ အပြင် ၁၉၉၂ ကထုတ်လုပ်ခဲ့ တဲ့ Perfume ကလည်း လူအများကိုဆွဲ ဆောင်နိုင်ခဲ့ ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်ရသက်သောင့်သက်သာ ဖြစ်ဖို့ ရည်ရွယ်တာမို့  Karan ရဲ့Collection တွေကလူကြိုက်များခဲ့ တာဖြစ်ပြီး ၁၉၈၈ မှာလည့်း ရိုးရှင်းတဲ့ Fashion Line တစ်ခုကိုလူတိုင်းလက်ခံနိုင်ဖို့ ရည်ရွယ်ကာထုတ်ခဲ့ပါတယ်။အဲ့တာကလည်းရိုးရှင်းပြီး သူမဖန်တီးနေကြစတိုင်မျိုးပါပဲ။DKNY ဆိုတဲ့Brand ကတော့၁၉၉၀ မှာ Karan ရဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး လူငယ်ပိုင်းအတွက် jean တွေထုတ်လုပ်ခဲ့ တာဖြစ်ပြီး နောက် ၂ နှစ်အကြာမှာတော့ DKNY For Man ကိုလည်းထုတ်ခဲ့ပါတယ်။
တကယ်တမ်းလက်တွေ့မှာအဝတ်အစားဆို တာဝတ်ဆင်သူအတွက်သက်သောင့်သက်သာရှိဖို့ လိုတယ်ဆိုတဲ့ စကားအတိုင်းဝတ်ဆင်သူတွေအပေါ်တွေးပေးကာဖန်တီးခဲ့ တာမို့ လူအများသဘောကျနှစ်သက်တဲ့ Brand တစ်ခုဖြစ်လာတဲ့ အပြင်ဆုတွေလည်းရခဲ့ ပါတယ်။ ၂၀၀၁ မှာဘဲ Karan ကသူမရဲ့ Company ကို LVMH (Moet Hennessy Louis Vuitton ) သို့ ရောင်းချခဲ့ပါတယ်။၂၀၀၄ မှာ The Journey of A Woman စာအုပ်ကိုသူမကိုယ်တိုင်ရေးသားထုတ်ဝေခဲ့ပါသေးတယ်။ ဒီလိုနဲ့  ရပ်တည်နေတဲ့ Karan ရဲ့ အရည်အချင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုတွေကို လက်ခံရရှိပြီးနောက်သူရဲ့ အတွေးတွေက ပြန်လည်ပြောင်းလဲလာခဲ့ပါတယ်။၂၀၁၅ မှာတော့ Uber Zen အမည်ကိုယ်ပိုင် Brand တစ်ခုကို ပြန်လည်ရင်းနှီးမြှုပ်နှံ ခဲ့ ပြီး အဲဒီ Brand ကနေ Lifestyle productတွေကိုရနိင်ပါတယ်။
ဒီထဲမှာ အမျိုးသမီးနှစ်ဦးကိုပဲ ဖော်ပြထားပါတယ်။ အခြားဒီဇိုင်းနာအများကြီးရှိပါသေးတယ်။ သတိထားရမဲ့ အချက်ကတော့ ဒီအမျိုးသမီးနှစ်ဦးမှာ အမျိုးသမီးတွေနေ့စဉ်ဝတ်စားပုံကို ပြောင်းလဲပေးခဲ့တာပါ။ ဒါတွေကလည်း သူတို့ကိုယ်တိုင် နေ့စဉ်လှုပ်ရှားလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေမို့လို့ပါ။အမျိုးသမီးတွေက အိမ်မက်ဆန်ဆန်လှချင်ပေမယ့်လည်း နေ့စဉ်မှာလည်း လှပြီး comfortable ဖြစ်ချင်ကြပါတယ်။ ဒီလိုပြောတာ ယော်ကျားတွေမလိုဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။ Coco Chanel နဲ့ Donna Karan တို့ရဲ့ iconic creations တွေတိုင်းမှာ သူတို့ရဲ့ ဘဝထဲက အရေးကြီးတဲ့ အမျိုးသားတွေရဲ့ အကူအညီကိုတွေ့ရပါတယ်။ Lush ရဲ့ တိုက်တွန်းချင်တာကတော့ fashion industry မှာ အမျိုးသမီး ဒီဇိုင်းနာတွေကို အားပေးအားမြှောက်ပေးဖို့ပါ။ သူတို့တွေက fashion world အတွက်အရမ်းအရေးပါလို့ပါ။
(English Version)
Fashion is becoming an important aspect in our daily lives and it is important to keep a tab of what’s happening in the ever-changing fashion industry. Under the title of a fashion brand, there are clothes, shoes, bags, accessories and even beauty products and they are influential not only to women but men too. However, many of the fashion creators for women are mostly men and it’s something for us to think about. “Lady first” seems like giving a special privilege to women but also pushing them further back. Things are different between our parents’ time and ours. Nowadays, some start to assume that being given special treatment is a sign of weakness and women are striving to compete equally with men.
Women are involved in many sectors and industries but we are yet to be treated equally in all areas. Therefore, women have been fighting for gender equality in many ways. In Fashion, we are also seeing this fight for equality. World-renowned brand Chanel showcased the T-shirt with words such as Lady First and History is her story on 2015 Spring Show. However, some women were rather skeptical of the action by Chanel’s male designer Karl Lagerfeld on whether it is genuine or a gimmick.
The creations by men designers are truly exceptional. However, there are times when clothes are not suitable or comfortable to wear for real women. Certain sexy and tight dresses will be nice to look at but extremely uncomfortable for the wearers. Then why is it that female designers who can actually design what they will be wearing are still far behind? Looking back in history, we have female designers who have changed the course for women in the male dominant Fashion Industry. This is why for this month Lush issue, we are featuring the exceptional women designers.
We will start with the creator of Chanel Tweed Suit; Coco Chanel. She became well known internationally in the time when women were always one step behind. She started out by selling hats and opening a sportswear brand. She created an easy-wearing sweater and twinsets with jersey for everyday girls who could not afford high luxury clothes. She famously said, “Luxury must be comfortable, otherwise it is not luxury.” However, she stated that this jersey sweater was not necessarily considered as a luxury.
As her clothing designs are comfortable but fashionable for the wearer, they became popular among ladies from high society. After borrowing her close friend’s army jacket, it inspired her to create Chanel Tweed Suit. The idea to create a suit with the soft fabric for women came about in 1942. Through a magazine cover, her Tweed suit was a roaring success among women. It was High fashion clothes with its layers of woven material making the suit heavy. Later on, lighter materials such as wool and silk were used to create the suit. It is definitely a classic and iconic piece which is still successful up to today. Along with the tweed suit, she released Mademoiselle Chanel perfume which put her firmly amongst the women as the brand to go for. In the times of complicated and heavy dresses, Chanel changed it into a classic but simple creation for women. Another creation of hers was the famous little black dress.
In 1926, Chanel created a black dress woman can wear for every occasion. The term “Little Black Dress” was coined by American Vogue magazine and became famous among people. For the rest of the 1920s, black dress with tight sleeve and a string of pearl necklace became a fashionable trend for women. In the 30s, the black dress had interesting shoulder pads and pencil-skirt shape while being paired with gloves. In the 40s, the dress was transformed into squarish shape in the shoulder area with a long flowy skirt which was created by many designers of the time. The creation that Chanel made in the 20s is still being reincarnated to many forms with the same concept till now. After she passed away in 1971, there were many who took over but in 1983, Chief Designer Karl Lagerfeld took over Chanel till today.
He created many new designs for Chanel but you could also see his reinvention of Coco Tweed Suit as well. Chanel’s entry to the Fashion world was unplanned but she created what women need with her creativity, tenacity, and dedication. Her colorful life with its up and down are captured in books and screens for the intrigued audience as well. She was definitely a woman designer to be reckoned with among all the male designers of her time.
Another fashion designer is Donna Karan, born 1948 at Forest Hill in New York City. She is also one of the geniuses in the fashion world. Her city of New York is still under her fashion influence since her entry in 1968 to the fashion world. She studied in Parsons School of Design and became an assistant to Anne Klein. She met and married her husband, Mark Karan around that time at the age of 28. After having difficulties with Anne Klein, she left the company. She was also facing the failure of her marriage and went through a divorce in 1984. Despite setbacks, she bounced back to start designing clothes on her own and she met artist Stephan Weiss whom she married.
He was incredibly supportive of her and in 1985, she started the women collection, “Design Modern for Modern People” that she planned together with him. It was a sort of working uniform for working women. Despite its tight structure, the aim of the suit is not to look sexy but to empower women by looking sharp. She added that women should choose heels instead of sneakers to pair with their suits. Women started wearing her suits outside work as well. Her seven easy pieces line (which include seven pieces of clothing items) changed the fashion industry and empowered women ever since. The seven pieces include a pair of tights, a bodysuit, the classic white shirt, a pair of versatile trousers, a cashmere sweater, a tailored jacket, and a skirt. It gave women easy and affordable access to the entire wardrobe.
Many women are still curating their wardrobe today with Karan’s “Seven Pieces” mantra. One of the reasons for her success was to increase the number of workers quickly once her clothes were successful. Her husband was very instrumental in that part. You could see his help in her Menswear Collection as well. Her Karan Collection was successful with many and her perfume in 1992 was also popular. In 1988, she released her fashion line with simple designs for everyone. Her DKNY brand in 1990 which sells jeans to the younger buyers was one of the milestones for her. She followed up with DKNY for Men two years later. Her clothes were a hit among people and she also acquired many awards for her designs. She sold her company to LVMH in 2001 and released her book “The Journey of a woman” in 2004. She is back to the creative world in 2015 with her own brand “Uber Zen” which sells Lifestyle product.
We featured only of these two women here and there are many more. One major thing to notice is that these two women changed the way women wear clothes for daily lives. This was because they are also real women who were working and going about their daily lives. It is nice to wear dreamy, glamorous clothes but we also want to look good in daily lives. This is not to say men are not needed in the fashion industry. You will note that the two ladies made many of their iconic creation with the help of men in their lives. What we would like is to urge the fashion industry to promote and encourage female designers because they too are influential and instrumental to the fashion world.